Monday, July 25, 2016

အေးခဲကြက် အကြောင်းဆွေးနွေးခြင်း ==========================



ကွီးဖြိုးဟာ တကယ်တော်တဲ့  ...
ဝန်ကြီးချုပ် တစ်ယောက်ဖြစ်ပါတယ် ...

ဘာပဲ ဖြစ်ဖြစ် ...
ကွီးဖြိုး လုပ်သမျှ ကိစ္စတိုင်းဟာ ....
ဟုတ်တာ မဟုတ်တာ အပထား ....
ပွဲတော့ ဆူသွားစေခဲ့တာပါပဲ ....

မနေ့ က ကျွန်တော်တို့  ...
ပြည်သူရေးရာ စီမံခန့် ခွဲမှု မဟာတန်းရဲ့  ...
Group Discussion က ...
ကွီးဖြိုး ရဲ့  နာမည်ကျော် အေးခဲကြက်သား ကိစ္စပါ ...
ကွီး ဘလက်ပစ်ကတော့ Group 1 က အဖွဲ့ ဝင်ဖြစ်ပါတယ် ....

ကြီးဘလက္ပစ္တို ့ Group 1 က ....
ကွီးဖြိုး ရဲ့  အေးခဲကြက်သားကိစ္စကို ....
အားလုံးဝိုင်း စဉ်းစားကြပါတယ် ....

အေးခဲကြက်သား သွင်းလိုရတဲ့  ရည်ရွယ်ချက်က ...
ကြက်သားကို အများပြည်သူ ဈေးသက်သက်သာသာနဲ့  ...
ဝယ်ယူစားသုံးနိုင်ဖို့  ဖြစ်ပါတယ် ...

Group 1 က ၀ိုင်းစဉ်းစားကြတာတော့ ....
ပထမဆုံး အေးခဲကြက်သား သွင်းရင် ....
ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတဲ့  အကျိုးအပြစ်တွေပါ ...
အကျိုးကတော့ ...
ပြည်သူတွေ ဈေးသက်သက်သာသာ ...
စားသုံးနိုင်တာလောက်ပါ ...
ကျန်တာတွေကတော့ အပရိကလောက်ပါပဲ ...

အပြစ်ကတော့ ...
ပြည်တွင်းဈေးကွက် ပြိုလဲ ...
အေးခဲ ကြက်သားဟာ ကျန်းမာရေး နှင့် ညီ မညီ ...
FDA အနေနဲ့  ၀င်လာသမျှ အေးခဲကြက် / ကြက်အရှင် တွေကို ...
Monitoring လုပ်နိုင်စွမ်း ရှိ / မရှိ ...
သွင်းကုန် မြင့်တက် ...
ဒေါ်လာငွေမာများ ယိုစီး ...
ပြည်တွင်းစီးပွားရေး ကျဆင်း ...
အလုပ်လက်မဲ့  ပြသနာ မြင့်တက် ....
စသဖြင့် စသဖြင့်ပါ ...

တစ်ခါ မတင်သွင်းဘူးဆိုရင် ဆိုပြီး ...
ပြန်စဉ်းစားကြပါတယ် ....
အေးခဲကြက် မတင်သွင်းပဲနဲ့  ...
ကြက်သားဈေးကို ဘယ်လိုချမလဲလို့  ပြန်စဉ်းစားကြတာပါ ...

ဒီအခါမှာ နှစ်ပိုင်း ပြန်ထွက်လာပါတယ် ...
မွေးမြူရေး လုပ်ငန်းရှင်များ အပိုင်း နဲ့  ...
ခြံက ကြက်ကို ဈေးကွက်ထဲ ရောင်းချတဲ့ အပိုင်းပါ ...

မွေးမြူရေး လုပ်ငန်းရှင်များ အပိုင်းမှာ ...
ကြက်ပေါက်ဈေးနူန်း ၊ ဆေးဝါး ၊ အစာ ၊ နည်းပညာ
ကြက်ခြံ ၊ လုပ်သား စသဖြင့် စသဖြင့် ...
ကုန်ကျစရိတ်တွေပါဝင်ပါတယ် ...
ကြက်တစ်ကောင်ရဲ့  ခြံဖမ်းဈေးက ...
ပျှမ်းမျှ ၃၀၀၀ - ၃၅၀၀ ဖြစ်ပါတယ် ...

ဒီအပိုင်းကို အစိုးရက အထောက်အပံ့ ပေးရင် ...
၁၅၀၀ လောက် ထပ်လျော့ချနိုင်မယ်လို့  ...
ကွီး ဘလက်ပစ် တို့ အဖွဲ့ က ...
ဝိုင်း စဉ်းစားကြပါတယ် ...

ခြံဖမ်းဈေး ၃၀၀၀ - ၃၅၀၀ ရှိတဲ့ ကြက်ဟာ ...
ဈေးကွက်ထဲရောက်ချိန် ...
၇၀၀၀ အထိ မြင့်တက်သွားပါတယ် ...
အရင်းအနှီးက သယ်ယူစရိတ် ...
အသင့် ရောင်းချသည့် အနေအထားရောက်အောင်
လုပ်ဆောင်သည့် စရိတ် ...
သက်ဆိုင်ရာ အခွန်အခများ ...
စသဖြင့် စသဖြင့် တို့ ဖြစ်ပါတယ် ...

ဒီအပိုင်းကိုလဲ အစိုးရအနေနဲ့  ...
ထိရောက်တဲ့  အကူအညီနဲ့  ကြပ်မတ်မှုများ လုပ်ရင် ...
နှစ်ထောင်လောက်ထိ စရိတ်လျော့ချနိုင်ပြီး ...
စုစုပေါင်း စရိတ် ၃၅၀၀ ခန့် လျော့ကျကာ ...
ဈေးကွက်ထဲမှာ ၃၅၀၀ ခန့် ဈေးဖြစ်သွားနိုင်ပါတယ် ...

ကြက်မွေးမြူရေး အများအပြား လုပ်ခဲ့တဲ့  ...
ညီငယ် ရဲမျိုးလွင် မနေ့ က ကျွန်တော့်ကို Tag တွဲ ပြီး ....
ပေါက်ကွဲခဲ့တဲ့  အကြောင်းအရာလေးကိုလဲ ...
ထည့်သွင်း ဆွေးနွေးကြပါတယ် ...

ညီငယ်ရဲမျိုးလွင် ရဲ့  အဓိက တောင်းဆိုချက်က ...
ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ အနေနဲ့  ...
ထိရောက်တဲ့  ဘဏ်ချေးငွေ ရရှိဖို့ နဲ့  ...
အခွန်အခ လျှော့ချဖို့  ...
ဈေးတွေမှာ ကြက်သားရောင်းဖို့  နေရာတစ်ခုစီ ...
အခွန်လွတ် ထားပေးဖို့  တောင်းဆိုတာ ဖြစ်ပါတယ် ...

ဒါဆိုရင် ....
ခုနက ပြောတဲ့  ခြံက ကြက်ကို ...
ဈေးကွက်ထဲ ရောင်းချတဲ့  အထိ အပိုင်းကို ...
မွေးမြူရေး လုပ်ငန်းရှင်တွေကပဲ ...
ဈေးကွက်ထဲ အရောက် ...
၄၀၀၀ ဈေးလောက်နဲ့  ရောင်းချနိုင်မယ်လို့  ...
အကြံပြုပါတယ် ....

အပြီးသတ် သုံးသပ် ဆုံးဖြတ်ချိန်မှာတော့ ...
ကြီးဘလက္ပစ္တို ့ အဖြဲ ့က ...

၁။ ပြည်တွင်း ဈေးကွက်ကို အထောက်အပံ့ ပေးကာ ...
ဈေးနူန်း လျော့ချရေး ဆောင်ရွက်ဖို့  ...

၂။ ချက်ချင်းဆောင်ရွက်နိုင်မှု မရှိသေးလို့ 
အေးခဲကြက်သား တင်သွင်းရလျှင် ...
ပြည်တွင်းဈေးကွက်ကို အကာအကွယ်ပေးရန်
အကန့် အသတ်ဖြင့်သာ တွက်ချက် တင်သွင်းဖို့  ...
ဒီလို ဆုံးဖြတ်ကြပါတယ် ....

ညနေပိုင်းမှာ တွေ့ တဲ့  မိတ်ဆွေတစ်ယောက်ကတော့...
ဘဏ်စနစ် သိပ်ကွာတယ် ကွီးဘလက်ပစ်လို့  ...
ညည်းရှာပါတယ် ...

သူတို့ က ပြားဂဏန်းလောက် ဘဏ်တိုးနဲ့  ...
အလုပ်လုပ်ချိန်မှာ ...
ကိုယ်တွေက အပြင်က သုံးကျပ်တိုးလောက်နဲ့  ...
ဆွဲပြီး လုပ်နေရတာ ....
ကြက်လုပ်ငန်းမှ မဟုတ် ...
အရာရာ ဒီအတိုင်းပဲ လို့  ...
စိတ်ပျက်လက်ပျက် ပြောဆိုပါတယ် ....

ပြောရင်းပြောရင်း ...
အတိုက်အခံပါတီ ပျောက်နေတဲ့  ...
အကြောင်းရောက်သွားတော့ ...
နောက်မိတ်ဆွေ တစ်ယောက်က ...
စိတ်ဆိုးမာန်ဆိုးနဲ့  ...

ပြည်ခိုင်ဖြိုးကလူတွေက ...
တစ်သက်လုံး အစိုးရ လုပ်လာတော့ ....
အတိုက်အခံ မလုပ်တတ်ဖူးလေ ...

အခု NLD က ငတိတွေကျတော့ ...
တစ်သက်လုံး အတိုက်အခံ လုပ်လာလို့  ...
အစိုးရ မလုပ်တတ်ဖြစ်နေတာလို့  ...
ဝင်ပြီး သြဘာပေးပါတယ် ...

အခု ဒီစာကို ရေးနေချိန်မှာပဲ ...
ကျွန်တော်တို့ ရဲ့  နာမည်ကျော် ကွီးဖြိုးဟာ ...
တစ်နိုင်ငံလုံးက တက္ကသိုလ်တွေကို ...
ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးသွားမှာ ဖြစ်ကြောင်း နဲ့  ...
အခြေခံပညာဥပဒေ၊ အဆင့်မြင့်ပညာ ဥပဒေနဲ့ ....
ပုဂ္ဂလိကကျောင်းဥပဒေတွေကို ပေါ်ထွက်လာဖို့  ...
NLD လွှတ်တော်ကိုယ်စားလှယ်အများစုပါဝင်တဲ့ လွှတ်တော်က ...
ကြိုးစားရမှာ ဖြစ်ကြောင်း ...
ရွှေပါရမီပညာရေးဖောင်ဒေးရှင်းရဲ့ ...
ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲမှာ ...
ထပ်မံပြောဆိုလိုက်ပါပြီ ....

ကျွန်တော် အားတဲ့  တစ်နေ့ မှာ ...
ကွီးဖြိုးကို ...
မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေ ၀န်ကြီးချုပ်အဖြစ် ...
ဂုဏ်ထူးဆောင် ခန့် အပ်သွားနိုင်ဖို့ ...
ဆန္ဒမဲ လက်မှတ်များ ကောက်ခံသွားမှာ ဖြစ်ပါတယ် ...
အားလုံး ကျန်းမာ ချမ်းသာကြပါစေ ...

ရဲမိုး


No comments: