Saturday, October 31, 2015

၅၉/(စ) ကိုပြင်လျှင် မြန်မာနိုင်ငံသား မဟုတ်သူတိုင် သမ္မတဖြစ်ခွင့်ရှိနိုင်သည်

၅၉/(စ) ကိုပြင်လျှင် မြန်မာနိုင်ငံသား မဟုတ်သူတိုင် သမ္မတဖြစ်ခွင့်ရှိနိုင်သည်
~~~~~~~~~~~~~~~~~~~
ရွေးကောက်ပွဲမှာ NLD ပါတီ ပါတီမှအနိုင်ရခဲ့လို့ သူ့မအနေနဲ့ သမ္မတ မဖြစ်ခဲ့ရင်တောင် အစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြေားကြားသွားပါသည်။
ဒီမိုကရေစီ စနစ်မှာ သမ္မတ ကပဲဦးဆောင်တယ်လို့ နားလယ်ထားတယ် သမ္မတ မဟုတ်သောသူက အစိုးရအဖွဲ့ကိုကျိုးကိုင် ဦးဆောင်မည် ဆိုသော ဒီမိုကရေစီ သည် မည်သို့သော် ဒီမိုကရေစီပါနည်း?
ဒီမိုကရေစီစနစ်ကို အမှန်တကယ် လေးစားတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဒီစကားမျိုးမပြေားသင့်ပါ ဟု ယူဆပါသည် ။
ဒေါ်အောင်ဆန်းစုကြည်သည် အသက်ကြီးလာ၍လားမသိ ၂၀၁၂ နောက်ပိုင်းတွင် တည်ငြိမ်မှု့ အားနဲလာတာကို အများကြီးတွေ့လာရပါသည် ။
နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုထားသူ မိမိနိုင်ငံသား မိသားစုဝင် စစ်စစ် မဟုတ်သောသူ အခြားနိုင်ငံသား ခံယူထားသော သူများကို မိခင်နိုင်ငံ တွင် နိုင်ငံခေါင်းဆောင် ဖြစ်ခွင့်မရှိဆိုသော ၅၉/(စ) ပုံစံမျိုး ဥပဒေသည် နိုင်ငံတိုင်းတွင်ရှိပါသည် ။
မြန်မာတစ်နိုင်ထဲမဟုတ်ပါ ဒါကို နိုင်ငံတကာဘွဲ့တွေယူခဲ့သော ပညာရှိမကြီး ဒေါ်အောင်ဆန်းစုကြည် မသိလေသလော?
၅၉/(စ) ကိုပြင်လိုက်ပြီးဆိုပါက နောက်လာမည့်ရွေးကောက်ပွဲ များတွင် မြန်မာလူမျိုးစစ်စစ် မဟုတ်သူများ သမ္မတ ဖြစ်ခွင့်ရှိလာမည် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံ ဆိုသောခေါင်စဉ်အတွက် အလွန် အန္တရယ် ကြီးမားလှပါသည် ။
ဒါကို ဒေါ်စုကိုထောက်ခံနေကြသော ဗုဒ္ဓဘာသာ မြန်မာများ သတိထား စဉ်းစားရန် အရေးကြီးသော အချက်ဖြစ်ပါသည် ။
ဒေါ်အောင်ဆန်းစုကြည် ယနေ့ အသက် ၇၁ နစ်ရှိပါပြီး ၅၉(စ) ကိုပြင်ခြင်းသည် ဒေါ်စု သမ္မတဖြစ်နိုင်ဘို့ထက် အခြား မြန်မာစစ်စစ် မဟုတ်သောသူများအတွက် သမ္မတ ဖြစ်ရန် အခွင့်အလန်ပိုများသည်ဟု ယူဆပါသည်။
လေးစားစွာဖြင့်
နန္ဒရဲသူ

No comments: