Friday, January 8, 2016

ဖားကန့်မြို့နယ် ကံဆီးကျေးရွာဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး KIA မိုင်း နင်းမိပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ဆေးရုံတက်နေစဉ်အတွင်းမှာပင် ကလေးမီးဖွားခဲ့၊ အစိုးရတပ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ထောက်ပံ့ငွေများ ပေးအပ်

ဖားကန့်မြို့နယ် ကံဆီးကျေးရွာဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး KIA မိုင်း နင်းမိပြီးနောက် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ပြီး ဆေးရုံတက်နေစဉ်အတွင်းမှာပင် ကလေးမီးဖွားခဲ့၊ အစိုးရတပ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှ ထောက်ပံ့ငွေများ ပေးအပ်
=========================================

ကေအိုင်အေ(ကချင်)သောင်းကျန်းသူများသည် ၎င်းတို့အာဏာ ရရှိစေရန်အတွက် တပ်မတော် သားများကိုပါ ထိခိုက်စေလိုသော ရည်ရွယ်ချက်သာမကဘဲ ကချင်လူမျိုးများကိုပါ ထိခိုက်စေရန် ရည်ရွယ်ပြီး ဒေသခံများ၏ သွားလာရာလမ်းကြောင်းများ၊ သား/ငါးနှင့် ဟင်းသီး/ဟင်းရွက် ရှာဖွေရာ  လမ်းကြောင်းတစ်လျှောက်များတွင်လည်း KIA ကချင်သောင်းကျန်းသူတို့က လူမဆန်စွာ မိုင်းများ ထောင်မှုကြောင့် ပြည်သူများ သွားရေးလာရေး ဒုက္ခရောက်ကြရသည့်အပြင် တချို့ဒေသခံပြည်သူများ မိုင်းထိခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားလျှက်ရှိပါသည်။
မကြာသေးမီက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကံဆီးကျေးရွာတွင်နေထိုင်သူ မစန္ဒာ (၃၆)နှစ်သည် ဟင်းသီးဟင်းရွက်ရှာရန် သွားရောက်စဉ် ဘော်ဇာဒီးကျေးရွာ၏မြောက်ဘက် (၂) မိုင်ခန့်အရောက် KIA ထောင်ထားသော မြေမြှပ်မိုင်း နင်းမိပေါက်ကွဲခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံးခင်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မြစ်ကြီးနားတပ်မတော်စစ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။
ထိုသို့ မစန္ဒာ ဆေးကုသမှုခံယူနေစဉ်ကာလအတွင်း တပ်မတော်မှ လိုအပ်သောဆေးဝါးများနှင့် ထောက်ပံ့ကြေးများကိုလည်း ပေးအပ်ခဲ့ကြောင်း ကြားသိရပါသည်။ မစန္ဒာ မိုင်းထိခဲ့စဉ်က ကိုယ်ဝန် ၅ လခန့် လွယ်ထားရပြီး ယခုအခါ ဆေးရုံတက်နေစဉ်မှာပဲ ကလေးမွေးဖွားခဲ့ရာ လူကြီးရောကလေးပါ ကျန်းမာလျှက်ရှိကြောင်း မစန္ဒာထံမှ ကြားသိရပါသည်။
မစန္ဒာအား ကလေးမီးဖွားပြီးနောက် ၎င်း၏ နေရပ်ဖြစ်သော ကံဆီးကျေးရွာသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်းသိရသည်။ မစန္ဒာဆေးရုံတက်နေစဉ်အတွင်း အလှူငွေ ၂၅ သိန်းကျပ်တိတိ ရရှိခဲ့ပြီး ၎င်းအလှူငွေကို အခမ်းအနားပြုလုပ်၍ ရပ်မိရပ်ဖများရှေ့မှောက်တွင် တပ်မတော်အရာရှိကြီးတစ်ဦးမှ မစန္ဒာလက်ထဲသို့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော ရှမ်းရိုးရာ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ၁ သိန်းကျပ်၊ ကချင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ၂ သိန်းကျပ်၊ ကရင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ၃ သိန်းကျပ်၊ ချင်းရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ၃ သိန်းကျပ်၊ ရခိုင်ရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ၁ သိန်းကျပ်၊ စုစုပေါင်း နောက်ထပ်လှူဒါန်းငွေ ၁၀ ကျပ် အား ထပ်မံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
စုစုပေါင်း အလှူငွေကျပ် (၃၅) သိန်းအား မစန္ဒာကိုယ်တိုင် လက်ခံယူပြီး မစန္ဒာမှ ယခုလို လူသားချင်းစာနာထောက်ထားစွာဖြင့် ကူညီပေးကြသော အစိုးရတပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများကို မစန္ဒာမှ များစွာကျေးဇူးတင်ရှိပါကြောင်းနှင့် အလွန်ဝမ်းသာပီတိ ဖြစ်ရပါကြောင်း ပြောကြားခဲ့သည်ဟု ကြားသိရသည်။
ဖာကန့်မြို့နယ်အတွင်းရှိ လုံးတုံနှင့် မိုင်းနောင်းကျေးရွာအနီး ၂၀၁၅ ခုနှစ် ၂ လပိုင်းမှ နှစ်ကုန်ထိ KIA ကချင်သောင်းကျန်းသူ မိုင်းများကြောင့် ဒေသခံပြည်သူများ မိုင်းထိဖြစ်စဉ် ၆ ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၁) ဦးရှိကြောင်း စစ်တမ်းများအရ သိရှိရသည်။

By Voice Of Kachin


No comments: