Friday, October 30, 2015

NLD အမတ်လောင်းများကို NLD ထောက်ခံသူများပင် စိတ်ပျက်နေ ===============================================

NLD အမတ်လောင်းများကို NLD ထောက်ခံသူများပင် စိတ်ပျက်နေ
===============================================

ဆရာဝန်မလေးတစ်ဦး၏ ရင်ဖွှုင့်သံ
==========================

မနေ့ညက လောက် စိတ်ပင်ပန်းတဲ့ အရေးပေါ်night duty မရှိတော့ပါဘူးး

ဘယ်လောက်ပဲ ပါတီရဲ့ အမတ်လောင်းဖြစ်ပါစေ
စည်းစနစ်ရှိဖို့ လိုပါတယ်.. သူတို့ ရောက်ရောက်လာချင်း ပထမ လာပို့တဲ့ သူတွေက အကုန်အဆင်ပြေပါတယ် ..
နောက်ထပ်ရောက်လာတဲ့ ပါတီဝင်တွေလား ဘာတွေလား ယဉ်ကျေးမှုနဲ့ စိတ်ဓါတ်ရေးရာပိုင်း တော်တော် လိုအပ်တယ်
ခြေ၂ဖဝါးစာလောက်ပဲရှိတဲ့ အရေးပေါ်ထဲမှာ ဆင်တူတွေနဲ့ လူ၂၀၀ လောက် လာစုရုံးကြတယ်
အပြင်ထွက်ပေးကြပါဆို မထွက်ပေးကြဘူး
ဓါတ်ပုံ မရိုက်ရဘူးဆို video camera တွေနဲ့ပါ ဆွဲကြတယ်
ဆေးရုံမှာ သူတို့ပဲ လူနာရှိတာ မဟုတ်ဘူး
တခြား အရေးပေါ် လူနာတွေ တခြား RTA လူနာတွေကို သူတို့ အုန်းအုန်းကျွတ်ကျွတ် လုပ်ကြတာနဲ့ ဘာမှ ကြည့်ပေးလို့ မရတော့ဘူး..
နောက်ဆုံး အရေးပေါ်တံခါးပါ ပိတ်လိုက်ရတဲ့အဆင့်ထိ..
တံခါးပိတ်လိုက်တဲ့ အတွက် ဆရာဝန်တွေကို သူတို့ ပြန်အော်စရာ အကြောင်းကို မရှိဘူး
ပီးတော့ "ဒါအမတ်လောင်းကွ .. အမတ်လောင်း" ဆိုတာ ကိုပဲ ထပ်တလဲလဲ ဟစ်ကြတယ်

တဖက်က ဓားထိုးခံရလို့ fb ပေါ်တင်ပီး မြို့မေတ္တာ ခံယူနေတဲ့ချိန်မှာ ဆေးရုံဘက်က ဆရာဝန်ဆရာမ ဝန်ထမ်း တွေနဲ့ ကုသမှုမှာ ပူပေါင်းပါဝင်ခြင်း အင်မတန်အားနည်းသွားတာ တော်တော် အကျည်းတန်သွားတယ် ဆိုတာ မသိလိုက်တာလားး

မဲပေးရမယ့်နေ့လဲ နီးကပ်လာပီ.. ဒီလိုအချိန်မှာ ပါတီဝင်တွေ အားဖြည့်တဲ့သူတွေကလဲ အဖက်ဖက်က လေးစားစရာကောင်းတဲ့ manner မျိုးကိုပဲ ပြရမယ် မဟုတ်ဘူးလား
ငါစွဲ အရမ်းမကြီးသင့်ပါဘူး

စတုတ္ထမဏ္ဍိုင်တွေကလဲ လူနာကို ကုလို့တောင်မပီးသေးဘူး ဆရာဝန်တွေ နောက်ကနေလိုက်ပီး သတင်း အတင်းယူဖို့ ကြိုးစားကြတယ်.. တော်တော်မလွယ်တာ

NLD ကိုပဲ မဲပေးမှာပါ
မဲပေးမယ့် ပါတီရဲ့ image ကို တက်စေချင်တယ်
အဆင့်အတန်းကို မြင့်စေချင်တယ်
ကိုယ့်ခေါင်းဆောင်ကို အားဖြည့်တယ် ဆိုပေမဲ့ ရုန်းရင်းဆန်ခတ် လုပ်တာမျိုး စိတ်လိုက်မာန်ပါ ပြောတာမျိုး တာဝန်ရှိသူတွေရဲ့လုပ်ပိုင်ခွင့်ကို နှောင့်နှေးစေတာမျိုးကတော့ အကုန် ပြင်သင့်တယ် အရာချည်းပါပဲလို့..

Khaing Nitar Lwin

No comments: