Tuesday, July 5, 2016

နိုင်ငံ့ဝန်ထမ်းများ လစာတိုးမည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် သတင်း များ ထွက်ပေါ်နေသော် လည်း လက်ရှိအချိန်တွင် အစီအစဉ်မရှိသေး ဟုဆို +++++++++++++++++++++++++++++++++++++++++++++++



ရန်ကုန်၊ ဇူလိုင် ၄ - ယခုလပိုင်း အတွင်း နိုင်ငံ့ဝန်ထမ်းများ လစာတိုး မည်ဟု လူမှုကွန်ရက်စာမျက်နှာများပေါ် တွင် သတင်းများ ထွက်ပေါ်နေသော် လည်း လက်ရှိအချိန်တွင် အစီအစဉ် မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာ ရေး ၀န်ကြီးဌာနမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများအတွက် ရုံး အကူ/ရုံးစောင့်/သန့်ရှင်းရေး စသည့်ဝန်ထမ်း များ၏အခြေခံလ စာနှုန်းထားမှာကျပ် ၃၅၀၀၀၀ မှ စတင်မည်ဖြစ်ကာ အရာရှိ ၀န် ထမ်း တစ်ဦးဖြစ်သည့် ညွှန်ကြားရေးမှူး ချုပ်တစ်ဦးလျှင် လစာကျပ် ၁၀၀၀၀၀၀ ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာ များတွင် ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်၍ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမြဲ တမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် က "လတ်တလောတော့ လစာတိုး ဖို့ ၀န်ကြီးဌာနအနေနဲ့ စီစဉ်ထား တာမရှိသေးပါဘူး။ တကယ်တိုး မယ်ဆိုရင်လည်း တရားဝင်ထုတ်ပြန် ပေးသွားမှာပါ" ဟု ဇူလိုင် ၄ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

လက်ရှိပြည်တွင်းငွေကြေးဖောင်း ပွမှုမြင့်တက်နေချိန်တွင် အစိုးရအ နေဖြင့် ၀န်ထမ်းအားလုံးအား လစာ တိုးပေးရန်မှာ မဖြစ်နိုင်ကြောင်း စီး ပွားရေး ကျွမ်းကျင် သူအချို့က သုံး သပ်သည်။

စီးပွားရေးပညာရှင် ဦးလှမောင် က " ပထမဆုံးလစာတိုးမယ်ဆိုပြီး သတင်းထွက်တာက မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်တွေ လစာတိုးမယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က အဲဒါနဲ့ပတ်သက် ပြီး ပြန်လည်ဖြေရှင်းပြီးနောက်ပိုင်းမှာ ၀န်ထမ်းတွေလစာတိုးမယ်ဆိုတဲ့ အသံတွေထပ်ထွက်လာတာပါ။ သက် ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အ မြန်ဆုံးဖြေရှင်းမယ်ဆိုရင်တော့ အ ကောင်းဆုံးပါပဲ။ အခုလို ကောလာ ဟလတွေ ထွက်လာတာမကောင်းပါ ဘူး" ဟုဆိုသည်။

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်း များတိုးမြှင့်ပေးခြင်းကို ၁၉၇၂ ခုနှစ်၊ ၁၉၇၆ ခုနှစ်၊ ၁၉၈၁ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂၀၀၀ ပြည့်နှစ်၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်တို့တွင် တိုးမြှင့်ပေးခဲ့ ပြီး သမ္မတဦးသိန်းစိန်အစိုးရသစ် လက်ထက် ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် လစာနှုန်းထားများကို ပြင်ဆင်သတ် မှတ်ပေးခဲ့သည်။

AK
#Democracytoday


No comments: