Saturday, July 16, 2016

လျှပ်စစ်ကို တရုတ်နှင့် လာအိုမှ ဝယ်ယူရန် စီစဉ်နေ

 မြန်မာနိုင်ငံအပါ အဝင် အာဆီယံဒေသတွင်း ထွက် ရှိသော စွမ်းအင်ကို ဒေသတွင်း နိုင်ငံအားလုံး မျှဝေသုံးစွဲနိုင်ရေး အတွက် စွမ်းအင်သယ်ယူပို့ ဆောင်ရေးကွန်ရက်ကို လာမည့် ၂၀၂၀ ပြည့်နှစ်၌ စတင်၍ စီမံကိန်း၂၅ ခုဖြင့် ဆောင်ရွက်ရန် ရည်မှန်း ထားကြောင်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် (၃၄)ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်  မြင့်အရာရှိကြီးများအစည်းအဝေး အပြီး၌ သတင်းထုတ်ပြန်သည်။

အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအ စည်းအဝေးကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဇူလိုင် ၁၂ ရက်မှ ၁၅ ရက်အထိ လေးရက် ကြာ ပြုလုပ်ခဲ့သည်။
‘‘လျှပ်စစ်ကို အိမ်နီးချင်းနိုင်ငံ တွေနဲ့ ချိတ်ဆက်ပြီး ကိုယ့်ဆီက ပိုတာတွေကို ရောင်းမယ်။ ကိုယ့် ဆီမှာ လိုနေရင် ဝယ်မယ်။ အဲဒီ အတွက် လျှပ်စစ်သွားဖို့၊ လိုင်း တွေကို ဆွဲဖို့ စီမံကိန်းကို စီမံနေပါ တယ်’’ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦး ထိန်လွင်က ပြောသည်။
‘‘ကျွန်တော်တို့နိုင်ငံအနေနဲ့ ကတော့ တရုတ်ကနေပြီး ပြန်ဝယ်ဖို့လည်း အစီအစဉ်ရှိတယ်။ ထို့အ တူ လာအိုကနေ ဝယ်ဖို့လည်း ဆွေးနွေးနေပါတယ်’’ဟု ဦးထိန်လွင်က ဆက်လက်ပြောကြားသည်။
အာဆီယံစွမ်းအင်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်မှုလုပ်ငန်းအစီ အစဉ်၏ပထမအဆင့်ကို လာအို၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် စတင်ဆောင်ရွက်မည်ဖြစ်သည်။
‘‘တချို့နိုင်ငံတွေက နိုင်ငံနှစ် နိုင်ငံချင်း ဆွေးနွေးနေကြတာရှိသ လို တချို့ကလည်း processing  အဆင့်၊ တချို့ကတော့ စတင်လုပ်ဆောင်နေကြပြီ’’ဟု မလေးရှား နိုင်ငံကိုယ်စားပြု တက်ရောက်လာသော မလေးရှားစွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ပထမအဆင့်အဖြစ် ၂၀၁၆ မှ ၂၀၂၀ အတွင်း ဆောင်ရွက်မည် ဖြစ်ကာ လာအိုနိုင်ငံမှ ထွက်ရှိ သည့် ဓာတ်အားကို ထိုင်းနိုင်ငံမှ ဖြတ်သန်း၍ မလေးရှားနိုင်ငံသို့ ရောင်းချမည်ဖြစ်သည်။
‘‘ဒီစီမံကိန်းက ရေရှည်မှာ အာဆီယံဒေသကြီးတစ်ခုလုံးစွမ်း အင်ကို လုံလုံလောက်လောက်ရ အောင်လို့။ စွမ်းအင်ဆိုတော့ oil & gas လည်း ပါတယ်။ လျှပ်စစ် လည်း ပါတယ်။ အဲဒီတော့ အာ ဆီယံဒေသတွင်း တစ်ခုလုံး လျှပ် စစ်တွေ၊ လောင်စာဆီတွေ၊ ဂက်စ်တွေ ဖူလုံသွားအောင်လို့’’ဟု အ မြဲတမ်းအတွင်းဝန်က ပြောသည်။

No comments: