Tuesday, July 5, 2016

ယနေ့ခေတ် လူနေမှုပုံစံကြောင့် မိန်းကလေးတွေ အပျိုဖော်ဝင်ချိန် ပိုစော လာကြောင်း သိရ


Monday, July 4, 2016

မိန်းကလေးတွေမှာ အပျိုဖော်ဝင်ချိန် စတင်ခြင်းက လွန်ခဲ့တဲ့ နှစ် ၁၀၀ ကထက် အခုအခါ ၄ နှစ် ပိုစောလာကြတယ်လို့ သိရပြီး ခုလို စောလာရခြင်း အကြောင်းရင်းကတော့ fast food တွေကြောင့် ဖြစ်နိုင်သလို ဆပ်ပြာမှုနဲ့ ပလတ်စတစ်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။

အခုခေတ် အမျိုးသမီးတွေ အရင်ကထက် ဖိုမလက္ခဏာ အရွယ်ရောက် ရင့်ကျက်မှု ပိုစောကြပါတယ်။ ကျန်ခဲ့တဲ့ ၁၅ နှစ်တုန်းကနဲ့ ယှဉ်ရင် ပျှမ်းမျှအသက် ၁၁ ကနေ ၁၀ အထိ ကျဆင်းသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရာစုနှစ် ၁ခုလောက်က သမျိုးသမီးတွေ အသက် ၁၄ ဝန်းကျင်မှာ ပျိုဖော်ဝင် စတင်ခဲ့တာပါ။ ယောက်ျားတွေမှာလည်း အလားသဏ္ဍာန်တူပြောင်းလဲမှုတွေ တွေ့ရှိခဲ့ပေမယ့် ပြောဆိုမှု ပိုနည်းပါတယ်။

ဒါပေမယ့် ဒီအံ့ဖွယ်ဖြစ်ရပ်က ဖွံ့ဖြိုးပြီးနိုင်ငံက လူငယ်တွေမှာသာ ဖြစ်ပေါ်နေပုံပေါက်ပြီး ဒါကို အနောက်နိုင်ငံလူနေမှုဘဝပုံစံတွေကြောင့်လို့ သိပ္ပံပညာရှင်တွေ ယုံကြည်ထားပါတယ်။ အပျိုဖော်ဝင်ခြင်းကိစ္စမှာ မျိုးရိုးဗီဇက အဓိကအခန်းကဏ္ဍအဖြစ် ဆောင်ရွက်ပေးတာ အရင်ကတည်းက သိထားခဲ့ပေမယ့် အခုအခါမှာ သဘာဝပတ်ဝန်းကျင်အကြောင်းခံတွေရဲ့ အခန်းကဏ္ဍကို သိပ္ပံပညာရှင်တွေ စူးစမ်းလေ့လာခဲ့ပါတယ်။

Epigenetci modification လို့လည်း သိရတဲ့ လူသားတွေရဲ့ ဓာတုနည်းအရ မျိုးရိုးဗီဇပြောင်းလဲမှုတွေက ပျိုဖော်ဝင်ချိန်စတင်ဖြစ်ပွားရာမှာ ပါဝင်ပတ်သက်နေပါတယ်။ ဒီလေ့လာမှု ဆောင်ရွက်သူတွေထဲက တစ်ဦးဖြစ်တဲ့ Denmark နိုင်ငံ University of Copenhagen က Dr Kristian Almstrup က "သင့်အမေ အပျိုဖော်ဝင်ချိန်စောရင် သင်လည်း စောပါလိမ့်မယ်။ ဒါပေမယ့် အနောက်နိုင်ငံတွေက အမျိုးသမီးတွေအနေနဲ့ ပျှမ်းမျှ အပျိုဖော်ဝင်ချိန် ကျဆင်းသွားပြီ" လို့ ပြောဆိုခဲ့ပါတယ်။

ဒါဟာ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုပစ္စည်းတွေမှာ တွေ့ရတဲ့ အလှကုန်ပစ္စည်း၊ fast food နဲ့ အဝတ်လျှော်ဆပ်ပြာမှုန့်စတဲ့ chemicals တွေကြောင့်လို့ ယုံကြည်ထားပါတယ်။

Ref: Mirror
Trend Myanmar

No comments: