ယခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အကြောင်းပြောပြချင်ပါတယ်။
သူ့ရဲ့ အတိတ်သမိုင်း၊သူတစ်ချိန်က နိုင်ငံရေးအကျဉ်းသားဘဝနဲ့ ထောင်ထဲမှာနေခဲ့စဉ်
တုန်းက ဘဝတူနိုင်ငံရေးအကျဉ်းသားတွေအပေါ် သစ္စာဖေါက်ခဲ့တဲ့ ကိစ္စအကြောင်း။
သူ ၂၀၁၀ တုန်းက ပါတီတစ်ခုထောင်ပြီး သူကိုယ်တိုင်ဥက္ကဌလုပ်ခဲ့ကာ ၂၀၁၂ မှာ
ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ကြေညာလိုက်တော့
အဲဒီပါတီကနေနှုတ်ထွက်ခဲ့ပြီး NLD ကိုဝင်ရောက်ခဲ့တယ်။ သူ့ရဲ့ နိုင်ငံရေးရပ်တည်ချက်
ခိုင်မာမှုမရှိတာကို ပြသခဲ့တယ်။ အဲဒီအချိန်တုန်းက သူနဲ့ ထောင်ထဲမှာ
အတူနေခဲ့ပြီး သူ့ကြောင့်ထောင် ၇ နှစ်ကျခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းအချို့က
သူ့ရဲ့နိုင်ငံရေးသစ္စာဖေါက်မှုအကြောင်း ဖေါ်ထုတ်တင်ပြဖို့ကြိုးစားခဲ့ကြသေးတယ်။
ဒါပေမယ့် မိမိတို့ဖေါ်ထုတ်မှုဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကို တိုက်ခိုက်သလို
ဖြစ်မှာစိုးလို့ အဲဒီအစီအစဉ်ကိုဆိုင်းငံ့ခဲ့ပါတယ်။ အဓိက ကတော့ ဒေါ်အောင်ဆန်းစုကြည်
မျက်နှာကိုထောက်ထားခဲ့ကြတာပါ။
၂၀၁၅ ရွေးကောက်ပွဲပြီးတော့ ဦးဖြိုးမင်းသိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ဒေါ်အောင်
ဆန်စုကြည်အနေနဲ့ တာဝန်ပေးလိမ့်မယ်လို့ မိမိတို့ လုံးဝမမျှော်လင့်ခဲ့ကြဘူး။
ပိုဆိုးတာက သူ့ကိုဝန်ကြီးချုပ်အဖြစ်တာဝန်ပေးပြီး ရက်ပိုင်းအတွင်း မြန်မာ့ရိုးရာအတာ
သင်္ကြန်ကို ရန်ကုန်မြို့မှာ ရုပ်ပျက်ဆင်းပျက်ဖျက်ဆီးလိုက်တယ်။
နောက်တော့ အများသိကြတဲ့အတိုင်း ဆိုင်တွေနဲ့ Night Club တွေ၊ Karaoke တွေ၊Massage
ခန်းတွေ နဲ့ သူတို့ကိုမှီခိုနေရတဲ့ အောက်ခြေလူတန်းစားတွေကို ထိခိုက်အောင်လုပ်လိုက်ပြန်တယ်။
နောက် NLD အောင်နိုင်ရေးတုန်းက စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့ကြတဲ့ ဆိုက်ကားသမားတွေရဲ့
ဘဝတွေကိုနင်းခြေဖျက်ဆီးပြန်တယ်။
ပြီးတော့ မြန်မာတိုင်းရင်းသားအတော်များများနှစ်သက်စွာစားသုံးခဲ့ကြတဲ့ ကွမ်း ကို ကန့်သတ်
ပိတ်ပင်တားမြစ်ခဲ့ပြန်တယ်။
အဆိုးဆုံးကတော့ သူ စင်္ကာပူနိုင်ငံမှာ “မဘသ ရှိဖို့ မလိုတော့ဘူး” လို့ ပြောလိုက်ခြင်းပါ။
ပြန်လာတော့ လေဆိပ်မှာ သတင်းထောက်တွေကိုထပ်ပြောပြန်တယ်။”မဘသ မလိုအပ်တော့ဘူး”တဲ့။
ဒါတော့များသွားပြီပေါ့။ ရတနာသုံးပါးထဲက သံဃာတော်တွေကိုခုလိုစော်ကားလိုက်တာကိုတော့
ကျွန်တော်တို့ဒီအတိုင်းကြည့်နေလို့မဖြစ်တော့ပါဘူး။သူ့ရဲ့ ထောင်တွင်းဖြတ်သန်းမှုသမိုင်းရိုင်းခဲ့တာ
တွေကို အများပြည်သူသိရှိနိုင်အောင် ဖေါ်ထုတ်တင်ပြဖို့တာဝန်ရှိလာပါပြီ။
ဖြိုးမင်းသိန်းဟာ ၁၉၉၈ ဗကသ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နဲ့ ကိုကိုကြီး တို့အဖမ်းခံရတော့
ကွန်မြူနစ်ဟောင်းကြီးတွေက အောက်မြန်မာပြည် ဗကသ ဆိုပြီးတစ်စင်ထောင်ပေးခဲ့ကာ မင်းကိုနိုင် နဲ့
ကိုကိုကြီးတို့ကိုအံတုစေခဲ့ပါတယ်။
အဲဒီကတည်းက ဘဝင်မြင့်နေတဲ့ ဖြိုးမင်းသိန်းက သူ့ကိုယ်သူ
အောက်မြန်မာပြည် ဗကသ(အောက် ဗ)ကျောင်းသားခေါင်းဆောင်ဆိုပြီး ဗကသ ကို အာခံခဲ့ပါတယ်။
နောက်တော့ သူ့ကိုလည်း ဗိုလ်ချုပ်ခင်ညွန့်က ထောင်ချလိုက်တာပါဘဲ။ အင်းစိန်ထောင်ထဲမှာ
ဟံသာဝတီဦးဝင်းတင် ဆီတပည့်ခံခဲ့ပါတယ်။ (ဦးဝင်းတင်ဟာ သခင်သိန်းဖေမြင့် ရဲ့ တပည့်
ဘရောက်ဒါ ကွန်မြူနစ် တစ်ဦးဖြစ်ပါတယ်။)
နောက်တော့ ထောင်ထဲက အခြားကွန်မြူနစ်တွေဆီမှာ နိုင်ငံရေးအခြေခံတွေလေ့လာရင်း ထောင်ထဲ
မှာ လျှို့ဝှက်မဂ္ဂဇင်းထုတ်မှုနဲ့ ဦးဝင်းတင်အပါအဝင် ဖြိုးမင်းသိန်းနဲ့ နိုင်ငံရေးအကျဉ်းသားအချို့
ထောင်တွင်းမှာ တရားစွဲခံရပြီးထောင်တွေထပ်ကျခဲ့ကြပါတယ်။
အဲဒီနောက် ဖြိုးမင်းသိန်း တောင်ငူထောင်ကိုရောက်လာပါတယ်။ တောင်ငူထောင်မှာ ပထမတော့
ဗမာပြည်ကွန်မြူနစ်ပါတီက UG ကျော်မြ၊ဦးအောင်ခင် တို့နဲ့တွဲလိုက်သေးတယ်။ ဒါပေမယ့် သူက
အခွင်းအရေးသမားပီပီ အပြင်မှာ စစ်တပ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
ဆွေးနွေးနေပြီဆိုတဲ့သတင်းကြားကြားချင်း တောင်ငူထောင်ထဲမှာရှိနေတဲ့ NLD က ဦးအုန်းကြိုင်
ဦးဆောင်တဲ့ နိုင်ငံရေးအုပ်စုဆီချဉ်းကပ် ဘက်ပြောင်းခဲ့ပါတယ်။သူဟာ လက်ဝဲမဟုတ်ဘဲ လစ်ဘရယ်
တစ်ဦးပါလို့ကြွေးကြော်ခဲ့ပါတယ်။
အပိုင်းနှစ်။ ။
အဲဒီအချိန်က တောင်ငူထောင် တာဝန်ခံအရာရှိ(ထောင်ပိုင်ကြီး)က နိုင်ငံရေးအကျဉ်းသားတွေကို
တော်တော်အထာထားခဲ့တဲ့အတွက် တောင်ငူထောင်ဟာ မြန်မာတစ်နိုင်ငံလုံးကထောင်တွေထဲမှာ
အလွတ်လပ်ဆုံးလို့တောင် ပြောစမှတ်ပြုခဲ့ရတဲ့အချိန်ပေါ့။
တောင်ငူထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ အုပ်စုလိုက်တူရာတူရာနေကြလေ့ရှိတယ်။
တခြားထောင်တွေမျာလည်း အဲဒီအတိုင်းပါဘဲ။ အဓိက အုပ်စုကြီး ၃ ခုရှိပါတယ်။
၁။ ကျောင်းသားအုပ်စု
အဲဒီထဲမှာ ဗကသ၊မကသ၊တပ်ဦး၊ABSDF၊လူ့ဘောင်သစ်ပါတီ တို့က ကျောင်းသားတွေပါတယ်။
၂။ ကွန်မြူနစ် လက်ဝဲအုပ်စု
အဲဒီထဲမှာ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)က တာဝန်ရှိသူတွေ (ကိုကျော်မြ)၊ကွန်မြူနစ် UG တွေ၊
ကွန်မြူနစ် UG တွေနဲ့ ဆက်နွယ်နေသူတွေ၊ လက်ဝဲအယူအဆနှစ်သက်တဲ့ကျောင်းသားတွေပါတယ်။
၃။ NLD ပါတီဝင်အုပ်စု
အဲဒီထဲမှာ ၁၉၉၀ က အမတ်တွေ၊ပါတီတာဝန်ရှိသူတွေ၊ပါတီဝင်လူငယ်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့
NLD ပါတီကိုယုံကြည်ပြီးထောက်ခံခဲ့ကြလို့ ထောင်ကျလာသူတွေ(ဥပမာ- ဒေါ်အောင်ဆန်းစုကြည် အိမ်
ရှေ့မှာ “ဒေါ်အောင်ဆန်းစုကြည် ကျမ်းမာပါစေ” လို့ အော်ပြီးဆုတောင်းလို့ ထောင် ၇ နှစ်ချခံထားရသူ
တွေ) ပါဝင်ကြတယ်။
အဲဒီမှာ အချို့ အခြားဆောင်ရွက်မှုတွေနဲ့ ထောင်ကျခဲ့သူတွေထဲက NLD နဲ့ နီးစပ်သူတွေက NLD အုပ်စု
ထဲရောက်သွားကြပြီး BCP(ဗကပ)နဲ့ နီးစပ်သူတွေက ကွန်မြူနစ်အုပ်စုထဲရောက်သွားကြတယ်။
အချို့လူငယ်တွေနဲ့ အနုပညာရှင်တွေက ကျောင်းသားအုပ်စုထဲ ရောက်သွားကြတယ်။
ဖြိုးမင်းသိန်းဟာ ကျောင်းသားဖြစ်ပေမယ့် ကျောင်းသားတွေနဲ့မရပ်တည်ခဲ့ဘဲ ပထမ လက်ဝဲအုပ်စု
နဲ့ရပ်တည်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ခေါင်းဆောင်တွေ အဆင်ပြေချိန်မှာ NLD အုပ်စုဘက်ကို
သာကူးလုပ်လိုက်ပါတယ်။ ထောင်ထဲမှာ နှစ်ရှည်နေလာရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့
တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့အခါမှာ ခိုက်ရန်ဖြစ်ပွါးတတ်ပါတယ်။
၂၀၀၁ ရဲ့ ညနေခင်းတစ်ခုမှာ ဖြိုးမင်းသိန်းနေတဲ့ တိုက်ဝင်းထဲမှာ UG ကျော်မြကို ဖြိုးမင်းသိန်း နဲ့
NLD အုပ်စုဝင်တွေထဲက ဦးအောင်နိုင် နဲ့ ကျော်အေးနိုင် တို့က ဝိုင်းထိုးကြတယ်။ ရန်ဖြစ်တယ်ဆို
ပေမယ့် စနစ်တကျ အုပ်စုဖွဲ့ အနိုင်ကျင့်တဲ့ပုံစံပေါ့။ အဲဒါကို တွေ့ပြီး အခြားတိုက်ဝင်းတွေက အုပ်စု
၃ စုလုံးက နိုင်ငံရေးအကျဉ်းသားတွေပါ ရန်ပွဲထဲပါလာကြပြီး အဆောင်က ရာဇဝတ်အကျဉ်းသားတွေ
ဆီပါ ကူးဆက်သွားမှာစိုးလို့ အဲဒီအချိန်က ထောင်တာဝန်ခံအရာရှိက သေနတ်အပေါ်ထောင်ဖေါက်ပြီး
ထိမ်းခဲ့ရတယ်။ ညဘက်ကျတော့ အဖွဲ့ပေါင်းစုံက အရာရှိတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတယ်။
တောင်ငူထောင် နိုင်ငံရေးအကျဉ်းသားတွေကိုတာဝန်ယူထားရတဲ့ တောင်ငူနယ်မြေခံတပ်မတော်
ထောက်လှမ်းရေးအရာရှိတွေလည်းပါတာပေါ့။
အဲဒီမှာ ရန်ဖြစ်တဲ့ အုပ်စု ၂ ခုရဲ့ ထွက်ချက်တွေက စိတ်ဝင်စားစရာကောင်းသလို နောင်တစ်ချိန်
ထောင်တွင်းဖြတ်သန်းမှုသမိုင်းအတွက် အရေးပါတဲ့ သက်သေခံတွေဖြစ်ခဲ့ရပါတယ်။
ရန်ဖြစ်တဲ့ အုပ်စုကို စစ်ထောက်လှမ်းရေးက ယေဘူယျအားဖြင့် လက်ဝဲအုပ်စု နဲ့ လက်ယာအုပ်စု
ဆိုပြီးသတ်မှတ်လိုက်တယ်။ (တချို့ လက်ဝဲမဟုတ်ဘဲ လက်ဝဲအုပ်စုဘက်သတ်မှတ်ခြင်းခံလိုက်ရ
သူတွေလည်းရှိတယ်။ဥပမာ- ကိုကျော်မြ ကို ဝိုင်းထိုးနေကြတဲ့ထဲက NLD က ကျော်အေးနိုင် ကို
ဝင်ထိုးတဲ့ တပ်ဦးကျောင်းသား သားကြီး(ခ)သော်ထွန်းဦး ကို လက်ဝဲအုပ်စုထဲထဲ့လိုက်တယ်)
ညဘက် ပဏာမ စစ်ဆေးချက်တွေမှာ UG ကျော်မြ က ထောင်ထဲမှာ နှစ်ရှည်နေနေရတဲ့အတွက်၊
အထူးသဖြင့် ၈ ပေ/၁၀ ပေသာကျယ်တဲ့ တိုက်ခန်းထဲမှာ အကျဉ်းသား ၃/၄ ယောက်နဲ့ နှစ်ရှည်
အကျဉ်းချခံထားရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုတွေကြောင့် အခန့်မသင့်လို့ အချင်းချင်း
ရန်ဖြစ်ကြတာဖြစ်ပါတယ် လို့ ထွက်ဆိုခဲ့ပေမယ့် ဖြိုးမင်းသိန်း က UG ကျော်မြ နဲ့ ဗမာပြည်ကွန်မြူ
နစ် UG တွေဟာ အဆောင်က ရဇဝတ်သားတွေနဲ့ ထောင်ကို ဆူပူအောင်ဖန်တီးပြီး ထောင်ဖေါက်
ထွက်ပြေးဖို့ကြံစည်ပါတယ် လို့ ထွက်ဆိုခဲ့ပါတယ်။
အပိုင်းသုံး။ ။
နောက်တော့ အဲဒီ ဖြိုးမင်းသိန်းရဲ့ ထွက်ချက်အရ
အကျဉ်းဦးစီးဌာန နဲ့ လုံခြုံရေးအဖွဲ့တွေက ထောင်ထဲမှာတင် အထူးခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့တဲ့အခါမှာလည်း
ကိုကျော်မြက သူ ပဏာမစစ်ဆေးစဉ်ကထွက်ဆိုခဲ့တဲ့အတိုင်းထွက်ဆိုပြီး ဖြိုးမင်းသိန်းက ပဏာမစစ်ဆေး
စဉ်ကထွက်ဆိုခဲ့တဲ့အတိုင်း လက်ဝဲအုပ်စုရဲ့ ထောင်ဆူပူမှုနဲ့ ထောင်ဖေါက်ရန်ကြံစည်မှုတို့ကို တားဆီးခဲ့
တာသာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားအချင်းချင်း နောက်ကျော ဓါးနဲ့ထိုးပြီးသစ္စာဖေါက်ခဲ့ပါတယ်။
အဲဒီအချိန်က စစ်ဆေးခဲ့တဲ့ တောင်ငူထောင်အကျဉ်းဦးစီးအရာရှိတွေ၊ဝန်ထမ်းတွေ၊နယ်မြေခံသတင်းတပ်ဖွဲ့
အရာရှိတွေ၊ဒေသခံတပ်မတော်ထောက်လှမ်းရေးအရာရှိဟောင်းတွေ ခုချိန်ထိသက်သေအဖြစ်ရှိနေကြပါ
သေးတယ်။ ၂၀၀၄ မှာ တပ်မတော်ထောက်လှမ်းရေးကို ဖျက်သိမ်းလိုက်တဲ့အတွက် တောင်ငူဒေသခံ
စစ်ထောက်လှမ်းရေးတွေလည်း တောင်ငူထောင်ထဲရောက်လာကြတဲ့လို့သက်သေခံ စစ်ကြောရေး
စာရွက်စာတမ်းတွေ ရှိချင်မှရှိတော့မှာဖြစ်ပေမယ့် အကျဉ်းဦးစီးဌာန နဲ့ သတင်းတပ်ဖွဲ့မှာတော့ သက်သေခံ
ထွက်ဆိုချက်၊စစ်ဆေးမေးမြန်းချက်တွေခုချိန်ထိရှိနေပါတယ်။ ဒါဖြိုးမင်းသိန်းရဲ့ သမိုင်းဆိုးဖြစ်ပါတယ်။
သူ့ကြောင့် သူအပါအဝင် အခြား နိုင်ငံရေးအကျဉ်းသား ၁၀ ဦး ထောင် ၇ နှစ်စီထပ်မံကျခံခဲ့ကြရပါတယ်။
သူလို ထောင်တွင်းဖြတ်သန်းမှုသမိုင်းရိုင်းခဲ့တဲ့သူကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းက NLD က
လှည်းကူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း
NLD မှထပ်မံရွေးချယ်ခံခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ်ပါရွေးချယ်လိုက်ခြင်းဟာ
နိုင်ငံရေးသမိုင်းမှာ မဖြစ်သင့်တဲ့ မှားယွင်းမှုကြီးဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားအချင်းချင်း လုပ်ကြံပြီး
နောက်အမှုနဲ့ ထောင် ၇ နှစ်စီပြစ်ဒဏ်ကျခံရအောင်လုပ်ခဲ့တဲ့ နိုင်ငံရေးသစ္စာဖေါက်တစ်ယောက်ကို ဒီလို
မတန်တရာ ကြီးမားတဲ့ တာဝန်ပေးထားခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမျာနေထိုင်ကြတဲ့
ပြည်သူလူထုအတွက် အန္တရာယ်အလွန်ကြီးပါတယ်။
အထူးသဖြင့် ခုလို သံဃာကိုသင်းခွဲတဲ့ ဒေဝဒတ်လို လုပ်ရပ်မျိုးလုပ်ဆောင်ပြီး တိုင်းပြည်ကို မတည်မငြိမ်
ဖြစ်အောင်လုပ်နေတဲ့ ငရဲခွေးကြီး ဖြိုးမင်းသိန်းကို အမြန်ဆုံး ဖြုတ်ချပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး
၁၀-၇-၂၀၁၆
No comments:
Post a Comment