Tuesday, July 5, 2016

ဒီချုပ်အလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ရာတွင် ရွေးကောက်ပွဲအောင်နိုင်ရေးလှုပ်ရှားမှု၌ တက်ကြွစွာပါဝင်မှုကို ထည့်သွင်းစဉ်းစားရန် ပါတီတွင်းညွှန်ကြား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လစ်လပ်နေသော အ လုပ်အမှုဆောင်အဖွဲ့ဝင်များရွေးချယ်ရာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်းအဖွဲ့ချုပ်၏ အောင်နိုင်ရေးလှုပ်ရှားမှုများ၌တက်ကြွစွာပါဝင်ခဲ့သည့် အချက်ထည့်သွင်းစဉ်းစားရန် ပါတီတွင်းညွှန်ကြားချက်တစ်စောင်ကို ဇူလိုင် ၄ ရက်တွင်ထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၄ ရက်တွင် ထုတ်ပြန် သော ယင်းညွှန်ကြားချက်သည် ပါတီတွင်း လစ်လပ်နေသော အ လုပ်အမှုဆောင်များ ဖြည့်ဆည်း ပေးရေးနှင့်ပတ်သက်၍ နောက် ဆက်တွဲ ညွှန်ကြားချက်ဖြစ်သည်။

 ပါတီတွင်းလစ်လပ်နေ သော အလုပ်အမှုဆောင်အဖွဲ့ဝင် အဆင့်ဆင့်ကို ရွေးချယ်ရာတွင် အဓိကထားရမည့် အခြေခံမူသည် အလုပ်အမှုဆောင်အဖွဲ့ဝင်အ ဖြစ် အမည်ခံလိုသူများမဖြစ်စေရ ဘဲ အမှန်တကယ်အဖွဲ့ချုပ်လုပ် ငန်းများကို တစိုက်မတ်မတ် လုပ် ဆောင်ရမည့်သူများကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း ယင်း ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံမှ သိရသည်။

ပါတီတွင်းလစ်လပ်နေသည်အဆင့်ဆင့်သော အလုပ်အမှု ဆောင်များ အရေအတွက်ကို အ တိအကျ မသိရသေးသော်လည်း လစ်လပ်နေသည့် အလုပ်အမှု ဆောင်များကို သက်ဆိုင်ရာ ပါတီ ၀င်များက မဲပေးရွေးချယ်ခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်ကာ ပါတီ ဗ ဟိုအလုပ်အမှုဆောင်အဖွဲ့က အ တည်ပြုပေးခြင်းကိုသာ လုပ် ဆောင်မည်ဟု ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ အတွင်းရေး မှူး ဦးဝင်းထိန်ကပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတွင်း ညွှန်ကြားချက်တစ် စောင်ကို ထုတ်ပြန်ခဲ့ရာတွင် အ ဆင့်ဆင့်သော အလုပ်အမှုဆောင် အဖွဲ့များမှ အဖွဲ့ဝင်အချို့သည် အကြောင်းအမျိုးမျိုးကြောင့်အဖွဲ့  ချုပ်တာဝန်များမှ လစ်လပ်နေ ကြောင်း၊ ထို့အပြင် လွှတ်တော်ဆိုင်ရာ တာဝန်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များ ထမ်းဆောင်နေရသော အဖွဲ့ဝင်များရှိသကဲ့သို ပါတီနှင့်ကင်းကွာနေသူများ၊ ပါတီမှ ထုတ်ပယ်ထားသူများ၊ စည်းကမ်းအရ အရေးယူခံရသူများ၊ နုတ်ထွက်သွားကြသူများရှိနေသဖြင့် အဖွဲ့ချုပ်လုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိနေသူများကြောင့် ပါတီတာဝန်များလစ်လပ်ပျက်ကွက်နေကြောင်းပါရှိသည်။

အဆိုပါညွှန်ကြားချက်တွင် လစ်လပ်နေသော အလုပ်အမှု ဆောင်အဖွဲ့ အဆင့်ဆင့်ရွေးချယ် မှုများကို ဇွန်လ ၁၅ ရက်မှစ၍ ပြည်နယ်နှင့် တိုင်းဒေသကြီး အ လုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ခြင်းများ စတင်ပြုလုပ်၍ ခရိုင်၊မြို့နယ်၊ ရပ်ကျေးအလုပ်အမှုဆောင်အဖွဲ့ဝင် ရွေးချယ်ခြင်းများကို သြဂုတ် ၁၄ ရက်နောက်ဆုံးထား၍ဆောင်ရွက်ကြရန်ပါရှိသည်။

More in News Secti

No comments: