#မြန်မာ့စီးပွါးရေး ပျက်စီးမှု နိဒန်း
မြန်မာ့ စီးပွါးရေး တည်ငြိမ်မှုဟာ ခရိုနီတွေကို အားထားနေရတာ ငြင်းဖို့ ခက်တဲ့ အချက်ပါ။ ၂၀၀၀ ခုနှစ် ကတည်းက ခရိုနီအားလုံး အဓိက အားထားရတာ ကျေက်စိမ်း ဖြစ်သွားပါတယ်။
ဒါကို ကြည့်ရင် ကျောက်စိမ်းဈေးကွက် ပျက်တာနဲ့ မြန်မာ့ စီးပွါးရေး ဗြောင်းဆန်မှာ မလွဲပါဘူး။ ၂၀၁၂ မှာ တရုတ် သမ္မတ ရှင်ဂျင်းပင်(စာလုံး မပေါင်းတတ်) ရဲ့ ဘဏ္ဍာငွေ စည်းကျပ် မှုကြောင့် ကျောက်စိမ်း အရောင်းအဝယ် ထိုင်းသွားပြီး မြန်မာငွေ တန်ဖိုး ၁၀၀ကျပ် လျှင် .6 ယွန် မှ ၁၀၀ကျပ် လျှင် .49 ယွန် သို့ ကျဆင်းသွားပါတယ်။ တရုတ်နဲ့ ကုန်သွယ်မှုမှာ လိုငွေ ကွာဟမှု မြင့်တက်လာတဲ့ သဘောပါ။ ဒါက ပါးပါးလေးဘဲ ရှိပါသေးတယ်။
လိုငွေ ကွာဟမှုဆိုတာ ဘာလဲ ? ဆိုရင် (မသိသေးသူများအတွက်) ကျတော်တို့က တရုတ်နဲ့ ကုန်သွယ်တဲ့အခါ လိုအပ်တဲ့ စားသောက်ကုန် အဝတ်အထည် လက်စစ်ပစ္စည်း နဲ့ ယဉ်ဆိုင်ကယ် စတဲ့ ကုန် ပစ္စည်းတွေ တင်သွင်းပါတယ်။
တဖန် တရုတ်တွေ လိုအပ်တဲ့ ကျောက်စိမ်း သစ် စတဲ့ ကုန်ကြမ်းတွေ အပြင် ပဲ ဆန် စသည်တို့ကိုပြန်တင်ပို့ ပါတယ်။ ဒီလိုကုန်သွယ်တဲ့အခါ
ပို့ကုန်က ကျပ် ဘီလီယံ ၁၀၀ ရှိပြီး သွင်းကုန်က ကျပ် ဘီလီယံ ၈၀ သာရှိခဲ့ရင် ကုန်သွယ်မှု ပိုငွေ ကျပ် ၂၀ဘီလီယံ ရှိမှာဖြစ်ပြီး အခြားနိုင်ငံများနဲ့ ကုန်သွယ်ရာမှာ ကုန်သွယ်ရေး လိုငွေပြနေရင် ဖါထေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါ မြန်မာ ကျပ်ငွေဟာ တရုတ်ရဲ့ ဝယ်လိုအားကြောင့် ခိုင်မာ နေမှာဖြစ်ပါတယ်။
ဒါမှမဟုတ် မြန်မာ ဘက်က ၈၀ ဘီလီယံသာ ပို့နိုင်ပြီး တရုတ်မှ ၁၀၀ ဘီဘီယံ သွင်းပါက တရုတ် ယွန်ငွေဟာ ကျပ်ငွေထက် ပိုမာ နေမှာဖြစ်တယ်။ (ဥပမာ ပေးခြင်းသာ)
ကုန်သွယ်မှု လိုငွေပြမှုကို ဖြေရှင်းဖို့ သွင်းကုန်ကို အခွန်တိုးမြင့် ကောက်မယ် ဆိုတာကလည်း အမှန်တကယ် ဖြေရှင်းနိုင်မယ့် နည်းလမ်း မဟုတ်ပါဘူး။ ကုန်ပစ္စည်း ဈေးတက်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဖြေရှင်းနိုင်မယ့် နည်းလမ်း အနက် မိမိပို့ကုန်ကို တန်ဖိုးတည်ငြိမ်နေအောင် (တန်ဖိုးရှိအောင်) ဆောင်ရွက်ခြင်းက အရေးပါတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။
#ကျောက်ဈေးကွက် (ကျောက်စိမ်းဖေါင်းပွမှု)
အခုလို တရုတ်ရဲ့ ယန္တယား အင်အား အဆမတန် အသုံးပြု ကျောက်စိမ်း တူးဖော် နေခြင်းရဲ့ မြန်မာ့ စီးပွါးရေး ဖြစ်တည်မှုကို အများကြီး ထိခိုက်ကျဆုံးစေ ပါတယ်။
ဝယ်လိုအား သဘောတရားအရ -- ကျောက်စိမ်း အထွက်နည်းနေချိန်မှာ ကျောက်စိမ်းဟာ တန်ဖိုးတက်နေမှာပါ။ ဆိုလိုတာက ဝယ်ယူသူဘက်က အရံကျောက်စိမ်း နည်းတဲ့ အတွက် ဝယ်အားများတဲ့ ကျောက်စိမ်းက ဈေးကောင်းနေမှာပါ။
ဒါပေမယ့် အခု ဘာကိုတွေ့ရ သလဲ ဆိုတော့ ဝယ်ယူမယ့် #သူတွေ(တရုတ်)ဟာ ကျောက်စိမ်းကောင်း အမြောက်အများကို တိုက်ရိုက် တူးဖော်ပြီး အရံ ကျောက်စိမ်းကောင်း အမြောက်အများကို ဈေးကွက်မှတဆင့် မဟုတ်ဘဲ ပိုင်ဆိုင်ခွင့်ရသွား လေတော့မှာပါ။
#ဆိုးကျိုးအနေနဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေ တူးဖော် ပိုင်ဆိုင်တဲ့ ကျောက်စိမ်းကောင်းတွေ နိုင်ငံတကာ ဈေးကွက်မှာ တရုတ်နဲ့ ယှဉ် ပြိုင် ရောင်းချ ရတော့မှာပါ။ ဒီလို ယှဉ်ပြိုင်တဲ့ အခါ ကျောက်စိမ်းကောင်း ပိုမိုပိုင်ဆိုင်တဲ့ သူက အနိုင်ရမှာပါ။ တရုတ်ဆိုတာ ကိုယ်က ရောင်းမှ ရမယ့်သူ (ဝယ်လက်) ကြီးဖြစ်ပါတယ်။
ဒါကို တရုတ်က ဝယ်လက် အဆင့် ကနေ ရောင်းချသူပါ ဖြစ်သွားတော့ မြန်မာတွေ အလှမ်းမှီတဲ့ကျောက်စိမ်း ဈေးကွက်ဟာ ကျပြီးရင်း ကျဖို့ဘဲရှိပါတယ်။ အခုလက်ရှိ ခါးကျောက် ခေါ် အလယ်အလတ်အဆင့် ကျောက်စိမ်းတွေ ဆက်တိုက် ဈေးနှုန်း ပြုတ်ကျနေပါတယ်။ ဒီတူးဖော်မှုကြီးရဲ့ ဆိုးကျိုးတစ်ခုပါ။
တကယ်လို့ အခုကျောက်စိမ်း တူးဖော်မှုကို လုံးဝ နားထားရရင်တောင် တရုတ်အတွက် ပြဿနာ မရှိပါဘူလို့ တရုတ် ကျောက်ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ တရုတ်မှာ ၃ နှစ်စာ ရောင်းချဖို့ အရန် ကျောက်စိမ်းကောင်း အမြောက်အများ ကျန်ရှိနေ လို့ပါတဲ့။
လုံးဝရပ်လိုက်ရင် ပြည်တွင်း ကုန်သည်တွေတော့ ငတ်ကုန်မှာ သေချာတယ်။ အစိုးရ ကိုယ်၌က ကျောက်စိမ်းနဲ့ ပါက်သက်ပြီး စနစ်ကျတဲ့ project မထားခဲ့တာကိုး။ ဖါးကန့်ကျောက်စိမ်း လုပ်ကွက်တွေ အမည်ခံ ယူပြီးရောင်းစား၊ အကောင်းဆုံး ကျောက်စိမ်းတွေ မှောင်ခို ထွက်နိုင်ဖို့ ခရိုနီတွေနဲ့ ပူးပေါင်းနေတာ စိတ်ပျက်စရာပါ။
#မြန်မာ့စီးပွါးရေး
၂၀၁၄-၂၀၁၅ GDP က ကန်ဒေါ်လာ ၆၄ ဘီလီယံပါ။ ငွေကျေးဖောင်းပွနှုန်း inflation က ၇%ပါ။ ဒီအချိန် ဗြိတိန်က ၂% နဲ့ USA က ၂% ကျော်ပါ။ အံ့သြစရာ ကောင်းလောက်အောင် ကျောက်စိမ်းက ရငွေက ၁ ဘီလီယံ ဝန်းကျင်ပါတဲ့။ ပြည်သူကို နှစ်ပေါင်းများစွာ အရူးလုပ်ခဲ့တာပါ။
23/11/2015 မှာ Global Witness က မြန်မာ့ ကျောက်စိမ်း အရေး ဖွင့်ချခဲ့ပါတယ်။ (အကျိုးဆက် အနေနဲ့ ကြံ့ဖွံ့က ရသင့်တဲ့ ဆန္ဒမဲတွေ NLD ဆီပါသွားရော။) ဒီမှာ တွေ့ရတာ ကျောက်စိမ်း က ရငွေ (ဝင်ငွေ)ဟာ တနှစ် $ ၃၀ ဘီလီယံ အထက်ရှိတာပါဘဲ။ (၂၀၁၀ အာဏာရ အစိုးရဟာ ဒီငွေမဲတွေနဲ့ အတော် အလုပ်ဖြစ်ခဲ့ ဟန်ရှိပါတယ်။)
အခုချိန်မှာ တရုတ်က ကျောက်စိမ်းကောင်းကို ကိုယ့်ထက် ဈေးလျော့ ရောင်းနိုင်တဲ့ အခြေအနေ ရောက်သွားတော့မှာပါ။ ယခင် ဝယ်ယူသူက အဓိကရောင်းသူ ဖြစ်သွားမဲ့ အခြေအနေပါ။
ဒီလိုအခြေအနေမှာ ကျောက်စိမ်းဈေးကွက် ပျက်ဖို့ အင်မတန် လွယ်ကူပါတယ်။ ကုန်သွယ်မှု လိုငွေကို ဖါထေးဖို့ရန် ကျောက်စိမ်း တင်ပို့မှုက တကယ် အားကိုးရပြီး အရေးပါ ပါတယ်။ ကျောက်စိမ်း ဈေးကွက် ပျောက်တာနဲ့ မြန်မာ့ စီးပွါးရေး ပျက်ပြီ။
ဒါဆိုရင် မြန်မာငွေ တန်ဖိုးကျပြီး အခြေခံ စာသုံးကုန်ဈေး မြင့်တက်လာမယ်။ ဆင်းရဲတဲ့ ၈၀% သော ပြည်သူတွေ ဒုက္ခရောက်မှာ မလွဲကြောင်းပါ။
ဒါကြောင့် ဒီအခြေအနေ (ကျောက်စိမ်း ဈေးကွက်) ကို ထိန်းထားနိုင်ဖို့
လက်ရှိ အလွန်အကျွံ ကျောက်တူးဖော်နေမှုကို မဖြစ်မနေ ရပ်နားထားရပါမယ်။
ဒါကို အစိုးရက မတတ်နိုင်ပါဘူး (လက်ရှိ အနေထားကို ကြည့်ခြင်းဖြင့်) ခိုင်းလိုက်တဲ့ လူတိုင်း တာဝန် မကျေတာဟာ ပါးစပ်ပေါက် အများကြီးကို ကျွေးမွေးရလို့ ဖြစ်ပါတယ်။ မိမိ မိသားစု ဆွေမျိုးတွေကို စောင့်ရှောက်နေရတဲ့ အတွက်ဖြစ်ပါတယ်။ အူမတောင့်မှ သီလ စောင့်နိုင်မှာကိုး။ ဒါကြောင့် အားကိုးလို့ မရတဲ့ အစိုးရအဖြစ် သမိုင်းမှာ စိတ်မကောင်းစွာ ရေးထိုးရပါတော့မယ်။
(ပြည်သူက ဒီလောက် ကူညီဖော်ထုတ် ပေးနေတာကို ငြင်းပယ်ခြင်းကြောင့်)
ဒါကြောင့် အဓိကတာဝန် ယူပြီး လုပ်ဆောင်ရမယ့် သူတွေဟာ ဒေသခံတွေနဲ့ ပြည်သူ ဖြစ်ပါတယ်။ ဒီပရမ်းပတာ တူးဖော် ရောင်းဝယ်မှုကို ဒေသခံတွေနဲ့ ပြည်သူတစ်ရပ်လုံးက တားဆီးရမှာပါ။ ပြည်သူအားလုံး လုပ်ဆောင်မှ မြန်မာ့ စီးပွါးရေး ပြန်လည် ဦးမော့လာမှာ ဖြစ်ပါတယ်။
Jan Khone
No comments:
Post a Comment