Tuesday, July 5, 2016

တနေ့ တနေ့နဲ့ အနှစ်ခြောက်ဆယ်ကျော်ခဲ့ကြပြီ။ခုထိတော့ အဲ့ဒီတနေ့ရောက်ဖို့ မျှော်လင့်ချက်မရှိသေး။

တနေ့
မြန်ပြည်တစ်ခွင် လက်နက်ကိုင်တွေကင်းစင်သွားတဲ့ တနေ့။

တနေ့
ပြည်နယ်တစ်ခွင် ကိုယ်စီအခြေခံဥပဒေရေးဆွဲနိုင်တဲ့ တနေ့။

တနေ့
တပ်မတော်ကြီး တခုတည်းသာရှိတဲ့တနေ့။

တနေ့ အတိုက်အခံပြည်သူ ဒီအကြောင်းတွေအပေါ်လက်ခံလာတဲ့တနေ့။

တနေ့
အစိုးရ အတိုက်အခံ ပြည်သူ အားလုံး
အမျိုးသားအကျိုးစီးပွားအပေါ်သာ ဂရုစိုက်တဲ့တနေ့။

တနေ့ အဲ့ဒီတနေ့
တပ်မတော်ကြီး ရွေးကောက်ခံအစိုးရအောက်ရောက်မယ့် တနေ့။

တနေ့ အဲ့ဒီတနေ့ပေါ့
ပြည်ထောင်စု ဒီမိုကရေစီ မြန်မာနိုင်ငံတော်ကြီး ထွန်းလင်းတောက်ပမယ့် တနေ့။

တနေ့ တနေ့နဲ့ အနှစ်ခြောက်ဆယ်ကျော်ခဲ့ကြပြီ။ခုထိတော့ အဲ့ဒီတနေ့ရောက်ဖို့ မျှော်လင့်ချက်မရှိသေး။

No comments: