မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 15, 2016
မလေးရှားလေကြောင်းလိုင်းမှ MH370 ကိုရှာဖွေရင်း ၁၉ ရာစုမှ သင်္ဘောပျက်တစ်စင်း ရှာဖွေတွေ့ရှိ
မလေးရှားလေကြောင်းလိုင်းမှ MH370 ကိုရှာဖွေရင်း ၁၉ ရာစုမှ သင်္ဘောပျက်တစ်စင်း ရှာဖွေတွေ့ရှိ
ကွာလာလမ်ပူ ဇန်န၀ါရီ ၁၅ ။ ။အချိန်နှစ်နှစ်နီးပါးကြားသည့်တိုင် အဆင့်မြင့်နည်းပညာသုံး သင်္ဘောများသည် အိန္ဒိယသမုဒ္ဒရာတစ်ခွင် ရှာဖွေမှုများပြုလုပ်ခဲ့ကြသော်လည်း မလေးရှားလေယာဉ် MH370 ကို အရိပ်လက္ခဏာမျှပင် မတွေ့ခဲ့ရပေ။
သို့သော် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပင်လယ်ပြင်၏ အောက်ခြေ တွင် နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိ သင်္ဘောပျက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ပျံသန်းရင်း ၂၀၁၄ ခုနှစ် မတ်လတွင် ထူးဆန်းစွာ ပျောက်ဆုံးခဲ့သော ဘိုးရင်း ၇၇၇ အမျိုးအစား MH370 လေယာဉ်ရှာဖွေရာတွင် ညွှန်ကြားနေသော သြစတေးလျအေဂျင်စီ ပူးပေါင်းအေဂျင်စီအချက်ပြ စင်တာမှ “ရေအောက် ပစ္စည်းရှာဖွေတဲ့ကိရိယာဖြစ်တဲ့ ဆိုနာကနေ အချက်ပြတစ်ခု ဖမ်းယူရရှိခဲ့ပါ တယ်၊ အဲဒါကတော့ လူတို့ဖန်တီးထားတဲ့ ပစ္စည်းတစ်ခု ဖြစ်နိုင်တာက သင်္ဘောပျက်တစ်စင်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။
ရှာဖွေသူများသည် ယခုလအတွင်း ဟာဗီလာ ဟာမိုနီအမည်ရှိ ဒုတိယမြောက် လှေ တစ်စင်းကို ထပ်မံစေလွှတ်ခဲ့ပြီး ယင်းလှေပေါ်မှ ဆိုနာကို အသုံးပြုကာ အမည်မသိ ရေအောက်သင်္ဘောကို ဓါတ်ပုံတစ်ပုံ ရိုက်ကူးခဲ့ကြောင်း အဆိုပါ အေဂျင်စီ၏ နောက်ဆုံးလုပ်ဆောင်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။
သူတို့က အဆိုပါ ဓါတ်ပုံကိုအနောက်ပိုင်း သြစတေးလျပြတိုက်၏ သင်္ဘောပျက်ပြ ခန်း ရှိ ကျွမ်းကျင်သူများထံ ပေးပို့ခဲ့ပြီးနောက် ယင်းသင်္ဘော သည် ၁၉ ရာစုအစောပိုင်းမှ စတီးသို့မဟုတ် သံနှင့် ပြုလုပ်ထားသော သင်္ဘော တစ်စင်းဖြစ်နိုင်ချေရှိကြောင်း ပြောကြားသည်။
ယခင်နှစ်မေလတွင် လည်း ၁၉ ရာစုမှ အခြား သင်္ဘောပျက် တစ်စင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သေးသည်။
Ref:CNN
Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment