Thursday, October 29, 2015

ဒေါ်စုကြည်ဘေးနားမှာရှိနေတဲ့ ဗြိတိန်သားတစ်ယောက်ဟာ မြန်မာပြည်ကိုချစ်လွန်းလို့ မဟုတ်သလို ဒေါ်စုကြည်ကို ကြည်ညို လွန်းလို့ လည်းမဖြစ်နိုင်ဘူး ။ ဒါဆိုရင် ဘာအတွက် ကြောင့် ဖြစ်နိုင်သလဲ...? ။

ဒေါ်စုကြည်ဘေးနားမှာရှိနေတဲ့ ဗြိတိန်သားတစ်ယောက်ဟာ မြန်မာပြည်ကိုချစ်လွန်းလို့ မဟုတ်သလို ဒေါ်စုကြည်ကို ကြည်ညို လွန်းလို့ လည်းမဖြစ်နိုင်ဘူး ။ ဒါဆိုရင် ဘာအတွက်
ကြောင့် ဖြစ်နိုင်သလဲ...? ။ ဒေါ်စုကြည်ကရော ဘာရည်ရွယ်ချက်တွေကြောင့် ဆရာတင်ထား
တာလဲ...? ။ အစိုးရပိုင်းကရော အရေးယူမှု တွေမလုပ်ပဲ လွှတ်ထားတာဟာ ဘာ့ကြောင့်လဲ..?။

ကိုယ်ပိုင်အချုပ်အချာ အာဏာနဲ့ ရပ်တည်ရှင်သန်နေတဲ့နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးရာကိစ္စ
များကို အခြားနိုင်ငံတစ်ခုက တရားဝင်သူလျို လုပ်ခွင့် ၀င်ရောက်ချယ်လှယ်ခွင့်ရလောက်အောင်
ဒီနိုင်ငံသားတွေ ညံ့လွန်းနေပြီလား...?။အခုတလောမှာ ပြည်ပသြဇာခံ သတင်းဆိုက်တွေကနေ
ခဏခဏအော်နေသံကြားရတာက " အမေရိကန်နိုင်ငံသား မြန်မာ့အရေးကျွမ်းကျင်သူ ၊ ဗြိတိန်
နိုင်ငံသား မြန်မာ့အရေးကျွမ်းကျင်သူ ဘယ်သူ ဘယ်ဝှာ " ဆိုပါလား ။ အော်...ဖြစ်ရလေ....ကိုယ့်
နိုင်ငံရဲ့ အရေးကို ကိုယ့်နိုင်ငံသားတွေထက် တတ်သိနားလည်နှံ့ စပ်သူရှိပါ့မလား ။ ဒါကိုလက်
ခံနေတဲ့ လူညံ့တွေအတွက်တော့ အလွန်အားကိုးထိုက်သူအဖြစ် အမွှန်းတင်လေးစားရမဲ့အခြေ
အနေထိ မရောက်ရောက်အောင် တွန်းပို့ နေသလိုမျိုး ။

ကိုယ့်နိုင်ငံမှာ အပေါဆုံးက လူညံ့တွေမှန်းသိကြလို့  ၊ နိုင်ငံရဲ့ အတွင်းစည်းထဲထိ ၀င်ရောက်
နေရာယူလာကြတာဟာ ကောင်းတဲ့လက္ခာတော့မဟုတ်ဘူး ။ ဒါတွေကိုမသိပဲ မျက်လုံးစုံမှိတ်
အမေ အမေလို့ တနေကြသမျှ ဒုက္ခတွေရောက်ကြရတော့မယ် ။ နိုင်ငံအတွက် မားမားမတ်မတ်
ရပ်ပြီး ရဲရဲဝံ့ဝံ့ပြောရဲတဲ့ နိုင်ငံရေးသမားမရှိကြတော့ဘူးလား ။ ကုလားက ဥပဒေပညာရှင်လုပ်။
တိုင်းတပါးသားက နိုင်ငံရေးမှူးလိုလို သူလျို လိုလိုလုပ် ၊ ဒီအခြေအနေကို လက်ခုပ်လက်ဝါး
တီးအားပေးနေကြတဲ့ ငပိန်းငအတွေကြောင့် ရင်မောတယ် ။ ကိုယ့်လူမျိုးချင်းရန်သူထင် ၊ကိုယ့်
ဘာသာဝင်ချင်း မာန်စောင်ပုတ်ခတ် ကိုယ့်ဘာသာရေးခေါင်းဆောင်တွေကို ရစရာမရှိအောင်
အပြစ်ရှာ ။ မြန်မာ့နိုင်ငံရေး အနာဂါတ် မတွေးဝံ့စရာပါလားကွယ်ရို့ .......
အတ္တာဟိ အတ္တနော နာထော ကြပါလို့ သာ ၀မ်းနည်းစွာဖြင့် တိုက်တွန်းလိုက်ရပါတော့သည်
တမုံ့ တကား ။

ညီသုတ(ပြည်)

No comments: