မိုဘိုင်းဖုန်းအသုံးပြုနေသူတစ်ဦး (ဓာတ်ပုံ − ကျော်ဇင်သန်း)
ပြီးခဲ့သည့် ဇွန်လအတွက် ဆက်သွယ်ရေးအော်ပရေတာ သုံးခုထံမှ
မိုဘိုင်းဖုန်းပြောဆိုခ အခွန်ငွေ ကျပ်ရှစ်ဘီလီယံရရှိကြောင်း
ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၆ ဧပြီ ၁ ရက်မှစ၍ မိုဘိုင်းဖုန်းသုံးစွဲသူများထံမှ ဆက် သွယ်ရေးဖုန်းပြောဆိုခ အခွန် ၅ ရာခိုင်နှုန်းကို အော်ပရေတာများ မှတစ်ဆင့် ကောက်ခံရာ ဧပြီအ တွက် ကျပ် ၇ ဒသမ ၅ ဘီလီယံ၊ မေလအတွက် ကျပ် ၈ ဒသမ ၃ ဘီ လီယံ၊ ဇွန်လအတွက် ကျပ်ရှစ်ဘီလီယံရရှိကြောင်း ပြည်တွင်းအ ခွန်များဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမင်းထွဋ်ကပြောသည်။
‘‘ဒီလအတွက် စာရင်းချုပ် လိုက်တော့ ကျပ်ငွေရှစ်ဘီလီယံရတယ်။ ပြီးခဲ့တဲ့လကထက်စာရင် နည်းနည်းလျော့သွားတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြား သည်။
မြန်မာ့ဆက်သွယ်ရေးလုပ် ငန်း (MPT) သုံးစွဲသူများထံမှ ကျပ် ၄ ဒသမ ၁ ဘီလီယံ၊ တယ်လီနောဆင်းမ်ကတ် သုံးစွဲသူများထံမှ ကျပ် ၂ ဒသမ ၈ ဘီလီယံ၊ အူရီးဒူးသုံးစွဲသူများထံမှ ကျပ် ၁ ဒသမ ၁ ဘီလီယံရရှိခဲ့ပြီး စုစုပေါင်းရရှိငွေ ကျပ်ရှစ်ဘီလီယံကို နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦး စီးဌာနမှ သိရသည်။
ဧပြီအတွက်ရရှိသော ဆက်သွယ်ရေးအခွန်ငွေများကို အစိုးရသစ်၏ ရက်တစ်ရာစီမံချက်အဖြစ် ပညာရေးဆိုင်ရာလုပ်ငန်းများအတွက် သုံးစွဲရန် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ရက်တစ်ရာစီမံချက် ကုန်ဆုံးချိန် ၌ လစဉ်ရရှိသည့် ဖုန်းပြောဆိုခအခွန်ငွေများကို နိုင်ငံတော်ဘတ်ဂျက်ထဲသို့ ထည့်သွင်းမည်ဖြစ်ကြောင်း ဦးမင်းထွဋ်က ပြောကြားထားသည်။

No comments:
Post a Comment