Monday, October 26, 2015

ရွေးကောက်ပွဲကြီး တဖြည်းဖြည်း နဲ့ နီးကပ်လာလေ အစိမ်းရောင် တွေပိုများလာသလိုပဲနော် ..... အို ....ခေးရရ် .........

ရွေးကောက်ပွဲကြီး တဖြည်းဖြည်း နဲ့ နီးကပ်လာလေ အစိမ်းရောင် တွေပိုများလာသလိုပဲနော် .....
အို ....ခေးရရ် .........



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments: