Tuesday, April 12, 2016

အဝေးကြီးကို မျှော်ကြည့်ရင်း သင်္ကြန်ဆိုတာ ရေပတ်တာလားလို့ မေးနေမိတယ် ...... ။

အဝေးကြီးကို မျှော်ကြည့်ရင်း
သင်္ကြန်ဆိုတာ ရေပတ်တာလားလို့ မေးနေမိတယ် ...... ။

သင်္ကြန်တွင်းမှာ င့ါသားင့ါသမီး င့ါမိသားစုတွေ
ပျော်နိုင်ကြမလားလို့ ငေးနေမိတယ် ...... ။

ဒီအချိန် ငါ ရှိရင်ရော
င့ါသားလေး သင်္ကန်းစီးရက်မှာ ဆံချ သဘတ် င့ါ ဇနီး တစ်ဖက်တည်းကိုင်နေရမှာ မဟုတ်ဘူးလို့လဲ တွေးနေမိတယ် ...... ။

ဘာပဲ ဖြစ်ဖြစ်လေ ......
သူတို့တွေလည်း င့ါကို မျှော်နေမိမှာပဲ .......

ငါတို့ မိသားစုလေးရဲ့ ခံစားချက်ကို မသိတဲ့ လူတစ်ချို့ကလည်း ပျော်နေကြမှာပါပဲ .....
သူတို့ ပျော်နေရင် ငါတို့တွေလည်း ပျော်နေရပါတယ် .....

လူတစ်ချို့ အေးအေးလူလူပျော်နိုင်ဖို့ .....
လူတစ်ချို့ရဲ့ မျှော်လင့်ချက်တွေက .....
ဖက်ကြမ်းတစ်လိပ်ရဲ့ မီးခိုးငွေ့လိုပဲ ဖမ်းဆုပ်မရနိုင်ခဲ့ဘူးဆိုတာ .......

ဘ၀ တူတွေ သိကောင်းပါရဲ့

ME™
Phay Sit Gyi

No comments: