Sunday, October 25, 2015

မြန်မာ့ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင်စစ်တပ်ဗိုလ်ချုပ်ဟောင်းကြီးများ ချုပ်ကိုင်ထားကြောင်း အစီရင်ခံစာတစ်စောင် ထွက်ရှိလာ *********************************************************

မြန်မာ့ကျောက်စိမ်းထုတ်လုပ်ရေးလုပ်ငန်းကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအပါအဝင်စစ်တပ်ဗိုလ်ချုပ်ဟောင်းကြီးများ ချုပ်ကိုင်ထားကြောင်း အစီရင်ခံစာတစ်စောင် ထွက်ရှိလာ
*********************************************************

စိုးချစ်ချစ်ပိုင် ၊ ရန်ကုန်၊ အောက်တိုဘာ ၂၃

မြန်မာ နိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် တန်ဖိုးငွေမှာ ဒေါ်လာ ၃၁ဘီလီယံရှိပြီး ယင်းကို စစ်တပ်အသိုင်းအဝိုင်းများ၊ မူး ယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများမှထိန်း ချုပ်ထားကြောင်း Global Witness ၏ ကျောက်စိမ်း-မြန်မာနိုင်ငံ၏ နိုင်ငံတော် လျှို့ဝှက်ချက်ကြီးအမည်ဖြင့် အစီရင်ခံစာ အသစ်တွင် ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာကို Global Witness ၏ ၁၂လကြာ သုတေသနပြု လုပ်ချက်အရ အောက်တိုဘာ၂၃ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Global Witness ၏လေ့လာ သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ကျောက် စိမ်းထုတ်လုပ်မှုသည်၂ဝ၁၄ခုနှစ်တစ်နှစ် တည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ဘီ လီယံအထိများပြားပြီး ယင်းကိန်းဂဏန်း မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး GDP ၏ တစ်ဝက် နီးပါးရှိနေပြီး လက်ရှိအသုံးပြုနေသော ကျန်းမာရေးအသုံးစရိတ်ထက် ၄၆ဆခန့် ရှိနေသည်ဟုဆိုပါသည်။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် အာဏာရပါတီမှထိပ် ပိုင်းခေါင်းဆောင်များဖြစ်သည့် ကချင်ပြည် နယ်၏ တိုင်းမှူးဟောင်းနှင့် ပြည်ထောင်စု ဝန်ကြီးဖြစ်သူဦးအုန်းမြင့်၊ ပြည်ခိုင်ဖြိုးပါ တီ၏ အထွေထွေအတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၊ လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်မှူးချုပ် ဟောင်းဦးဘုန်းဆွေနှင့် ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်ဝန်ကြီးဌာန ဒုဝန်ကြီး၊ ဗိုလ်ချုပ်ဟောင်း ကာကွယ်ရေး ဝန်ကြီးဌာနတွင် ကာကွယ်ရေးပစ္စည်းဝယ် ယူရေးဌာန၏ ညွှန်ကြားရေးမှူးဟောင်း ဖြစ်သူဦးဝင်းသန်းတို့မှ ကျောက်စိမ်းအ ရောင်းအဝယ်ပြုလုပ်မှုမှ ငွေအမြောက်အ မြားရရှိနေပြီဖြစ်ကြောင်း အဆိုပါအစီရင်ခံ စာတွင် ထည့်သွင်းဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဦး မောင်မောင်သိမ်းနှင့် ဦးအုန်းမြင့်တို့၏မိသားစုများမှာ လုပ်ပိုင်ခွင့်များကိုချုပ်ကိုင် ကာ ၂ဝ၁၄ ခုနှစ် အစိုးရတရားဝင်ကျောက် စိမ်းအရောင်းပြပွဲတွင် ¤င်းတို့အားလုံးအခွန်မ ဆောင်မီရောင်းချငွေမှာ ဒေါ်လာသန်း၂၂ဝ ရရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ် အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ ၆၇ သန်းခန့်ရရှိခဲ့ ကြောင်းဖော်ပြထားသည်။

ထို့ပြင် အမေရိကန်အစိုးရက ဒေါ်လာနှစ်သန်း ဆုကြေးငွေထုတ်ခြင်း ခံထားရသူတစ်ဦးဖြစ်သည့် မူးယစ်ရာဇာ တစ်ဦးဖြစ်သည့်ဝေဆူးကျန်၏ ကျောက်စိမ်း လုပ်ငန်းကို လျှို့ဝှက်စွာလုပ်ဆောင်ပေးနေ သောကုမ္ပဏီငါးခုမှ ၂ဝ၁၃နှင့်၂ဝ၁၄ခုနှစ် ကျောက်မျက်ရတနာ အရောင်းပြပွဲများ တွင် အခွန်မဆောင်မီတန်ဖိုး ဒေါ်လာသန်း ၁ဝဝရောင်းချခဲ့ကြောင်း အဆိုပါ အစီရင်ခံ စာတွင်ပါရှိသည်။
''ဒီအစီရင်ခံစာမှာနာမည်ဖော် ပြထားတဲ့ လူပုဂ္ဂိုလ်တွေအပေါ်အမေရိကန် က ပိတ်ဆို့ထားတာတွေ သယံဇာတအ ရင်းအမြစ်ထုတ်ယူမှုလုပ်ငန်း ပြုပြင်ပြောင်း လဲရေးတွေမှာ အမေရိကန်ကဦးဆောင် ပါဝင်နေတာတွေက ကျောက်စိမ်းလုပ်ငန်း ကနေ စစ်တပ်၊ ခရိုနီနဲ့ မူးယစ်ရာဇာတွေ ကိုဆွဲထုတ်ဖို့ အမေရိကန်အတွက်ထူးခြား တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးထားသ လိုဖြစ်ပါတယ်''ဟု Global Witness ၏ လေ့လာသုံးသပ်သူ ဂျူမန်ခတ်ဘာကလ
ပြောသည်။

ထို့ပြင် နိုဝင်ဘာရွေးကောက်ပွဲ မှထွက်ရှိလာမည့် အစိုးရသစ်နှင့်ပူးတွဲဆောင် ရွက်သည့်အခါ ယင်းအချက်ကိုအမေရိ ကန်အနေနဲ့ ဦးစားပေးဆောင်ရွက်ရမည် ဟု ¤င်းက ပြောသည်။

Global Witness ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်း ဝယ်ရေးလုပ်ငန်းဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ကြည်ညွန့်အား RFA သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ရှိ မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်းတွင် နိုင်ငံတော်နှင့်အကျိုးတူ လုပ်ကိုင်သော ကုမ္ပဏီ ၃ဝဝ ကျော်နှင့် ပုဂ္ဂလိက ကျောက်မျက်ကုမ္ပဏီ ၅ဝဝ ကျော်ရှိနေသည့်အ တွက် အစီရင်ခံစာပါအတိုင်း တစ်ဦးတစ်ယောက်၊ အုပ်စုတစ်စုက လက်ဝါးကြီးအုပ်ထားသည်ဆိုခြင်း မှာ မဟုတ်မှန်သလို အငြိမ်းစားတပ်မတော်ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် စစ်ဗိုလ်ချုပ် ဟောင်းတချို့ ပါဝင်ပတ်သက်နေသည်ဆိုခြင်းကို လည်း လုံးဝငြင်းဆိုသွားခဲ့သည်။

မြန်မာနိုင်ငံ၏ ကျောက်စိမ်းလုပ်ငန်း အတွက် လိုင်စင်ချထားပေးသည့် စနစ်မှာ အကျင့် ပျက်ခြစားမှုများ ပြုလုပ်ရန်နှင့် ခရိုနီတို့အတွက် အခွင့်အလမ်းဖွင့်ပေးထားသည့်စနစ်ဖြစ်ပြီး အ ဓိက လုပ်ပိုင်ခွင့်ချပေးသည့်နေရာများသည် ကချင် ပြည်နယ် ဖားကန့်မြို့နယ်ရှိ အစိုးရမှထိန်းချုပ်ထား သည့် ဒေသများတွင်ဖြစ်ကာ အင်အားကြီးမား သည့် ပုဂ္ဂိုလ်များနှင့် ရာထူးကြီးကြီး အရာရှိကြီး များနှင့် ချိတ်ဆက်ထားသည့်ကုမ္ပဏီများကို မျက် နှာသာပေးထားသော ဗဟိုမှထိန်းချုပ်သည့်စနစ် ဖြင့် လုပ်ကွက်များကိုချထားပေးသည်ဟု ကျောက် စိမ်းလုပ်ငန်းအသိုင်းအဝိုင်းမှ သုံးသပ်ထားသည်။

#YangonMediaGroup #FlowerNewsJournal



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: