Monday, October 26, 2015

ကချင်ပြည်နယ်အတွင်းရှိ KIA ကျောထောက်နောက်ခံ ပါတီများမှ ပါတီဝင်များမှာ နိုင်ငံရေး အတွေ့အကြုံမရှိသော လူငယ်များနှင့်သာ ဖွဲ့စည်းထားသည်ဟုဆို

ကချင်ပြည်နယ်အတွင်းရှိ KIA ကျောထောက်နောက်ခံ ပါတီများမှ ပါတီဝင်များမှာ နိုင်ငံရေး အတွေ့အကြုံမရှိသော လူငယ်များနှင့်သာ ဖွဲ့စည်းထားသည်ဟုဆို
=======================================
25, October, 2015 By Voice Of Kachin

ကချင်ပြည်နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည့် KIA ကျောထောက်နောက်ခံ ပါတီများဖြစ်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ကရက်ပါတီ၊ ကချင်ဒီမို ကရက်တစ်ပါတီများမှာ ကချင်လူမျိုးများထဲမှ နိုင်ငံရေးအတွေ့အကြုံမရှိသော အစိုးရ၀န်ထမ်း လုပ်ကိုင်ဘူးခြင်းမရှိသော ငယ်ရွယ်သော လူငယ်များဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်ဟု သိရှိရသည်။

ကချင်ပါတီများအနေဖြင့် KIA/KIO ၏ အရှိန်အ၀ါဖြင့် ၎င်းတို့စိုးမိုးထားနိုင်သော ကချင် ဒေသခံများကို နည်းအမျိုးမျိုးဖြင့် ဖိအားပေး မဲဆွယ်ရန်ဆောင်ရွက်လျှက်ရှိကြောင်း ကြားသိရ ပါသည်။ ယခု အာဏာရပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီနှင့် နှိုင်းယှဉ်လိုက်ပါက အဖွဲ့အစည်း အတွင်းရှိ ရွေးကောက်ခံမည့် အမတ်လောင်းများ၏ ကိုယ်ပိုင်အရည်အချင်း နိုင်ငံရေး အတွေ့အကြုံများသည် မိုးနှင့်မြေလို ကွာခြားလျှက်ရှိနေကြောင်း NLD မှ ကချင်ကိုယ်စားလှယ် လောင်းတစ်ဦးက သုံးသပ်ထားပါသည်။

“ကချင်ပြည်နယ်မှာ ကချင်လူမျိုးမှ မဲပေးရမယ်လို့ သတ်မှတ်လို့မရပါဘူး.. ပါတီနဲ့ အရည်အချင်းရှိတဲ့ လုပ်ရည်ကိုင်ရည်နှင့် နိုင်ငံရေးအတွေ့အကြုံ များများရှိသူတွေကို မဲပေးမှသာ ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှာပါ” ဟု မဲဆွယ်စည်းရုံးရေး တစ်ခုတွင် NLD ပါတီဝင်တစ်ဦးက ကချင်ဒေသခံများကို ထောက်ပြပေးခဲ့ပါသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: