စက်သုံးဆီဝယ်ရလို့
အကုန်အကျ များရတဲ့အထဲ ကားပြင်ဆင်မှုအ တွက်ပါ ငွေကုန်ကြေးကျမများ
စေဖို့အတွက် ကားကို စက်ချို့ ယွင်းမှုမရှိဘဲ ကြာရှည်အသုံးခံစေ မယ့်
နည်းလမ်းလေးတွေ သိထား နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
ကားအသုံးပြုမှုလျှော့ချပါ
လမ်းလျှောက်ပြီးသွားလို့ရ တဲ့နေရာမျိုးတွေကိုတောင်မှ ကားနဲ့ သွားတာမျိုးတွေလျှော့ဖို့လိုပါ တယ်။ ကားကို တစ်ပတ်နှစ်ပတ် ထက်ပိုပြီး အချိန်အကြာကြီးရပ် ထားပြန်ရင်လည်း ဆီယိုတဲ့ ပြဿနာရှိနိုင်တဲ့အတွက် တစ် ပတ်ကို အနည်းဆုံးတစ်ကြိမ်၊ နှစ် ကြိမ်လောက်ဖြစ်ဖြစ် ချင့်ချိန်သုံး စွဲပါ။
ကားပြုပြင်စာအုပ်ကိုဖတ်ပြီးအချိန်မှန်စစ်ဆေးပါ
ကားအအေးပေးစနစ်တို့၊ ကားဆိုင်းထိန်းစနစ်တို့၊ တခြား အစိတ်အပိုင်း ပြုပြင်မှုတွေကို ကားပြုပြင်စာအုပ်ကြည့်ပြီး လိုအပ်တဲ့အချိန်အတိအကျလိုက် နာပြီး ပြင်ဆင်ဖို့လိုပါတယ်။
ပါဝါဆီ၊ ဘရိတ်ဆီတွေစစ်ဆေးလဲလှယ်ပါ
ဂီယာဆီ၊ ပါဝါဆီ၊ ဘရိတ် ဆီတွေ လိုအပ်တဲ့ပမာဏရှိနေရဲ့ လား၊ ဆီအရောင်ကောကောင်း ရဲ့လား ပုံမှန်စစ်ဆေးပေးမှသာ ပြဿနာကင်းကင်းနဲ့ မောင်းနှင် နိုင်မှာပါ။
အင်ဂျင်ဝိုင်ပုံမှန်လဲလှယ်ပါ
ကားအင်ဂျင်သက်တမ်း ရှည်ဖို့အတွက်ဆိုရင် အင်ဂျင်ဝိုင် တွေကို လိုအပ်တဲ့အချိန်မှာ ပုံမှန် လဲလှယ်ပေးဖို့လိုအပ်ပါတယ်။ ခရီးမိုင် ၃,၀၀၀ ကနေ ၅,၀၀၀ (၅,၀၀၀-၈,၀၀၀ ကီလိုမီတာ) ကြားသွားထားပြီးရင် သုံးတဲ့အင် ဂျင်ဝိုင်ပေါ်မူတည်ပြီး သုံးလက နေ ခြောက်လတစ်ခါလဲလှယ်ဖို့ လိုအပ်ပါတယ်။ ခရီးမိုင် ၂၀၀,၀၀၀ ရောက်သွားပြီဆိုရင် တော့ အင်ဂျင်ဝိုင်သာမက ဆီစစ် ကိုပါ တစ်ခါတည်းလဲလှယ်ဖို့လို ပါတယ်။
ဘရိတ်ကောင်း၊ မကောင်းစစ် ဆေးပါ
ဘရိတ်က သေချာအလုပ် လုပ်ရဲ့လားဆိုတာ စစ်ဆေးဖို့က လည်း အရေးကြီးပါတယ်။
ကားတာယာတွေကိုနေရာပြောင်းသုံးစွဲပါ
ကားတာယာအနေအထား တွေကို သတိထားစစ်ဆေးဖို့လို သလို တစ်နှစ်မှာ နှစ်ကြိမ် (ဒါမှ မဟုတ်) မိုင် ၆,၀၀၀- ၇,၅၀၀ အတွင်းသွားလာပြီးတိုင်း နေရာ ချိန်းပြီး တပ်ဆင်အသုံးပြုတာမျိုး လုပ်ပေးပါ။ ဒါတင်မက ကားဘီး တွေကလည်း လိုအပ်တဲ့လေပမာ ဏ ရှိ၊ မရှိကို စစ်ဆေးပြီးဖြည့် တင်းပါ။
အလိုင်းမန့်ချိန်ပါအမြန်နှုန်းနဲ့ သွားနေတဲ့အ ခါမှာ ကားကခါယမ်းတာမျိုးတွေ ရှိလာရင် အမြန်ဆုံးအလိုင်းမန့် ချိန်ဖို့လိုပါတယ်။
ပုံမှန်သန့်ရှင်းရေးလုပ်ပါ
ရွှံ့၊ ဖုန်၊ သဲ စတဲ့အညစ်အ ကြေးတွေဟာ ကားဘော်ဒီကို ပျက်စီးစေနိုင်တဲ့အတွက် ပုံမှန် ဆေးကြောသန့်စင်ပေးဖို့ လိုအပ် ပါတယ်။ ရေပုံမှန်မဆေးတဲ့အခါ ကားတံခါးအောက်ပိုင်းနေရာတွေ ဟာ နှစ်အနည်းငယအတွင်းမှာ ပျက်စီးလာပြီး ဆေးတွေကွာကုန် တာ၊ ပေါက်ပြဲကုန်တာတွေလည်း ဖြစ်နိုင်တဲ့အတွက် သန့်ရှင်းရေး လုပ်ဖို့ပျင်းလို့မရပါဘူး။
_wikihow

No comments:
Post a Comment