မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
အစိုးရသစ်လက်ထက်တွင် ရိုဟင်ဂျာဆိုသူများအရေး ဆွေးနွေးမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အစိုးရသစ်လက်ထက်တွင် ရိုဟင်ဂျာဆိုသူများအရေး ဆွေးနွေးမည်ဟု
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
=================================
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်လာမည့် အစိုးရသစ်လက်ထက် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟု
သုံးနှုန်းထားသည့် ဘင်္ဂါလီများနှင့် ပတ်သက်၍ တာဝန်ယူဖြေရှင်းလိမ့်မည်ဟု မျှော်လင့်မိကြောင်း
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mahmood Ali က ပြောကြားလိုက်သည်ဟု The Daily Star
နှင့် Arab News တို့က ဇန်န၀ါရီ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါစကားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံပေါင်း ၆၀ ခန့် စုပေါင်းဖွဲ့စည်းထားသော အစ္စလာမ်အဖွဲ့အစည်း (OIC) ၏ အတွင်းရေးမှူး Iyad Ameen Madani ကို OIC ဌာနချုပ်၌ ဇန်န၀ါရီ ၇ ရက်က ပြောကြားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့အနေဖြင့် ရိုဟင်ဂျာအမည်ရှိ ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ၄င်းတို့အတွက် ဖြေရှင်းပေးရမည့် နည်းလမ်းများကို ဒိုင်ယာလော့တစ်ခုအဖြစ် ဦးတည်ဆွေးနွေး တည်ဆောက်နိုင်မည်ဟု ရည်မှန်းထားကြောင်းလည်း သိရသည်။
အထူးသဖြင့် ယင်းကိစ္စကို အစိုးရသစ်လက်ထက်တွင် အရေးကြီးသောကိစ္စအဖြစ် ဆွေးနွေးရန် မျှော်လင့်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပြီး OIC အနေဖြင့်လည်း အဆိုပါ ရိုဟင်ဂျာဆိုသူများအတွက် လိုအပ်သော ကူညီထောက်ပံ့ရေးများကို အားထည့်လုပ်ဆောင်သွားမည်ဟု အတည်ပြု ပြောကြားကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည့် အစိုးရသစ်ဖွဲ့စည်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ပြီး ယင်းနောက်တွင် သမ္မတကို ရွေးချယ်၍ မတ်လ ၃၁ ရက်၌ လက်ရှိနိုင်ငံတော် သမ္မတဦးသိန်းစိန်ထံမှ တာဝန်လွှဲပြောင်း ရယူမည်ဖြစ်သည်။
================================================
၁၅-၁-၂၀၁၆ ရက်နေ့ထုတ်
The Myanmar Review Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment