မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
“ဓားထောက် ငွေလုယက်သူအား ၆ နာရီအတွင်း ဖမ်းဆီးရမိ”
“ဓားထောက် ငွေလုယက်သူအား ၆ နာရီအတွင်း ဖမ်းဆီးရမိ”
Monday, January 18, 2016
၁၇.၁.၂၀၁၆ ရက်နေ့ ၁၇၃၀ အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ
မအိအိကျော်သည် ယုဇနပလာဇာမှ အထည်ရောင်းပြီး နေအိမ်သို့ပြန်လာစဉ်
နေအိမ်လှေကား (၃) လွှာအတက်တွင် လူငယ်တစ်ဦးမှ ၎င်းအား ဓားဖြင့်
ထောက်ကာ လက်အားအ၀တ်စကြိုးဖြင့်တုတ်ပြီး ပါးစပ်တွင်အ၀တ်များဆို့၍
ပလပ်စတစ်အိတ်ဖြင့်ထည့်လျက် လက်တွင်ကိုင်ထားသော ငွေကျပ်(၁)သိန်း
အား လုယူထွက်ပြေးသွားခဲ့ကြောင်း၊ လက်အားကြိုးဖြင့်တုတ်နှောင်စဉ် ဓားဖြင့်ထိခိုက်မိသဖြင့် ၀ဲလက်ဖ၀ါးတွင် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း၊ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် တိုက်ခန်းမြေညီထပ်နေ ကိုသီဟစိုးမှ လုယူထွက်ပြေးသွားသူအား လိုက်လံဖမ်းဆီးခဲ့ရာ အဆိုပါလူငယ်မှ ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသဖြင့် ကိုသီဟစိုးတွင် ဦးခေါင်းဝဲဘက်ပြတ်ရှဒဏ်ရာရရှိခဲ့ရာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း တိုင်းတန်းခဲ့သည်။
တိုင်တန်းချက်အရ မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ (ပ)၅၄/၂၀၁၆၊ ပြစ်မှု
ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးစုံစမ်း
ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စုံစမ်းဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်
နေ ဇော်ဝင်းထွဋ် (၃၄)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအားလိုက်လံဖမ်းဆီး
ခဲ့ရာ ၂၃၃၀ အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာရှေ့တွင်
လုယူသွားသော ငွေကျပ်(၁)သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment