Monday, January 18, 2016

RCSS /SSA နှင့် TNLA သောင်းကျန်းသူ အဖွဲ တိုက်ပွဲများပြန်ဖြစ်လာရခြင်းသုံးသပ်ချက်

RCSS /SSA နှင့် TNLA သောင်းကျန်းသူ အဖွဲ တိုက်ပွဲများပြန်ဖြစ်လာရခြင်းသုံးသပ်ချက် ဇန် ၁၈ ယမန်နေ့က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ မြို့နယ် လွာဆား ကျေးရွာ အနီးမှာ RCSS/SSA အဖွဲ့နှင့် TNLA သောင်းကျန်းသူအဖွဲ့မနက်၈ နာရီ က နေ နေ့လည် ၂ နာရီအထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား ခဲ့ပါတယ်။ RCSS/SSA အဖွဲ့နဲ့ TNLA သောင်းကျန်သူ အဖွဲ့ဟာ ၂၀၁၅ ခုနှစ်ကုန်ခါနီး ဒီဇင်ဘာလ အတွင်း တိုက်ပွဲများစတင် ဖြစ် ပွားခဲ့တာဖြစ် ပါတယ်။ RCSS/SSA ၏ ရွှေလီမြစ်ဝှမ်း စစ်ဒေသကို ပြန်လည် ဝင် ရောက် လာမယ်ဆိုတာ TNLA ကို အကြောင်းကြားခဲ့ပါတယ်။ TNLA'အဖွဲ့ဟာ ကြိုတင်သတင်းအရ KIA ဖြင့် ပူးပေါင်းပြီး နမ့်ဖက်ကာ အရှေ့ဘက် ဟူဖြတ် တောင်ကျောမှာ RCSS/SSA အဖွဲ့ကို အပိုင် ချုံခို တိုက်ခိုက် ရာမှ RCSS/ SSA နှင့် TNLA အဖွဲ့တို့ တိုက်ပွဲများစ တင် ဖြစ်ပွား လာရခြင်းဖြစ်ပါတယ်။ ပြသနာကို လက်နက်နဲ့ စတင်ဖြေ ရှင်းတာ ဟာ TNLA'အဖွဲ့ ဖြစ်ပါတယ်။ ဒီဇင်ဘာလ အကုန်အထိ တိုက်ပွဲ ၄ကြိမ်ဖြစ် ပွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းရင်းသားညီလာခံ တွင် TNLA သောင်းကျန်းသူ တအောင်းအဖွဲ့ ဟာ ရှမ်းပြည်နယ်မှ ခွဲ ထွက်ပြီး တအောင်း ပြည်နယ် ပေးဖို့ တောင်းဆိုလာပါတယ်။ ရှမ်းပြည်နယ်ကခွဲထွက်ဖို့ ဝ ပအိုဝ် ရှမ်းနီ အဖွဲ့တွေ တောင်းဆို လာတာဖြစ် သလို့ ရှမ်းပြည် မြောက်ပိုင်း မုန်းစီး မုန်းကိုး နား လည် ဒေသ တွေကို လည်း KIA တပ်ဟာ ၄ တပ်ရင်း ၉ သောင်းကျန်းသူ အဖွဲ့တွေ က ခြေကုတ်ယူ လှုပ် ရှား နေတာဖြစ်ပါ တယ်။ တိုင်းရင်းသားညီလာ ခံ အတွင်း ဖက်ဒရယ် ကိစ္စကို အစိုးရ တပ်မတော် ပြည်နယ်လက်နက် ကိုင် အဖွဲ့အစည်း ပေါင်းစုံက ဆွေးနွေးကြ သည့် အခါ ရှမ်းပြည် နယ်အောက်က လက် နက်ကိုင်တွေဟာ ရှမ်းပြည်နယ်အတွင်း အတူတကွ မနေချင်ကြပဲ ကိုယ်ပိုင်ပြည်နယ် တောင်းလာကြတာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဟာ အစိုးရ အဆက်ဆက် အကျယ်ပျံ့ဆုံးပြည်နယ်အဖြစ် မပြိုကွဲပဲ ရပ်တည် လာတာ ဖြစ်ပါ တယ်။ ယနေ့ခေတ် ကျမှ ရှမ်းပြည်ပြိုကွဲမယ် ဆိုရင် ရှမ်းတိုင်းရင်း သား တွေ အတွက်လည်း သမိုင်းမကောင်း လှပါဘူး။ ၂၀၁၆ ခုနှစ်အတွင်း RCSS/SSA အဖွဲ့နဲ့ TNLA သောင်းကျန်းသူ အဖွဲ့ တိုက်ပွဲတွေ ကတော့ ရှမ်းပြည်နယ်က ခွဲထွက်ဖို့ KIA ဖြင့် ပေါင်းပြီးတောင်းဆိုလာတဲ့ TNLA တအောင်း သောင်းကျန်းသူ အဖွဲ့ကို ရှမ်း ပြည်တပ်မတော်ဟု ခေါ်သော RCSS/SSA အဖွဲ့က နှိမ်နင်းခြင်း လို့ပဲ သုံးသပ်ရ မှာ ဖြစ်ပါတယ်။ တိုက်ပွဲမှာ TNLA အဖွဲ့ အထိ နာခဲ့ပါတယ်။ ရှမ်းပြည်နယ် ကို ဖက်ဒရယ်မူအရ ကိုယ်ပိုင် ပြည်နယ်ပေးမယ်ဆိုရင် တအောင်းအဖွဲ့တင် မဟုတ်ပါဘူး။ ဝ နဲ့KIA အဖွဲ့ပြသနာလည်း ရှိနေပါသေးတယ်။ ဝ က ရှမ်းပြည်ကခွဲထွက်ပြီး ကိုယ်ပိုင်ပြည် နယ် တောင်းဆိုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဝ နဲ့ ပအိုဝ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တိုင်းတွေ ဖြစ်လို့ ကြီးမားသောပြသနာ မရှိ နိုင်ပါဘူး ။ ပြသနာက မုန်းကိုး မုန်းဟောင် မုန်းစီး နာလည် ဂွင်ကို ခြေကုတ်ယူ ထားတဲ့ KIA တပ်မဟာ ၄ ဖြစ်ပါတယ်။ KIA သောင်းကျန်းသူအဖွဲ့ကလည်း ဝမ်ပေါင် သမ္မတ နိုင်ငံတော် အိပ်မက် မက်နေတာဖြစ် ပါတယ်။ သူ့ရဲ့ ဝမ်ပေါင် အိပ်မက်က ကချင်ပြည်နယ် တင်ပြီးလားဆိုတော့ မပြီးပါဘူး။ ရှမ်းမြောက် ဒေသ တစိတ် တပိုင်းက ပါဝင် နေပြန်ပါ တယ်။ ဒီပြသနာက စားပွဲမှာ ဖြေရှင်းလို့ ရနိုင်မလား KIA ဟာ ရှမ်းမြောက်က နေ သူ့ပြည်နယ် အတွင်းကို ဆုတ်ခွာသွား မလားဆိုတာ က စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ kia ရဲ့သဘောထားအရ အလွယ် တကူတော့ ဆုတ်ခွာသွားမှာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်ကို ဖဲ့ထုတ်ချင်သူတွေ ထဲမှာ ရှမ်းဒေသ က ရှမ်းလူမျိုးမဟုတ်သော အခြား လက်နက်ကိုင်များ အပြင် KIA အဖွဲ့လည်း ပါဝင် နေတဲ့အကြောင်း ရေးသားတင်ပြအပ်ပါသည်။ Kyaw Swar

No comments: