Sunday, October 25, 2015

တရားမဝင်သစ်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ယာဉ်များသိမ်းဆည်းရမိ

တရားမဝင်သစ်ထုတ်လုပ်ရာတွင် အသုံးပြုမည့် ယာဉ်များသိမ်းဆည်းရမိ

နေပြည်တော်၊ အောက်တိုဘာ - ၂၅

တပ်မတော်မှ ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုး
ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုများ လျော့ပါးပပျောက်စေရေးအတွက်
နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက်
မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ချိန်ခန့်တွင် မံစီမြို့နယ်၊ မံသာကျေးရွာနှင့် ပတ်ဝန်း
ကျင်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းဆောင်ရွက်စဉ်
အဆိုပါကျေးရွာအတွင်းမှ တရားမဝင်သစ်တင်ဆောင်ရာတွင် အသုံးပြုမည့်
တုန်ဟုန်း( ၆) ဘီးယာဉ် ၄၉ စီး၊ ဖောက်ရှဲ ( ၆) ဘီးယာဉ် ၂ စီး၊ ယန်းဖောင် (၆) ဘီးယာဉ် ၁၁ စီး၊ သရီးကရောင်း (၆) ဘီးယာဉ် ၁ စီး၊ အက်စ်ဇူး(၆) ဘီးယာဉ် ၂၉ စီး၊ ဒေါင်ဖန်း (၁ဝ) ဘီးယာဉ် ၆ စီးနှင့် အမျိုးအစားစိစစ်ဆဲ (၁ဝ) ဘီးယာဉ်
၂ စီး စုစုပေါင်း ၁ဝဝ စီးတို့အားသိမ်းဆည်းရမိခဲ့သည်။

ဆက်လက်ပြီး တပ်မတော်စစ်ကြောင်းများက မွန်းလွဲ ၂ နာရီချိန်ခန့်တွင်
ဟန်ထက်ကျေးရွာ နှင့် ပတ်ဝန်းကျင်အား နယ်မြေရှင်းလင်းဆောင်ရွက်စဉ်
အဆိုပါကျေးရွာအတွင်းမှ တရားမဝင်သစ်တင်ဆောင်ရာတွင် အသုံးပြုမည့်
သရီးကရောင်း(၆)ဘီးယာဉ် ၅၉ စီး၊ အမျိုးအစား စိစစ်ဆဲ (၁ဝ)ဘီးယာဉ် ၈ စီး၊ တုန်ဟုန်း(၆) ဘီးယာဉ် ၁၄ စီး၊ ယန်းဖောင်(၆)ဘီးယာဉ် ၁၇ စီးနှင့် ဖောက်ရှဲ(၆)ဘီးယာဉ် ၄ စီး စုစုပေါင်း ၁ဝ၂ စီးတို့အားထပ်မံသိမ်းဆည်းရမိသည်။

အဆိုပါသိမ်းဆည်ရမိသော တရားမဝင်သစ်များတင်ဆောင်ရာတွင် အသုံးပြု
မည့် သစ်တင်ယာဉ် စုစုပေါင်း၂ဝ၂ စီးအား တရားဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသတင်းရရှိသည်။



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: