Friday, January 15, 2016

Online NLD အမာခံများ Vs Eleven CEO

Online NLD အမာခံများ Vs Eleven CEO ××××××××××××××××××××××××××××× သမ္မတကြီး ဦးသိန်းစိန် လက်ထက် .. စာပေစီစစ်ရေး ဆိုတာကို ဖျက်လိုက်ပြီး .. မီဒီယာလွတ်လပ်ခွင့်ကို .. အပြည့်အဝ ပေးခဲ့လိုက်ပါတယ် .. ရလာတဲ့ အကျိုးကျေးဇူးကတော့ .. နောက်ကွယ်က လက်မည်းကြီးတွေ .. စေခိုင်းသမျှ လုပ်ရတဲ့ မီဒီယာတွေ .. အမြောက်အများ ပေါ်လာပြီး .. မြန်မာ့စာနယ်ဇင်း မီဒီယာကြီးတစ်ခုလုံးဟာ .. ပြည်သူတွေကို ဝါဒဖြန့်မှိုင်းတိုက်ရာ နေရာ .. အစိုးရကို အပုတ်ချရာ နေရာ .. တပ်မတော်ကို အပုတ်ချရာ နေရာ .. NLD မှလွဲ၍ ကျန်ပါတီများအား .. အပုတ်ချရာနေရာ လုံးလုံးဖြစ်ခဲ့ရတယ် .. စာနယ်ဇင်းပေါ်တင်မက .. online facebook ပေါ်ကနေ .. သူတို့ရဲ့ Official fan page တွေကနေပါ .. online NLD အမာခံတွေနဲ့ .. ပူးပေါင်းလို့ တက်ညီ၊ လက်ညီ .. တပ်မတော် ၊ အစိုးရ နဲ့ ကျန်ပါတီတွေအားလုံးကို .. ဝါဒဖြန့် ၊ မှိုင်းတိုက် ၊ အပုတ်ချခဲ့ကြရာကနေ .. ၂၀၁၅ ဆိုတဲ့ ရွေးကောက်ပွဲကြီးမှာ .. မြန်မာပြည်သူအများစုဟာ .. စစ်မှန်တဲ့ နိုင်ငံရေး အသိကင်းမဲ့စွာနဲ့ .. အမုန်းတရာများစွာ အခြေပြုလို့ .. မှိုင်းမိစွာနဲ့ မဲထည့်ခဲ့ကြရာက .. ပါတီပေါင်း ၉၀ ကျော်ရှိတဲ့ နိုင်ငံမှာ .. သူတို့ လော်ဘီလုပ်လွန်းသော .. NLD ပါတီသာ အပြတ်အသတ် .. အနိုင်ရသွားတဲ့ အထိဖြစ်ခဲ့ပါတယ် .. ဒီလို လုပ်ခဲ့တဲ့ မီဒီယာတွေထဲမှာ .. Eleven မီဒီယာဆိုတာဟာလဲ .. ပြည်သူကို အဆိပ်ခတ် .. ဝါဒဖြန့် မှိုင်းတိုက်ခဲ့တဲ့ နေရာမှာ .. ထိပ်ဆုံးကနေ ပါဝင်ခဲ့တဲ့ .. မီဒီယာ တစ်ခုဆိုရင် မမှားပါဘူး .. အခုတော့ .. Eleven မီဒီယာကြီးကနေ .. ဒီမိုကရေစီ အမြဲအော်နေတဲ့ .. NLD ကို ပါးပါးလေး ဝေဖန်မိရာက အစပြုလို့ online ပေါ်က ရုပ်မပြရဲတဲ့ .. ရဲရဲတောက် မေ့မေ့သားများနဲ့ .. ထိပ်တိုက် ဖြစ်ကြပြီး .. မီဒီညာကြီးရဲ့ CEO fb အကောင့်ကို .. Report တွေဝိုင်းလုပ်ကြတဲ့ အထိဖြစ်ခဲ့ပါပြီ .. ချက်ချင်းဆိုသလိုပဲ .. ၅ နှစ်လုံးလုံး ထမီမခဲ့တဲ့ .. CEO ကြီးဟာလည်း .. online ပေါ်က ရဲရဲတောက်တို့ရဲ့ .. fb စာမျက်နှာတွေပေါ်မှာ .. ဘောမကြီး လုံးလုံးဖြစ်သွားပါပြီ .. .... ခင်ဗျားတို့တွေ .. အာဏာရှင်ကို မုန်းပါတယ်ဆိုတဲ့ .. အကြောင်းပြချက်နဲ့ .. ဒီမိုကရေရီကို လိုလားလို့ပါဆိုတဲ့ .. အကြောင်းပြချက်နဲ့ .. လုပ်ခဲ့ကြတဲ့ လုပ်ရပ်တွေဟာ .. ကိုယ်နဲ့မတူ ရန်သူကို အပြတ်ရှင်းတတ်တဲ့ .. ကွန်မြူနစ်ပုံစံ အာဏာရှင်လက်သစ်တွေကို .. စင်ပေါ် တင်ပေးလိုက်သလိုသာ .. မဖြစ်ကြပါစေနဲ့ လို့ ဆုတောင်းပေးရင်း .. Aye Chan Min

No comments: