Monday, April 11, 2016

ဧရာဝတီ ရှင်းတမ်း

ဧရာဝတီ ရှင်းတမ်း

ဟေ့
သူခိုးလို့မင်းတို့စွပ်စွဲနေတဲ့
ဗိုလ်ချုပ်ဆိုတာ
တပ်မတော်မဟုတ်ဘူးလို့
ပြောမယ် ။နားထောင်ကြည့့်

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ဟာ
တပ်မတော်မဟုတ်ပါဘူး ။
ဗိုလ်ချုပ်မရှိလဲ တပ်မတော်
ရှိနေတာပဲ ။
ဗိုလ်ချုပ်ကြီးနေဝင်းဟာလည်း
တပ်မတော်မဟုတ်ပါဘူး ။
ဗိုလ်ချုပ်ကြီးမရှိလည်း တပ်မတော်
ရှိနေတာပါပဲ ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း
အလားတူပါပဲ ။တပ်မတော်မဟုတ်
ပါဘူး။

တပ်မတော်ဟာ ဧရာဝတီပါ။
ပုဂ္ဂိုလ်ဆိုတာ ဧရာဝတီထဲမှာ
စီးမြောသွားတဲ့ ရေအလျှဉ်
တစ်ခုစီပါ ။

အမှိုက်တစ်စ စီးမြောသွားလို့
ဧရာဝတီ ပျက်စီးမသွားပါဘူး ။
မြန်မာပြည်အတွက်
ဧရာဝတီကတော့ စီးမြဲစီးနေရ
မှာပါပဲ ။

တကယ်တော့
တပ်မတော် ဆိုတဲ့ ဧရာဝတီမှာ ထာဝရဖြည့်စွမ်းပြီး
အလျှဉ်မပြတ်စီးနေတာ ပြည်သူ
တို့ရဲ့သွေးတွေပါ ။

တပ်မတော်သားဆိုတာ မိုးကျရွှေ
ကိုတွေမဟုတ်ပါဘူး။ လေလွင့်လာတဲ့သစ်ရွက်တွေ
မဟုတ်ပါဘူး ။ ပြည်သူထဲက အဖတစ်ဦး၊ အမိတစ်ဦးစီကမွေးတဲ့ သား၊သမီး တွေ့။

ဧရာဝတီကိုကမ်းပေါ်က ကြည့်ကြ
တဲ့သူတွေအတွက် အဝေးမှာဘယ်
လို စီးမျောနေရတယ် ဆိုတာဘယ်
မြင်ရပါ့မလဲ ။

ဟိုးအဝေးမှာ့က နေ့မြင်ညပျောက်တွေ ၊ ခြေလက်မျက်နှာပျက်စီးသွား
ရမှုတွေ ၊ နှင်းတောထဲ
မှာချွေးရွှဲနေရတာတွေ ၊ ပလပ်စ
တစ်တစ်စကိုပတ်ပြီး အိပ်တစ်ဝက်
ဖြတ်သန်းရတဲ့ညတွေ ၊ တစ်ပတ်စာရိက္ခာကို
နှစ်ပတ် ၊ သုံးပတ်ဆန့်စားရတဲ့
ပါးစပ်တွေ ၊ နွားခြေရာခွက်ကရေကို
မက်စ်ရေသန့်ထက်တန်ဖိုးထားရ
တဲ့ အခါတွေ ၊ ပေါက်ကွဲသံကို
သေမင်းရဲ့တီးဝိုင်းဖျော်ဖြေမှု
သဘောထားပြီး ထုံပေပေနား
ထောင်နေရတဲ့ အချိန်တွေ ၊
တန်ဖိုးပျောက်ဆုံးသွားတဲ့
လူသားတွေ ၊ မနက်ဖန် ပျောက်
ဆုံးနေတဲ့ သက်ရှိတွေ ၊
ချစ်နှစ်သက်သူတွေနဲ့ကွေကွင်း
ရတဲ့ဘဝတွေ ၊
့တွေ စီးမျောနေကြ
ပါတယ်။

သူတို့ဟာ မြစ်အလယ်မှာ ၊
မြစ်အစွန်မှာ ယုံကြည်ချက်
ပန်းတစ်ပွင့်ကိုဖက်တွယ်ပြီး
မျောပါနေကြတယ် ။

ဧရာဝတီမြစ်တစ်ပြင်လုံးဟာ
ဗိုလ်ချုပ်တွေချည်းစီးမျောနေတာမ
မဟုတ်ပါဘူး ။ ကမ်းကမြင်နေရတဲ့
ဗိုလ်ချုပ်တွေဆိုတာ ဧရာဝတီရေ
ပြင်ရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိပါ
ဘူး။ ဗိုလ်ချုပ်တွေအားလုံး
နိုင်ငံရေးနယ်ပယ်ကိုမရောက်
ကြပါဘူး။

စစ်တပ်ဆိုတဲ့ ရင့်သီးတဲ့စကား
ကိုပြောဖို့အတွက် ဧရာဝတီက
အညတရ ရေတစ်စက်ရဲ့စွန့်လွှတ်
ခြင်းတစ်ဝက်မျှကို နားမှာပန်သ
ကြည့်စေချင်တယ် ။

စစ်တပ်ကို မုန်းတီးဖို့အတွက်
စည်းစိမ်နဲ့နိုးထခွင့်ရတဲ့ရက်
တွေကို ရေတွက်ပြီး ကျေးဇူး
တရားကိုရှာဖွေ ကြည့်စေချင်တယ် ။

ဧရာဝတီကတော့ စီးမြဲစီးနေဦး
မှာပါ။ မြန်မာပြည်တည်တံ့သမျှ
စီးနေဦးမှာပါ ။
ဘယ်သူတားတားတန့်မှာမဟုတ်တဲ့
အရှိန်နဲ့ပေါ့ ။
တစ်ခါတစ်ရံ
လှိုင်းကြက်ခွပ်ကလေးတွေနဲ့ ၊
တစ်ခါတစ်လေ ရေစီးသန်သန်
လှိုင်းထန်ထန်နဲ့ ။
အဲဒါက  သမိုင်းလေ့။

                          အမတ်ဒိန်

No comments: