Tuesday, July 5, 2016

KIA အဖွဲ့တို့ အခွန်ပေးဆောင်မည်ဟု မလိမ့်တပတ်ပြောဆိုခဲ့သည့် ဗန်းမော်မှ နွားမှောင်ခိုလုပ်သူ ဇော်မြင့်လေးနေအိမ်အား KIA အဖွဲ့မှလက်ပစ်ဗုံးဖြင့်ပစ် ==============================================

  By Voice of Kachin   

ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သီရိရပ်ကွက်နေ မွတ်ဆလင်ဘာသာဝင်များဖြစ်ကြသည့် ဦးဇော်မြင့်လေးနှင့်ဦးတင်မြင့်တို့၏နေအိမ်ခေါင်မိုးပေါ်သို့ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁ နာရီ ချိန်ခန့်တွင် အိမ်ရှေ့လမ်းမကြီးပေါ်မှ ဆိုင်ကယ် ၂ စီးဖြင့်လာရောက်၍ လက်ပစ်ဗုံးဖြင့် ပစ်ဖောက်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
လက်ပစ်ဗုံးပစ်ခတ်ခံရတဲ့ မွတ်ဆလင်နေအိမ်များဟာ ဘာသာရေးနဲ့ပတ်သက်ပြီးဆက်နွယ် မှုမရှိဘဲ KIA ကချင်အဖွဲ့နဲ့ပူးပေါင်းပြီး စီးပွားရေးလုပ်ကိုင်ရင်း အမှားအယွင်းရှိခဲ့မှုကြောင့်သာအခုလို ဖောက်ခွဲခံရတာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒေသခံပြည်သူများနှင့်လုပ်ဖော်ကိုင်ဘက်များ၏ ပြော ကြားချက်များအရ
“ကိုဇော်မြင့်လေးက မွတ်ဆလင်ဆိုတော့ သူက သားသတ်လိုင်စင်ပဲလုပ်တယ်။ ဗန်းမော်မှာ (၁၀)နှစ်ကျော်လောက် နွားသတ်လိုင်စင်ကိုသူပဲရတာ၊ သားသတ်လိုင်စင်ရတယ်ဆိုပေမဲ့ အမဲပေါ်ပြီး ရောင်းတာကသိပ်မမြတ်ဘူး၊ လိုင်စင်ကိုအသုံးချပြီး နွားမှောင်ခိုကုန်ကူးတာက တအားမြတ်တယ်၊ ကောလင်းကနေ တရုတ်ပြည်ဘက်ကိုသွင်းတာ၊ တောထဲက KIA နဲ့အဆင်ပြေရင်အားလုံးလုပ်လို့ ရတယ်၊ KIA ကိုအခွန်ပေးပြီးသွားလို့ရတယ်၊ နွားနဲ့ပတ်သက်ရင် သူ့ကိုဘယ်သူမှကျော်လို့မရဘူး၊ သူက KIA နဲ့ပေါင်းစားနေတာလေ၊ သူမသိပဲနွားပေါ်ရောင်းလို့ကတော့ KIA ကိုလက်တို့ပြီး ဒဏ်ရိုက် တော့တာပါဘဲ…။”
ဗန်းမော်မြို့အတွင်း သားသတ်လိုင်စင်မရှိဘဲ နွားသတ်ရောင်းသူများမှ ဇော်မြင့်လေးထံ အခွန်သဘောမျိုးပေးသွင်းရပြီး ဇော်မြင့်လေးမှတစ်ဆင့် KIA သို့နှစ်စဉ်ကြေး တစ်နှစ်လျှင်သိန်း ၂၀၀ မှ ၃၀၀ ကြားပေးသွင်းရကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရ သိရှိရပါတယ်။
အခု ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း မြို့နယ်စည်ပင်မှ ဇော်မြင့်လေးအား သားသတ်လိုင်စင် ချထားပေးခြင်းမပြုတော့ဘဲ အခြားလုပ်ငန်းရှင်များသို့ လိုင်စင်လွှဲပြောင်းချထားပေးခဲ့ပါတယ်။
သီရိရပ်ကွက်နေ ကိုအာလီရဲ့ပြောပြချက်အရ“ သူက KIA ကိုနှစ်စဉ်ကြေးပေးနေရတယ်၊ သူမပေးတာ ၂ နှစ်လောက်ရှိပြီထင်တယ်၊ KIA ကလည်း သူ့ဆီစာခဏခဏပို့တယ်ကြားတယ်၊ KIA က လူလွှတ်ပြီးလည်းခေါ်ခိုင်းတာတွေလည်းရှိတယ်၊ ယခင်နှစ်က KIA ကို ပေးရမဲ့ နှစ်စဉ်ကြေးသိန်း ၁၀၀ ကျော်ကို မပေးတဲ့အတွက် ဇော်မြင့်လေးရဲ့ နေအိမ်ကို လက်ပစ်ဗုံး နဲ့ပစ်ပေါက်သတိပေးခြင်းပြုလုပ်ခဲ့တာဖြစ်နိုင်တယ်။
ဇော်မြင့်လေးအနေဖြင့် KIA နဲ့ နှစ်ကာလကြာ အတူတူပူးပေါင်း၍ စီးပွားရှာခဲ့ပြီး KIA အတွက်အဓိကငွေကြေးထောက်ပံ့မှုများပြုလုပ်ခဲ့သည့် အမာခံတစ်ဦးဖြစ်သော်လည်း အခွန်ငွေကိစ္စ မပြေလည်မှုကြောင့် KIA မှ အခုလို အိမ်တိုင်ရာရောက်သတိပေးခြင်းအား ပြုလုပ်ခြင်းဖြစ်ပါတယ်။

No comments: