Tuesday, October 27, 2015

ဒီမိုကရေစီ အတု " ============

" ဒီမိုကရေစီ အတု "

============

၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင်
အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်ကျင်းပတော့မည် ဖြစ်သည် ။

မြန်မာနိုင်ငံ၏ သမ္မတရွေးချယ်တင်မြောက်ပုံ စနစ်အရ
အနိုင်ရရှိသော ပြည်သူ့ လွှတ်တော် အရပ်သားကိုယ်စားလှယ်များမှ ဒုသမ္မတတစ်ဦး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များမှ ဒုသမ္မတတစ်ဦး နှင့်
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ဒုသမ္မတတစ်ဦး
ရွေးကောက်တင်မြှောက်ကာ ထိုသုံးဦးအနက်မှ
သမ္မတဖြစ်သူကို မဲစနစ်ဖြင့် ပြန်လည်ရွေးကောက်တင်မြှောက်သွားရမည် ဖြစ်သည် ။

ရွေးကောက်တင်မြှောက်ခံရသော သမ္မတဖြစ်သူသည်
အစိုးရအဖွဲ့ ကို ၎င်း၏ စိတ်ကြိုက် ဖွဲ့ စည်းသွားရမည် ဖြစ်ပြီး
အစိုးရအဖွဲ့ ဝန်ကြီးများအား ရွေးကောက်ခံ အမတ်များအတွင်းမှ ဖြစ်စေ ၊
လွှတ်တော်ပြင်ပမှ ဖြစ်စေ ခန့် အပ်ဖွဲ့ စည်းသွားနိုင်မည် ဖြစ်သည် ။

သမ္မတ ဦးစီးသော အစိုးရအဖွဲ့ သည် ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့် အညီ
နိုင်ငံရေး ၊ စီးပွားရေး မူဝါဒများအားချမှတ်ကာ
အုပ်ချုပ်ရေးအာဏာကို ကိုင်စွဲလျက်
တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက်အောင် မောင်းနှင်ထိန်းကြောင်းရမည် ဖြစ်သည် ။

လက်ရှိ အခင်းအကျင်းအရ
အဓိကအင်အားကြီးပါတီကြီး နှစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နှင့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်းတို့ မှာ
မဲဆန္ဒနယ် အများအပြားတွင် အနိုင်ရရှိဖွယ်ဖြစ်ပြီး
အင်အားအသင့်အတင့်ရှိသော တတိယပါတီအချို့ ကိုလည်း
မဲဆန္ဒနယ်အတော်များများ ခွဲဝေပေးရဖွယ် အနေအထား ရှိပါသည် ။
အချို့ မဲဆန္ဒနယ်များတွင်မူ တသီးပုဂ္ဂလအမတ်လောင်းများ အနိုင်ရရှိဖွယ်ဖြစ်ကာ
ပြည်နယ်များတွင် တိုင်းရင်းသားပါတီများ နေရာယူရန် အားကောင်းလျက်ရှိနေပါသည် ။

အခြားပါတီများ အနေဖြင့် မည်ကဲ့ သို့ အလားအလာကောင်းများ ရှိနေသည် ဖြစ်စေ
လက်ရှိ အခြေအနေတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့်
လွှတ်တော်တွင်းတွင် အမတ်နေရာ အများဆုံးရရှိမည့် ပါတီကြီးတစ်ခု ဖြစ်လာပြီး
လွှတ်တော်ကို အုပ်စီးထားနိုင်ရန် သေချာသလောက်ရှိနေပြီဖြစ်ကာ
အစိုးရအဖွဲ့  ဖွဲ့ နိုင်ခြင်း ရှိ မရှိကိုသာ
စောင့်ဆိုင်းကြည့်ရူနေရသည့် အနေအထားဖြစ်ပါသည် ။

ထိုကဲ့ သို့ သော အခြေအနေတွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ
၎င်းတို့ ပါတီ အနိုင်ရရှိပြီး အစိုးရဖွဲ့ နိုင်ခဲ့ပါက
အစိုးရအား နောက်ကွယ်မှ ထိန်းချုပ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း
တရားဝင် ထုတ်ဖော်ပြောကြားခဲ့ရာ
မြန်မာ့နိုင်ငံရေးအခင်းအကျင်း မှာ များစွာ ရှုပ်ထွေးသွားခဲ့ရပါသည် ။

ဒီမိုကရေစီ၏ အနှစ်သာရမှာ
အုပ်ချုပ်ရေးအာဏာ ၊ ဥပဒေပြုရေးအာဏာနှင့်
တရားစီရင်ရေးအာဏာဟူသော အာဏာသုံးရပ်ကို ပိုင်းခြားကျင့်သုံးကာ
အပြန်အလှန် ထိန်းကြောင်း ဟန်ချက်ညှိခြင်း ဖြစ်သည်။

လွှတ်တော်အတွင်း အုပ်စီးထားနိုင်ဖွယ် ဖြစ်သော ၊ တရားစီရင်ရေးအာဏာ၏အထွတ်အထိပ်
လွှတ်တော်ဥက္ကဌ ဖြစ်လာရန်လည်း အကြောင်းများစွာရှိနေသော
ပါတီကြီးတစ်ခု၏ ဥက္ကဌမှ
ထိုကဲ့ သို့  အုပ်ချုပ်ရေးအာဏာ၏ အထွတ်အထိပ်ဖြစ်သော
သမ္မတအား အစိုးရအဖွဲ့ အား
နောက်ကွယ်မှ ကြိုးကိုင်ထားမည်ဟု ပြောဆိုခြင်းသည်
ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့်
အစိုးရနှင့် လွှတ်တော်ကြား အပြန်အလှန်ထိန်းကြောင်းခြင်းကို
အကြီးအကျယ် အနှောက်အယှက်ပြု ခြိမ်းခြောက်ရာရောက်လျက် ရှိနေပါသည် ။

ထို့ ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏
ထင်ရှားသော အမတ်တစ်ဦးဖြစ်သူ ဒေါက်တာမြတ်ဥာဏစိုးမှ
ပါတီခေါင်းဆောင်ကို အာခံသည့် သမ္မတအား
လွှတ်တော်မှ စွပ်စွဲပြစ်တင် ဖြုတ်ချသွားမည့် သဘောကို အတည်ပြုပြောဆိုခဲ့ရာ
၎င်းတို့ ပါတီ အစိုးရဖွဲ့ နိုင်ခဲ့ပါက
လွှတ်တော်နှင့် အစိုးရအဖွဲ့ ကြား ဟန်ချက်ထိန်းညှိခြင်း ပျက်စီးမည့်
အခင်းအကျင်း အခြေအနေသို့  ရောက်ရှိရန် သေချာသလောက် ဖြစ်လာခဲ့ပါသည် ။

လွှတ်တော်ကို ကိုင်တွယ်ထိန်းချုပ်ထားမည့်
အင်အားကြီးပါတီတစ်ခု၏ ခေါင်းဆောင်က
သမ္မတနှင့် အစိုးရအဖွဲ့ ကို
နောက်ကွယ်မှ ထိန်းချုပ်ထားမည်ဟူသော စနစ်သည်
မည်သည့်စနစ်ပင် ဖြစ်နေပါစေ
ဒီမိုကရေစီစနစ် မဖြစ်နိုင်တော့ပါကြောင်း
မြန်မာရီဗျူး ဂျာနယ်မှ ဝေဖန်ထောက်ပြ ရေးသားအပ်ပါသည် ။

( အယ်ဒီတာ )

The Myanmar Review Journal
အတွဲ ၂ ၊ အမှတ် ၁၇ ၊အောက်တိုဘာ၂၈ ရက်နေ့ ထုတ်
အယ်ဒီတာ အာဘော်

Ye Moe

No comments: