Saturday, January 9, 2016

ပြီးခဲ့သည့် ၅ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံ၏ ICT ဖွံ့ဖြိုးမှု အညွှန်းကိန်း မြင့်တက်လာ



    ရန်ကုန် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

    နိုင်ငံတစ်နိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် ကွန်ရက်များ ဖြန့်ကြက်နိုင်မှု၊ သုံးစွဲသည့် လူဦးရေ ရာခိုင်နှုန်းနှင့် စာတတ်မြောက်မှု နှုန်းအပေါ် မူတည်ပြီး ဖော်ပြသည့် ITU( International Telecommunications Union) ၏ ICT ဖွံ့ဖြိုးမှု အညွှန်းကိန်း (ICT Development Index-IDI) ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ၏ IDI အညွှန်းကိန်းသည် နိုင်ငံပေါင်း ၁၆၇ နိုင်ငံအနက် ၂ဝ၁ဝ ခုနှစ်တွင် အဆင့် (၁၅ဝ) ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ်တွင် အဆင့် (၁၄၂) ထိ တိုးတက်ရောက် ရှိလာသဖြင့် အဆင့် (၈) ဆင့် မြင့်တက်လာခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တယ်လီဖုန်း သိပ်သည်းဆသည် ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်တွင် ၂.၇၇ ရာခိုင်နှုန်းခန့် ရှိခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ဆက်သွယ်ရေး ဥပဒေအား ခေတ်နှင့် အညီ ပြင်ဆင်ရေးဆွဲ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပါဝင် ဆောင်ရွက်ခဲ့ရာ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ကုန်အထိ တယ်လီဖုန်း သိပ်သည်းဆမှာ ၇၅.၈၉ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိလာပြီး နိုင်ငံ၏ ICT ကဏ္ဍ တိုးတက်လာခဲ့ကြောင်း သိရသည်။

ထို့ ပြင် နိုင်ငံပေါင်း ၁၆၇ နိုင်ငံ၌ မြန်မာ ၊ ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် IDI အညွှန်းကိန်း သိသိသာသာ တိုးတက်ခဲ့သော နိုင်ငံများ ဖြစ်ကြောင်း သိရသည်။  (Xinhua)

http://www.xinhuamyanmar.com

No comments: