Thursday, October 29, 2015

ခွေးဟောင်လေ ဂုဏ်တက်လေ

ခွေးဟောင်လေ ဂုဏ်တက်လေ
************************

စစ်အာဏာရှင် ဦးသန်းရွှေလက်ထက်မှာ ဒီမိုတွေ ပြည်တွင်းမှာ ဟောင်ခွင့်မရှိကြလို့ ပြည်ပကနေ မရဲတရဲ ဟောင်ကြတယ် ။

ဒီမိုကရေစီ ဦးသိန်းစိန်လက်ထက်မှာတော့ ပြည်တွင်းမှာလည်း အကြီးအကျယ် ဟောင်ခွင့်ရကြသလို ပြည်ပမှာလည်း အသည်းအသန် ဟောင်ခွင့်တွေရနေကြတယ် ။

ဒီကြားထဲ ဟောင်ရုံတင်မက ဝင်ဝင်ကိုက်တာလည်းပါသေးတယ်လေ ဒါကိုတောင်မှ
သူတို့က မပြောင်းလဲသေးဘူးပြောနေကြသေးတာတော့ ရယ်စရာပေါ့ ။

ဦးသန်းရွှေချည်ခဲ့တဲ့ သံကြိုး ဦးသန်းရွှေပိတ်ခဲ့တဲ့ နှုတ်သီးဖျားက တိတ်သား ဒါတွေကို ဖယ်ရှားပေးတာက ဦးသိန်းစိန် ဟောင်လို့လည်း သည်းခံပေးပြီး မရိုက်တော့တဲ့သူ ။

ဘာပဲဖြစ်ဖြစ်ပေါ့လေ ဟောင်နေ ကိုက်နေသူတွေက အခြေအနေပြောင်းလို့ ဟောင်ခွင့်ကိုက်ခွင့်ရနေတာကို သူတို့ကိုယ်တိုင် သတိမပြုမိပေမယ့် ပတ်ဝန်းကျင်က လူသားအားလုံးကတော့ အော်. . .သူတို့ခမျှာ သနားစရာပါလားလို့မြင်နေကြပြီလေ. . .။

ပြောင်းလဲပေးခဲ့တဲ့ သမ္မတကြီးအဖို့တော့ ခွေးဟောင်လေ ဂုဏ်တက်လေလေပါပဲလေ ဒီခွေးတွေ ခုလိုဟောင်နေနိုင်တာ သမ္မတကြီးက သံကြိုးဖြုတ်ပြီး နှုတ်သီးတိတ်ပတ်ထား ဖြေပေးလိုက်လို့ပဲ ဆိုတာ
လူတကာသိနေကြပြီပဲ မဟုတ်လား ။

အပြောင်းအလဲတစ်ခုကြောင့် ဟောင်ခွင့်ရနေတာကို
ခွေးတို့ ဘယ်သောအခါမျှ သိခွင့်ရလေလိမ့်မလဲနော် !

အော်. . .မိုက်လိုက်တဲ့ကျွန်တော် ခွေးကို လူလို အသိဥာဏ်ရှိလာလေမလားလို့ မျှော်လင့်နေမိတာကိုက ကျွန်တော့်အမှား ကျွန်တော် ငမိုက်သားပါကလား . . .။

ပုံ/လောကနတ်(29.10.2015)

No comments: