မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
နိုင်ငံခြားအဖွဲ့နှင့် ရေးဆွဲထားပြီးသော ရန်ကုန်မြို့တော်စီမံကိန်းကို စက္ကူပေါ်တွင်သာ ထားရစ်ခဲ့ပြီး လုပ်ချင်သလို လုပ်နေကြဟု ဒေါ်အောင်ဆန်းစုကြည်ဆို ------- ------ -------- ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့် အလုပ်ဖြစ်ပြီး အစိုးရကလည်း လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက နိုင်ငံခြားအဖွဲ့တစ်ခုကို ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာ လုပ်နေကြခြင်းကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုလိုက်သည်။ ရန်ကုန်မြို့တော် စီမံကိန်းဟုဆိုကာ ရေးဆွဲခိုင်းခဲ့ရာ ဆွဲထားသည့် အဖွဲ့က ကောင်းကောင်းမွန်မွန် ရေးဆွဲထားသော်လည်း စီမံကိန်းသည် စက္ကူပေါ်တွင် ဆွဲခိုင်းထားခြင်းဖြစ်၍ ပြန်လှည့်ကြည့်သည့်ပုံမရှိဘဲ လုပ်ချင်သလို လုပ်နေကြသည့် အတွက် စနစ်မရှိ စည်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး လုပ်ငန်းကို ပထမဦးဆုံး တရားဥပဒေ စိုးမိုးရေးနှင့် ကိုင်တွယ်ရမည်ဟုလည်း ၎င်းကဆိုသည်။ “ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ လုပ်နေတဲ့ကိစ္စ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။ ဒီလို မလုပ်သင့်တဲ့ ကိစ္စတွေ မလုပ်အောင်၊ မဆောက်သင့်တဲ့ နေရာတွေ မဆောက်အောင်၊ မဆောက်သင့်တဲ့ အဆောက်အအုံလိုမျိုး မဆောက်ဖို့ ၊ ဒါတွေဟာ စည်းမျဉ်း စည်းကမ်း ဥပဒေတွေ ရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော် ပြဿနာတက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊ ဥပဒေအသစ် တွေလည်း လိုတာတွေလည်း ထပ်ပြဋ္ဌာန်းရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ RFA သတင်းဌာနက “မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့ ပြုပြင် တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့ ပြောကြတယ်ခင်ဗျ။ အခုတစ်ကြိမ် မီးလောင်တဲ့နေ့က ဈေးရှေ့လမ်းပေါ်ချထားတဲ့ ဘလောက်တုံးတွေကြောင့် မီးသတ်ကားတွေ ဝင်မရတာလည်း ပြောကြတယ်။ ရန်ကုန်မြို့မှာ အဆောက်အအုံ တွေကို ခွင့်ပြုချက်မရဘဲ တည်ဆောက် နေတာကိုလည်း တားဆီးနိုင်ခြင်းမရှိလို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ်မတို့ပါတီက လွှတ်တော်မှာ တင်ပြခဲ့တာကိုလည်း ကျွန်တော်ကြားရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစ်မတို့ အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ် ဆောက်ရွက်မလဲခင်ဗျာ” ဟု မေးမြန်းခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ထို့အတူ “ရန်ကုန်မှာက အခု အဆောက်အအုံတွေ၊ ရုံးတွေမှာ အာမခံထားတာ ကလည်း အကုန်လုံး မဟုတ်ဘူးလို့ ကျွန်တော်ကြားတယ် ခင်ဗျ။ အဲ့တော့ အဆောက်အအုံ မှန်သမျှ၊ မော်တော်ကားမှန်သမျှ၊ အိမ်မှန်သမျှ၊ ဆိုင်မှန်သမျှ အာမခံထားရမယ်ဆိုတဲ့ စနစ်မျိုးမရှိတော့ လူတွေက အခုမီးလောင်ရင် တစ်ခါတည်း ဘဝပျက်သွားကြရော၊ တချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ” ဟု RFA သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အဆောက်အအုံများ ကားများကို အာမခံထားရှိရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပြီး စီးပွားရေး အခြေအနေနှင့်လည်း ဆိုင်သည်၊ အဆင့်အတန်းမီသည့် အဆောက်အအုံများ ၊ အန္တရာယ်ကင်းသည့် အဆောက်အအုံများ ဆောက်ဖို့ သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ရန်လိုသည်၊ သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ဖို့ ဆိုရာတွင် တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက်ဆိုင်ပြီး စက္ကူပေါ် တွင်သာ ဥပဒေထားပြီး သက်ရောက်မှု မရှိပါက အလကားပင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။ သတင်း - ဇော်မင်းထွန်း The Ladies News Journal
နိုင်ငံခြားအဖွဲ့နှင့် ရေးဆွဲထားပြီးသော ရန်ကုန်မြို့တော်စီမံကိန်းကို စက္ကူပေါ်တွင်သာ
ထားရစ်ခဲ့ပြီး လုပ်ချင်သလို လုပ်နေကြဟု ဒေါ်အောင်ဆန်းစုကြည်ဆို
------- ------ --------
ရန်ကုန်မြို့တစ်မြို့လုံးသည် စီမံကိန်းဖြင့် လုပ်ရမည့် အလုပ်ဖြစ်ပြီး အစိုးရကလည်း
လွန်ခဲ့သည့် နှစ်နှစ်ကျော် ကာလကတည်းက နိုင်ငံခြားအဖွဲ့တစ်ခုကို
ရန်ကုန်မြို့တော် စီမံကိန်း ရေးဆွဲခိုင်းထားမှုများ ရှိသော်လည်း လုပ်ချင်တာ
လုပ်နေကြခြင်းကြောင့် ဆက်စပ်မှုမရှိဟု ဒေါ်အောင်ဆန်းစုကြည်က
ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ပြောဆိုလိုက်သည်။
ရန်ကုန်မြို့တော် စီမံကိန်းဟုဆိုကာ ရေးဆွဲခိုင်းခဲ့ရာ ဆွဲထားသည့် အဖွဲ့က
ကောင်းကောင်းမွန်မွန် ရေးဆွဲထားသော်လည်း စီမံကိန်းသည် စက္ကူပေါ်တွင်
ဆွဲခိုင်းထားခြင်းဖြစ်၍ ပြန်လှည့်ကြည့်သည့်ပုံမရှိဘဲ လုပ်ချင်သလို လုပ်နေကြသည့်
အတွက် စနစ်မရှိ စည်းမရှိဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဆောက်လုပ်ရေး
လုပ်ငန်းကို ပထမဦးဆုံး တရားဥပဒေ စိုးမိုးရေးနှင့် ကိုင်တွယ်ရမည်ဟုလည်း
၎င်းကဆိုသည်။
“ရှိနေတဲ့ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ မကိုက်ညီဘဲနဲ့ လုပ်နေတဲ့ကိစ္စ၊
စည်းမျဉ်းစည်းကမ်း ဥပဒေတွေ မရှိတာမဟုတ်ဘူး၊ ရှိတယ်။ ဒီလို မလုပ်သင့်တဲ့
ကိစ္စတွေ မလုပ်အောင်၊ မဆောက်သင့်တဲ့ နေရာတွေ မဆောက်အောင်၊
မဆောက်သင့်တဲ့ အဆောက်အအုံလိုမျိုး မဆောက်ဖို့ ၊ ဒါတွေဟာ စည်းမျဉ်း
စည်းကမ်း ဥပဒေတွေ ရှိပြီးသား၊ အဲ့ဒါတွေကို မလိုက်နာတာတွေက တော်တော်
ပြဿနာတက်တယ်။ နောက်ပြီးတော့လည်း စည်းမျဉ်းစည်းကမ်း၊ ဥပဒေအသစ်
တွေလည်း လိုတာတွေလည်း ထပ်ပြဋ္ဌာန်းရမှာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။
RFA သတင်းဌာနက “မင်္ဂလာဈေး မီးလောင်တာနဲ့ ပတ်သက်ပြီး စည်ပင်သာယာအဖွဲ့
အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ မှာ အဲ့ဒီဈေးကို ပထမအကြိမ်မီးလောင်လို့ ပြုပြင်
တည်ဆောက်ခဲ့စဉ်တုန်းက စနစ်တကျ မရှိဘူးလို့ ပြောကြတယ်ခင်ဗျ။ အခုတစ်ကြိမ်
မီးလောင်တဲ့နေ့က ဈေးရှေ့လမ်းပေါ်ချထားတဲ့ ဘလောက်တုံးတွေကြောင့်
မီးသတ်ကားတွေ ဝင်မရတာလည်း ပြောကြတယ်။ ရန်ကုန်မြို့မှာ အဆောက်အအုံ
တွေကို ခွင့်ပြုချက်မရဘဲ တည်ဆောက် နေတာကိုလည်း တားဆီးနိုင်ခြင်းမရှိလို့
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ်မတို့ပါတီက လွှတ်တော်မှာ တင်ပြခဲ့တာကိုလည်း
ကျွန်တော်ကြားရပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အစ်မတို့
အစိုးရလက်ထက်မှာ ဘယ်လို ကိုင်တွယ် ဆောက်ရွက်မလဲခင်ဗျာ” ဟု
မေးမြန်းခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း
ဖြစ်သည်။
ထို့အတူ “ရန်ကုန်မှာက အခု အဆောက်အအုံတွေ၊ ရုံးတွေမှာ အာမခံထားတာ
ကလည်း အကုန်လုံး မဟုတ်ဘူးလို့ ကျွန်တော်ကြားတယ် ခင်ဗျ။ အဲ့တော့
အဆောက်အအုံ မှန်သမျှ၊ မော်တော်ကားမှန်သမျှ၊ အိမ်မှန်သမျှ၊ ဆိုင်မှန်သမျှ
အာမခံထားရမယ်ဆိုတဲ့ စနစ်မျိုးမရှိတော့ လူတွေက အခုမီးလောင်ရင် တစ်ခါတည်း
ဘဝပျက်သွားကြရော၊ တချို့ပေါ့နော်။ အဲ့ဒါမျိုးကို အစ်မဘယ်လို ကိုင်တွယ်မလဲ” ဟု
RFA သတင်းဌာန၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က အဆောက်အအုံများ
ကားများကို အာမခံထားရှိရေးကိစ္စနှင့် ပတ်သက်၍ ဥပဒေအရ လုပ်ဆောင်ရမည့်
ကိစ္စဖြစ်ပြီး စီးပွားရေး အခြေအနေနှင့်လည်း ဆိုင်သည်၊ အဆင့်အတန်းမီသည့်
အဆောက်အအုံများ ၊ အန္တရာယ်ကင်းသည့် အဆောက်အအုံများ ဆောက်ဖို့
သတ်မှတ်ချက်များ အတိုင်း လုပ်ဆောင်ရန်လိုသည်၊ သတ်မှတ်ချက်များ အတိုင်း
လုပ်ဆောင်ဖို့ ဆိုရာတွင် တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက်ဆိုင်ပြီး စက္ကူပေါ်
တွင်သာ ဥပဒေထားပြီး သက်ရောက်မှု မရှိပါက အလကားပင်ဖြစ်သည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment