Tuesday, April 19, 2016

ကျောက်မီးသွေးတင်သဘောင်္ပေါ်သို့ လူအုပ်စုဖြင့် လုယက်ခဲ့သည့် ကွင်းဆက်တရားခံများအား ရှာဖွေဖမ်းဆီးနေ

ကျောက်မီးသွေးတင်သဘောင်္ပေါ်သို့ လူအုပ်စုဖြင့် လုယက်ခဲ့သည့်
ကွင်းဆက်တရားခံများအား ရှာဖွေဖမ်းဆီးနေ
------ ------ ------ ------ ------
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ လက်ဆောင်ယူကျေးရွာအနီး၊ဧရာဝတီမြစ်အတွင်း ဧပြီ၁၇ရက် မွန်းလွဲ၃နာရီခန့်က ကျောက်မီးသွေးတင်ဆောင်သည့် လွိုင်ဆမ်ဆစ်သဘောင်္ပေါ်သို့ အုပ်စုဖြင့် ပစ္စည်းများလုယက်သူ ၆-ဦးကို
ဖမ်းမိခဲ့ပြီး ထွက်ပြေးနှင့်ကွင်းဆက်တရားခံများကို ရဲတပ်ဖွဲ့က ရှာဖွေဖေါ်ထုတ်နေကြောင်း တံတားဦးရဲစခန်းမှ ဒုရဲအုပ် သန်းဝေက ပြောသည်။

လူ ၈-ဦးက စက်လှေတစ်စီးဖြင့် ခရီးသည်ဟန်ဆောင်ရောက်ရှိလာပြီး ရွှေထည် ၆-မျိုး (၁၅-သိန်းကျော်) ငွေသား-၈ သိန်းကျော်၊ လူသုံးကုန်ပစ္စည်းတန်ဖိုး ၈-သိန်းကျော်၊ စုစုပေါင်း ငွေကျပ် ၃၁ သိန်းကျော် လုယက်ကာ ရိပ်သာကျွန်းဘက်သို့ ထွက်ပြေးသွားသည်ဟုဆို သည်။

"သင်္ဘောကို ရေတိမ်ပိုင်းမောင်းခိုင်းတော့ သောင်တင်ပြီး သင်္ဘောမှန်တွေရိုက်ခွဲ၊ ပစ္စည်းတွေ လုယူပြေးသွားတယ်။ လိုက်ဖမ်းတော့ ခုခံကြတာ။ သက်သေခံပစ္စည်းတွေနဲ့ ဖမ်းမိထားတဲ့အပြင် ကွင်းဆက်တရားခံတွေကို ပိုက်စိပ်တိုက်ရှာနေတာပါ"ဟု ၄င်းကပြောသည်။

မန္တလေးတိုင်း၊ တံတားဦး၊စစ်ကိုင်း၊ အမရပူရ၊နှင့်ရေကြောင်း ရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွင်းဆက်တရားခံများကို စုံစမ်းရှာဖွေနေရာ စစ်ကိုင်းမြို့နယ်၊ရိပ်သာကျွန်း၊ ဘုန်းကြီးကျောင်း၌ ခိုအောင်းနေသူသုံးဦးကို ဧပြီ ၁၈ ရက်နေ့က တွေ့ရှိဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းအဖွဲ့သည် အမြန်သွားကင်းလှည့် ရေယာဉ် FB-012 ဖြင့်
လိုက်လံဖမ်းဆီးရာ လုယက်သည့် စက်လှေအဖွဲ့က ရဲတပ်ဖွဲ့စက်လှေအား
ဖြတ်တိုက်ခြင်း၊ ဓါးရှည်ဖြင့်ခုတ်ခြင်း၊ ဓါးမြောင်များ၊ မီးရှို့ထားသောဓါတ်ဆီ ပုလင်းများနင့် ပစ်ပေါက်ခြင်းဖြင့် ခုခံပြီး ၄င်းတို့စက်လှေကို နောက်ကြည့်ကျွန်းသောင်ပြင်တွင် ထားရှိထွက်ပြေးသွားကြောင်း၊ အဆိုပါသဲသောင်ပြင်တွင် မသကာင်္သူတဦးအား တွေ့ရှိ၍ စစ်ဆေးဖေါ်ထေုတ်ခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ



No comments: