Saturday, July 16, 2016

ကားဘက်ထရီ

ကားရဲ့ဘက်ထရီကို မီးလောင်ပေါက်ကွဲစေတဲ့အထိ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒြါေ ကာင့် 7Day Cars ပရိသတ်ကို ဘက်ထရီနဲ့ပတ်သက်ပြီး သတိထားသင့်တာတွေ ဖော်ပြပေးလိုက်ပါတယ်။
(၁)- ပုံမှန်လျှပ်စီးပတ်လမ်းကြောင်းနဲ့ ပုံမှန်အားသွင်းနှုန်း ဖြစ်၊ မဖြစ်ကို အမြဲစောင့်ကြည့် လေ့လာနေဖို့ လိုအပ်ပါတယ်။ လျှပ်စီးပတ်လမ်းကြောင်း ချို့ယွင်းချက်ကြောင့် ဘက်ထရီအားသွင်းနှုန်းမြန်နေတာ၊ များနေတာတွေဖြစ်နေရင် ကားဘက်ထရီ အားသွင်းနှုန်းလွန်ကဲမှုကို ဖြစ်စေပါတယ်။ အားသွင်းနှုန်းလွန်ကဲမှု(Over Charging) ဖြစ်မယ်ဆိုရင် ကားဘက်ထရီပျက်စီးနိုင်ပြီး သက်တမ်းကိုလည်း တိုစေပါတယ်။ အဆိုးဆုံးကတော့ အားသွင်းနှုန်းလွန်ကဲမှုကြောင့် ဘက်ထရီအပူလွန်ကဲပေါက်ကွဲခြင်းပဲ ဖြစ်ပါတယ်။
(၂)- အသုံးပြုနေတဲ့ ကားဘက်ထရီကို လိုအပ်တဲ့ဖြည့်တင်းမှုတွေ ဖြစ်တဲ့ အက်စစ်၊ မိုးရေတို့ကိုလည်း အမြဲစစ်ဆေးပေးနေဖို့ လိုအပ်ပါတယ်။ မိုးရေနဲ့ အက်စစ်တွေက တခြားရာသီတွေထက် ပူပြင်းတဲ့ရာသီဥတုတွေမှာ ခန်းခြောက်နှုန်းပိုမြန်ပါတယ်။ အဲဒါကြောင့် အမြဲစစ်ဆေးပေးဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။ မိုးရေနဲ့ အက်စစ်ခန်းခြောက်ရာကနေ ဘက်ထရီအပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်စေနိုင်ပါတယ်။
(၃)- ဘက်ထရီကို လဲလှယ်သင့်တဲ့အချိန်မှာ လဲလှယ်ပေးရပါမယ်။ ဘက်ထရီတွေကို သက်တမ်းတစ်ခုသတ်မှတ်ပြီး ထုတ်လုပ်တဲ့   သက်တမ်းကာလပြည့်တဲ့ ဘက်ထရီတွေကတော့ အသုံးပြုဖို့ လုံးဝမသင့်တော်တဲ့ ဘက်ထရီတွေဖြစ်ပါတယ်။
သက်တမ်းလွန် ဘက်ထရီကို ပြန်လည်ပြင်ဆင်သုံးစွဲတာ၊ အဟောင်းအတိုင်း ဆက်သုံးနေတာတွေကြောင့် ကားဘက်ထရီ မီးလောင်ကျွမ်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။
(၄)- ဘက်ထရီအပေါ်အဖုံးကိုလည်း အမြဲသန့်စင်ထားပေးရပါမယ်။ ကားဘက်ထရီအပေါင်း၊ အနုတ်ငုတ်တွေကို တပ်ဆင်ထုတ်လုပ်ကြပါတယ်။ ဘက်ထရီရဲ့ အပေါ်ပိုင်းမျက်နှာပြင်ပေါ်မှာ အညစ်အကြေးတွေများလာပြီး ငုတ်နှစ်ခုကို လျှပ်ကူးစေနိုင်တဲ့ အခြေအနေကိုဖြစ်ပေါ်စေနိုင်ပါတယ်။
ဘက်ထရီငုတ်နှစ်ခု လျှပ်ကူးရာကနေ ကားဘက်ထရီအပူလွန်ကဲပြီး ရုတ်တရက် မီးလောင်ကျွမ်းနိုင်ပါတယ်။
_အောင်ဖြိုးမွ

No comments: