Monday, April 18, 2016

ဒေါ်အောင်ဆန်းစုကြည် .. ခဏခဏ ပြောခဲ့ဖူးတယ် .. တရားဥပဒေစိုးမိုးရေး တဲ့ ..

ဒေါ်အောင်ဆန်းစုကြည် ..
ခဏခဏ ပြောခဲ့ဖူးတယ် ..
တရားဥပဒေစိုးမိုးရေး တဲ့ ..

နှစ်ဆန်း ၁ ရက်နေ့မှာ ..
ယုံကြည်ချက်ကြောင့် ပစ်ဒဏ်ခံရတဲ့ ..
နိုင်ငံရေး အကျဉ်းသားများဆိုတဲ့ ..
ခေါင်းစဉ်အောက်မှာ ..
နိုင်ငံရေးနဲ့ ဘာမှမဆိုင်တဲ့ ..
အပစ်ရှိတဲ့ သူတွေပါ ..
ထောင်ကနေ လွှတ်ပေးခဲ့တယ် ..

၁။
ထင်လင်းဦး
(ယခင် NLD ပါတီ CEC)
" ကုလားမုန်းရင် ဘုရားလဲ မကိုးကွယ်နဲ့ ..
  ဘုရားလဲ ကုလားပဲ .. ဗုဒ္ဓဘာသာကို ..
  သင်္ဃန်းဝတ်တွေ ဖျက်ဆီးနေတာ ..
  မောင်ကိုနှမယူ ..အမကိုမောင်ယူ ..
  အဲတာကို သာကီမျိုးလို့ခေါ်တယ် ..
  ဘုန်းကြီးတပါးက ငါတို့က သာကီမျိုးကွလို့ ..
  လာပြောရင် မင်းနဲ့ငါ ကုတုံးနဲ့ဆံပင်ပဲကွာတယ်
  လို့ အဲ့ဒီဘုန်းကြီးကိုပြောလိုက် "

ဆိုပြီး စာပေဟောပြောပွဲမှာ ..
ဗုဒ္ဓဘာသာကို စော်ကားမိုက်ရိုင်း ..
ဟောပြောခဲ့လို့ ပစ်ဒဏ်ချခံရသူပါ ..

၂။
စံမောင်သာ
စံအေးမောင်
တင်ရွှေ
ရွှေလုံး(ခ)ရွှေစိန်ဝင်း

ရခိုင်ပြည်နယ်မှာ ..
လက်နက်ကိုင်သောင်းကျန်း ..
အဖျက်အမှောက်လုပ်နေတဲ့ ..
AA သောင်းကျန်းသူ သူပုန်တွေနဲ့ ..
ဆက်စပ်ပြီး သတင်းပေးဆက်သွယ်သူတွေ ..
ဖြစ်ပြီး အပစ်ထင်ရှားလို့ ထောင်ချခံထားရသူတွေပါ ..
ဒီသူတွေနဲ့ ပတ်သတ်ပြီး ..
ပြည်ထဲရေးက သောင်းကျန်းသူတွေနဲ့ ..
အဆက်အသွယ်ရှိသူတွေ ဖြစ်ကြောင်း ..
သေချာပြန်တင်ပြခဲ့ပေမယ့် ..
သမ္မတရုံးအမိန့် ..
အားလုံး လွှတ်ဆိုပြီး လုပ်ခဲ့ပါတယ် ..

××××

ဒေါ်အောင်ဆန်းစုကြည်ကို မေးချင်တယ် ..

ဒေါ်အောင်ဆန်းစုကြည် ပြောပြောနေတဲ့ ..
တရားဥပဒေ စိုးမိုးရေးဆိုတာ ..
ငါတို့ အာဏာရပြီ ..
ငါတို့ လုပ်ပိုင်ခွင့်ရှိပြီ ..
ငါတို့ လုပ်ချင်တာလုပ်မယ် ..ဆိုတာကြီးလား .... ?

ဥပဒေပုဒ်မတွေ မလိုအပ်တော့ဘူးလား ?
တရားရုံးတွေ မလိုအပ်တော့ဘူးလား ?

ဗုဒ္ဓဘာသာကို ညိုးနွမ်းအောင် ..
ရည်ရွယ်ချက်ရှိရှိ စင်ပေါ်တက်ဟောပြော ..
မိုက်ရိုင်းစော်ကားတဲ့သူက အပစ်မရှိဘူးလား ?

တရားဥပဒေအပြင်ကနေ ..
လက်နက်ကိုင် သောင်းကျန်းနေသူတွေနဲ့ ..
အဆက်အသွယ်ရှိပြီး အဖျက်လုပ်နေသူတွေက ..
ဘာအပစ်မှ မရှိတော့ဘူးတဲ့လား ?

အဖြေလေးပြန်ပေးပါ ..
သမ္မတကိုညွန်ကြားနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ။။။။

Aye Chan Min

No comments: