မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
NLD ပါတီအနေဖြင့် အစိုးရတာဝန်ယူရမည့် အချိန် နီးကပ်လာပြီ ဖြစ်သော်လည်း အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရန် မကမ်းလှမ်းသေးဟု တိုင်းရင်းသား ပါတီအချို့ ဆို
NLD ပါတီအနေဖြင့် အစိုးရတာဝန်ယူရမည့် အချိန် နီးကပ်လာပြီ ဖြစ်သော်လည်း
အနိုင်ရ တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရန် မကမ်းလှမ်းသေးဟု တိုင်းရင်းသား
ပါတီအချို့ ဆို
------- -------- --------
ရွေးကောက်ပွဲ အောင်နိုင်ပြီး အစိုးရဖွဲ့ခွင့် ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သည့် NLD ပါတီ အနေဖြင့် အစိုးရတာဝန် ယူရမည့်အချိန် နီးကပ်လာပြီ
ဖြစ်သော်လည်း တိုင်းရင်းသား ဒေသများ တွင် အနိုင်ရရှိထားသည့် တိုင်းရင်းသား
ပါတီများနှင့် တွေ့ဆုံရန် တစ်စုံတစ်ရာ ကမ်းလှမ်းမှု မရှိသေးကြောင်း တိုင်းရင်းသား
ပါတီအချို့က ဇန်န၀ါရီ ၁၈ ရက်တွင် ပြောသည်။
“NLD က အလုပ်တော်တော် ရှုပ်နေပုံရပါတယ် ။ အခုထက်ထိကို ကျွန်တော်တို့နဲ့
အဆက်အသွယ် မရသေးပါဘူး။ ကမ်းလှမ်းမှုတွေ ဘာတွေ မရှိသေးဘူး။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ရော NLD ပါတီ တစ်ခုလုံးအနေနဲ့ပါပေါ့ ။
အစိုးရသစ် တာဝန်ယူရတော့မယ် ဆိုတော့ အလုပ်ရှုပ်တာတော့ အမှန်ပဲ ။ အခြား
တွေ့သင့်တွေ့ထိုက်တဲ့ အဖွဲ့အစည်း အသင်းအပင်းနဲ့လည်း တွေ့ပြီးပြီ ။
ကျွန်တော်တို့တိုင်းရင်းသားတွေကို ကျတော့ အခုလိုမျိုး တအားအချိန်လည်း
မရှိတော့တဲ့အချိန်မှာ မတွေ့နိုင်သေးတဲ့အတွက် သိပ်တော့ စိတ်မကောင်းဘူးပေါ့ ။
ဒီထက်မြန်မြန်လေး စီစဉ်နိုင်ရင် နှစ်ဦးနှစ်ဖက် ပိုပြီး အဆင်ပြေလိမ့်မယ်လို့
မြင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ
ဦးစိုင်းလိတ်က The Ladies သို့ပြောသည်။
တိုင်းရင်းသားပါတီ တစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ ANP အနေဖြင့်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီမှ ကမ်းလှမ်းလာလျှင် တွေ့ဆုံ
ဆွေးနွေးရန် ကြိုတင် ပြင်ဆင်ထားသော်လည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ
ကမ်းလှမ်းလာမှု မရှိသေးကြောင်း ANP ပါတီမှ ဦးအေးသာအောင်က The Ladies
သို့ပြောသည်။
“ANP အနေနဲ့ NLD ကမ်းလှမ်းလာရင် တွေ့ဖို့ ပြင်ဆင်ထားတယ် ။ ဒါပေမဲ့
အခုထိ မတွေ့ဖြစ်သေးဘူး။ NLD က အခုချိန်ထိ မတွေ့ဘူးဆိုတာ ဘာကြောင့်
မတွေ့ဘူးဆိုတာ အတိအကျ ပြောဖို့တော့ ခက်ပါတယ် ။ ကျွန်တော်တို့က
မူလဆုံးဖြတ်ထားတာကတော့ NLD က ကမ်းလှမ်းလာရင် တွေ့မယ် ။ ဒီလောက်ပဲ
ဆုံးဖြတ်ထားသေးတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရန်
ယခုအချိန်ထိ တစ်စုံတစ်ရာ ပြောဆိုမှု မရှိသေးကြောင်း၊ SNLD အနေဖြင့်
သီးသန့်တောင်းဆိုစရာ မရှိသော်လည်း အဓိကအားဖြင့် နိုင်ငံရေးပဋိဉာဏ်
ရှိရန် လိုအပ်ကြောင်းလည်း ဦးစိုင်းလိတ်က ဆိုသည်။
“NLD နဲ့ ကျွန်တော်တို့ကြားထဲမှာ နိုင်ငံရေး ပဋိဉာဏ် တစ်ခုခုမရှိသေးဘဲနဲ့ တခြား
သဘောတူညီချက်တွေ တစ်ခုမှ ကျွန်တော်တို့လုပ်မှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့
ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေ အချင်းချင်းတွေ့ဆုံပြီး နိုင်ငံရေးဆိုင်ရာ
သဘောတူညီ ချက် တစ်စုံတစ်ခုရအောင် အရင်ဆွေးနွေးပါမယ်။ အဲ့ဒါဆွေးနွေးပြီး
နောက်ပိုင်းကျမှပဲ တခြားကိစ္စတွေကို ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်” ဟု
ဦးစိုင်းလိတ်က ပြောသည်။
ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီ ၁၈ ခုက ပြည်သူ့လွှတ်တော်၊ အမျိုးသား
လွှတ်တော်၊ တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင် ၁၃၈ နေရာ အနိုင်ရရှိ ခဲ့ပြီး
ပြည်သူ့လွှတ်တော်တွင် ၃၇ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၈ နေရာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် အသီးသီးတို့တွင် ၇၈ နေရာနှင့်
တိုင်းဒေသကြီး / ပြည်နယ် (တိုင်းရင်းသားလူမျိုး) ငါးနေရာတို့တွင် အနိုင်ရရှိခဲ့ကြ
သည်။ အများစု အနိုင်ရရှိသည့် တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့်
ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် NLD အနေဖြင့် အစိုးရဖွဲ့နိုင်ပါက တိုင်းရင်းသား
အရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ လွတ်လပ်ခြင်း၊ တူညီသော
အခွင့်အရေး ရရှိခြင်းနှင့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ရှိခြင်းတို့နှင့် ပြည့်စုံသည့်
ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲတွင်
အနိုင်ရပါက မနိုင်သည့် သူများကို မေတ္တာထား ဆက်ဆံရမည်ကို သဘောပေါက်ပြီး
ရာခိုင်နှုန်း ၁၀၀ အနိုင်ရလျှင်တောင် လက်ကမ်း ကြိုဆိုပြီး အတူလက်တွဲ
လုပ်ချင်စိတ် ရှိသည်ဟု နိုဝင်ဘာ ၁ ရက်က ရန်ကုန်မြို့၌ ပြည်သူများနှင့် တွေ့ဆုံစဉ်
က ပြောကြားထားမှုများလည်း ရှိနေသည်။
သတင်း - ဇော်မင်းထွန်း
The Ladies News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment