GQ မဂ္ဂဇင်းမှာ မြင်ရတဲ့ ဆယ်လီနာဂိုးမက်ရဲ့ အလှပုံရိပ်တွေက သူမရဲ့ ပရိသတ်တွေအဖို့ ကျေနပ်နှစ်သက်စရာ ကောင်းနေပါလိမ့်မယ်။ သူမက ယခင်ထက်ပိုပြီး ဆွဲဆောင်မှုလည်း ကောင်းနေပါသေးတယ်။
မဂ္ဂဇင်းမှာ အင်တာဗျူးဖြေတဲ့အခါ သူမရဲ့ ကလေးဘဝပုံရိပ်တွေနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် နည်းနည်းလေးမှ ဂရုမစိုက်ဘူးလို့လည်း ဖြေကြားခဲ့ပါတယ်။
" ဘုရားရေ သနားဖို့ကောင်းလိုက်တဲ့ ငါပါလား၊ ငါ့မှာ သာမာန်ကလေးဘဝမျိုး မရခဲ့ပါလား စတာတွေကို အရေးတယူလုပ်ပြီး ပြောမှာမဟုတ်ဘူး" လို့ ဆယ်လီနာက ပြောပါတယ်။
တစ်နေ့တစ်ခြား ဆက်စီပိုကျလာတဲ့ ဆယ်လီနာက Bad Neighbour 2 မှာလည်း အလန်းဇယားလေးအဖြစ် သရုပ်ဆောင်ထားပါသေးတယ်။
Source : GQ
No comments:
Post a Comment