၁။ ဇန် ဇီရီ
ဇန်ဇီရီက အကျော်ကြားဆုံး တရုတ်မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အာရှရဲ့ အလှဆုံး အမျိုးသမီး ၁၀ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါ့ပြင် ကမ္ဘာ့ဆက်စီအဖြစ်ဆုံး အမျိုးသမီးစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဇန်ဇီရီဟာ သရုပ်ဆောင်ပိုင်းမှာလည်း အလွန်တော်သူဖြစ်ပြီး နိုင်ငံတကာ ထူးချွန်ဆု အများအပြား ရရှိထားပါတယ်။
၂။ ဂေါင်လီ
တရုတ်ရုပ်ရှင်တွေကို ဥရောပနဲ့ အမေရိကန်မှာပါ ကျော်ကြားစေခဲ့တဲ့ မင်းသမီးအဖြစ် ဂေါင်လီကို ညွန်းဆိုကြပါတယ်။ တင့်တယ်လှပတဲ့ သူမရဲ့ စတိုင်လ်က တရုတ်မင်းသမီးတွေထဲမှာ ထင်ရှားလှပါတယ်။
၃။ ဘိုင်ယန်ကာ ဘိုင်
ဘိုင်ယန်ကာ ဘိုင်က အရှေ့အာရှမှာ ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီးပါ။ အနုပညာလောကို မော်ဒယ်တစ်ဦးအဖြစ် စတင်ခဲ့ပြီး သရုပ်ဆောင်ဘက်မှာပါ အောင်မြင်လာခဲ့သူ ဖြစ်ပါတယ်။ သူမက တီဗီရုပ်သံဇာတ်လမ်းတွဲ အများအပြားမှာ ပါဝင်ခဲ့ပါတယ်။ သူမရဲ့ ကိုယ်နေဟန်ထားနဲ့ အပြုံးက စွဲမက်ချင်စရာလို့ ညွှန်းဆိုကြပါတယ်။
၎။ ကျင်းကျိ
ကျင်းကျိရဲ့ အလှအပနဲ့ ဆက်စီကျမှုက အမျိုးသားတွေ စွဲမက်ကြပါတယ်။ သူမက မြူဆွယ်ဖြားယောင်းတဲ့ ဇာတ်ရုပ်တွေကို အဓိက သရုပ်ဆောင်ခဲ့ပါတယ်။ သွယ်လျတဲ့ သူမရဲ့ ခန္ဓာကိုယ်နဲ့ ဆက်စီကျမှုက စွဲဆောင်မှုအကောင်းဆုံး တရုတ်မင်းသမီးစာရင်း ဝင်စေခဲ့ပါတယ်။
၅။ ခရစ်စီ ချောင်း
ခရစ်စီ ချောင်းက ဟောင်ကောင်မှဖြစ်ပြီး အကျော်ကြားဆုံး တရုတ်မင်းသမီး ဖြစ်ပါတယ်။ သူမက ထိတ်လန့်ကြောက်ရွံ့စရာ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာလောကကို ခြေချခဲ့သူပါ။ ခရစ်စီ ချောင်းက တရုတ်မှာသာမက မလေးရှားနဲ့ ထိုင်ဝမ်မှာလည်း ပေါ်ပြူလာဖြစ်တဲ့ မင်းသမီး ဖြစ်ပါတယ်။
၆။ ခရစ်စတယ် လုရီဖေး
ခရစ်စတယ် လုရီဖေးက သဘာဝအလှကို ပိုင်ဆိုင်ထားသူလို့ ညွှန်းဆိုကြပါတယ်။ သူမက မော်ဒယ်နဲ့ ပရော်ဖက်ရှင်နယ် အကမယ်တစ်ဦးအဖြစ် အနုပညာလုပ်ငန်းတွေ စတင်ခဲ့သူပါ။ 'The Forbidden Kingdom' ဇာတ်ကားနဲ့အတူ ပရိသတ် အခိုင်အမာရရှိခဲ့တဲ့ အကျော်ကြားဆုံး တရုတ်မင်းသမီး ဖြစ်ပါတယ်။
၇။ ဇန်ဇင်ယူ
သူမက တရုတ်နိုင်ငံမှ ဆက်စီအကျဆုံး မင်းသမီးအဖြစ် သတ်မှတ်ခံထားရသူပါ။ သရုပ်ဆောင်အဖြစ်သာမက အဆိုတော်နဲ့ မော်ဒယ်အဖြစ်လည်း အောင်မြင်သူ ဖြစ်ပါတယ်။ 'If You Are the One 2' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှာ ပေါ်ပြူလာအဖြစ်ဆုံး မင်းသမီးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၈။ လင်းဟန်း
လင်းဟန်းက ဟောင်ကောင်မှာ မွေးဖွားပြီး တရုတ်မှာ အောင်မြင်ကျော်ကြားတဲ့ မင်းသမီး ဖြစ်ပါတယ်။ သူမရဲ့ အလှအပကြောင့် ဟောင်ကောင်မှာ မော်ဒယ်တစ်ဦးအဖြစ် နာမည်ကြီးခဲ့ပြီးနောက် တရုတ် ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။
၉။ ဂိုင်လီ လော့
သူမရဲ့ အလှအပကြောင့် မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ မကြာခဏ ဖော်ပြခံရသူဖြစ်ပြီး နောက်ပိုင်းမှာ မော်ဒယ်နဲ့ မင်းသမီးအဖြစ် အနုပညာအလုပ်တွေ လုပ်ကိုင်ခဲ့ပါတယ်။ သူမရဲ့ အောင်မြင်တဲ့ ဇာတ်ကားက 'I Do' ဖြစ်ပါတယ်။
၁၀။ ဖန် ဘင်းဘင်း
ဖန် ဘင်းဘင်းက အလှဘုရင်မအဖြစ် နာမည်ကြီးပါတယ်။ ၂၀၁၅ ခုနှစ်မှာ ဆက်စီအကျဆုံး တရုတ်မင်းသမီးစာရင်းမှာ ပါဝင်သူပါ။ ၁၉၉၈ ခုနှစ်မှာ အနုပညာအလုပ်တွေ စတင်ခဲ့ပြီး အချိန်တိုအတွင်း အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ အသားအရေ လှပမှုနဲ့ စွဲဆောင်မှုကောင်းတဲ့ မျက်လုံးအကြည့်တွေက နာမည်ကြီးပါတယ်။
၁၁။ ဇင်းရှန်း
ဆယ်ကျော်သက် မင်းသမီးလေး ဇင်းရှန်းက အကမယ်တစ်ဦးဖြစ်ခဲ့ပြီးနောက် သရုပ်ဆောင်နယ်ပယ်ကို ခြေချခဲ့သူပါ။ အခုအချိန်မှာ တရုတ်နိုင်ငံရဲ့ အလှပဆုံးနဲ့ ဆက်စီအဖြစ်ဆုံး မင်းသမီးအဖြစ် ပေါ်ပြူလာဖြစ်နေပါတယ်။
Source & Photo: RV
No comments:
Post a Comment