Tuesday, April 19, 2016

ဝေရောစန ကျောက်စိမ်းစေတီ၌ မြန်မာနှစ်ဆန်း(၁)ရက်နှင့်(၂)ရက်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဝေရောစန ကျောက်စိမ်းစေတီ၌ မြန်မာနှစ်ဆန်း(၁)ရက်နှင့်(၂)ရက်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့်စည်ကား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ နေပြည်တော် ဧပြီ ၁၈ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်ဟောင်းကုန်လွန်၍ ၁၃၇၈ ခုနှစ် မြန်မာနှစ် ဆန်း (၁)ရက် အခါသမယနှင့် နှစ်ဆန်း (၂) ရက်နေ့တို့တွင် မန္တလေး တိုင်း ဒေသကြီး အမရပူရမြို့နယ် ဝေရော စန ကျောက်စိမ်း စေတီတော်ကြီး ၌ ဘုရားဖူး ကုသိုလ်ကောင်းမှု ပြုသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ မြန်မာနှစ်ဆန်း (၁)ရက် အရုဏ်တက်ချိန်မှ စ၍ ဝေရောစန ကျောက် စိမ်း စေတီရှိ ရုပ်ပွားတော်များအား ဆွမ်း၊ ရေချမ်း ဆက်ကပ် လှူဒါန်းသူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများ၊ ကုသိုလ်ကောင်းမှု ပြုသူများ ဖြင့် အထူးစည်ကားလျက် ရှိသည်။ အလားတူ မြန်မာနှစ်ဆန်း (၂)ရက်နေ့တွင်လည်း ရုံး ပိတ်ရက်၊ ကျောင်းပိတ် ရက် များဖြစ်သည်နှင့်အညီ ကုသိုလ် ကောင်းမှုပြုသူ၊ ဘုရားဖူးများ ဖြင့် တိုးမပေါက်အောင် စည်ကားလျက်ရှိသည်။ (သန်းဦး၊ လေးမျက်နှာ)

No comments: