Wednesday, June 22, 2016

ဖြစ်စဉ်အမှန်ကို အများသူငါ သိစေဖို့ ဖော်ပြလိုက်ပါတယ်====================



ဖြစ်စဉ်အမှန်ကို အများသူငါ သိစေဖို့ ဖော်ပြလိုက်ပါတယ်
=====================================
22, June, 2016 By Kachin Land


၂၀၁၆ ဇွန်လ ၂၀ရက်နေ့ ည ၉ နာရီခန့်တွင် ဗလမင်းထင်တံတားဘက်မှ ပြန်လာသော
မောင်မျိုး(ခ)မောင်ဝင်းမျိုးသန့်၊ မောင်ဆီဆာရဲ့၊
မနွေးနွေး(ခ)မနွေးစန္ဒီဇော်နှင့် မနန်းလေးဝါတို့ လေးဦးအား
အုပ်စုဖွဲ့ရမ်းကားသူ လူငယ် ၈ဦးမှ ကိုယ်ထိလက်ရောက် ရမ်းကားမှုတို့ကြောင့်
မပြန်ရဲသဖြင့် လိုက်ပါပို့ဆောင် ပေးရန် အကူအညီတောင်းခံမှုအရ ဗလမင်းထင်တံတား
လုံခြုံရေး တာဝန် ထမ်းဆောင်နေသော စစ်သည်(၂)ဦးမှ သီတာရပ်ကွက်အထိ
လိုက်ပါကူညီပို့ဆောင်ပေးခဲ့ ပါသည်။ ထို့နောက်စစ်သည် (၂)ဦး၏အပြန်တွင်
ရမ်းကားသူ လူငယ်(၈)ဦးမှ အဆိုပါ စစ်သည် (၂)ဦးအား
စောင့်ဆိုင်း၍ဝင်ရောက်တိုက်ခိုက်ကာ လက်နက်လုယူရန် ကြိုးစားသဖြင့် ကျည်ပေါက်
ထွက်ကာ လူငယ်(၈)ဦးအဖွဲ့မှ မောင်ဂွမ်ဆိုင်းအောင်အား ကျည်ထိမှန်ကာ
သေဆုံးသွားခဲ့ပါ သည်။
အဆိုပါဖြစ်စဉ်တွင်
ကိုယ်တိုင်ကိုယ်ကျပါဝင်သည့် မောင်ဆီဆာရဲ့နှင့် မနွေးနွေး(ခ) မနွေး စန္ဒီဇော်
တို့၏ ပြောကြားချက်များအား အများသူငါသိရှိစေရန်အတွက် ဖြစ်စဉ်အမှန်ကို
ဖော်ပြပေး လိုက်ပါသည်။

No comments: