Wednesday, January 6, 2016

အကုသိုလ်နည်းအောင် Facebook အသုံးပြုနည်း

အကုသိုလ်နည်းအောင် Facebook အသုံးပြုနည်း

အကုသိုလ်နည်းအောင် Facebook အသုံးပြုနည်း

အကုသိုလ်နည်းအောင် Facebook အသုံးပြုနည်း

တစ်နေ့ တစ်နေ့ Facebook ကိုသာ အသုံးပြုနေတာFacebook ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သင်သတိထားမိပါရဲ့လား?
Facebook ကြောင့် မနာလိုဝန်တိုရတာတွေ၊ အားငယ်ရတာတွေ၊ အထီးကျန်ရတာတွေ၊ ဒေါသထွက်ရတာတွေ၊အမြင်ကတ်
ရတာတွေ အစုံပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း အပျင်းပြေခြင်း၊ ဗဟုသုတရခြင်း၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်
မပြတ်ခြင်း၊ စတဲ့ ကောင်းကျိုးတွေရှိနေပါတယ်။ ဒီတော့ Facebook လည်းသုံး၊အကုသိုလ်လည်း မများအောင် အောက်ပါ
နည်းလမ်းတွေကို သုံးကြည့်ပါ။
(၁) သင့်ရဲ့ Friend List ကို သန့်ရှင်းရေးလုပ်ပါ။
သင့်Facebook Friend တွေထဲက အာရုံနောက်စရာကောင်းတဲ့ သူငယ်ချင်းတွေကို Unfriend လုပ်ပါ။ အမြဲတမ်း Negative
Status တွေပဲတင်နေတဲ့သူတွေကိုလည်း ရှင်းထုတ်ပါ။ သူတို့က သင့်ရဲ့စိတ်ကိုပါ ဆင်းရဲစေပါတယ်။ အကယ်၍ သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးမို့လို့ Unfriend လုပ်လို့မရရင် Unfollow လုပ်ပါ။သူ့ရဲ့ Status တွေကို သင်မြင်ရမှာ မဟုတ်တော့ပါဘူး။
(၂) ပေါက်ကရ သတင်းဌာနတွေ၊ မဟုတ်မမှန်တာတွေကို Unlike or Unfollow လုပ်ပစ်ပါ။
(၃) သင်ကြိုက်နှစ်သက်တဲ့ သတင်းဌာနတွေ၊ pageတွေကို Follow or See First လုပ်ပါ။
ဒါမှ မနက်မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ သင်ကြိုက်နှစ်သက်တဲ့သတင်းတွေကို အလွယ်တကူ ဖတ်နိုင်မှာ ဖြစ်ပ်ါတယ်။
(၄) သင့်ကိုစိတ်ဒုက္ခပေးနေတဲ့ သင့်ရဲ့ Crush, Ex အစရှိသော သူအားလုံးကို ဘလော့ပါ။
သူတို့ရဲ့ ချစ်သူတွေနဲ့ပျော်မြူးနေတဲ့ ပုံတွေ၊ သူတို့ပျော်ပါးနေတဲံ ပုံတွေ၊ စတာတွေကို နေ့တိုင်း အခါ (၃၀)လောက်ဝင်ကြည့်
နေရင်တော့ သင်ဘယ်လောက်အထိ ရူးနေလဲ ပြန်သတိရပါ။ ကိုယ့်ခေါင်းထဲက အမှိုက်တွေ ထည့်နေသ၍တော့ စိတ်ကြည်
လင်တဲ့နေ့တစ်နေ့ ရနိုင်မှာ မဟုတ်တော့ပါဘူး။ ထိုအမှိုက်တွေကို အပြီးလွှင့်ပစ်လိုက်ပါ။
(၅) သင်ကိုယ်တိုင်လည်း သူများကို စိတ်ဒုက္ခမပေးမိစေနဲ့။
အားနေ ဘယ်သွား၊ ဘာလုပ်၊ အီးပေါက်၊ စတဲ့ အသေးစိတ်က အစတင်မနေပါနဲ့။ ကိုယ့်Facebook ပဲကိုယ်လုပ်ချင်တာ
လုပ်မှာပေါ့ဆိုရင် သူများလုပ်ရင်လည်း စိတ်အနှောက်အယှက်မဖြစ်ပါစေနဲ့။
(၆) ရင်ဖွင့်ပါ။ ဒါပေမယ့် ခဏခဏတော့ စိတ်ထဲရှိတာတွေတင်မနေပါနဲ့။
သင်ကတော့ သင့်စိတ်ထဲရှိတာ တင်လိုက်တာပဲ။ ဒါပေမယ့် အဲ့ဒိNegativeတွေက သူများတွေရဲ့ စိတ်အခြေအနေကို
ထိခိုက်စေနိုင်သလို သင့်အကြောင်းကိုလည်း လူတွေပိုသိစေပါတယ်။ သင့်ရဲ့အားနည်းချက်တွေကိုလည်း သင့်ရန်သူ
ကမှန်းဆရလွယ်တတ်ပါတယ်။ စိတ်ထဲမွန်းကြပ်လို့ ရင်ဖွင့်တာကောင်းပေမယ့် အားနေ စိတ်ညစ်တဲ့ အကြောင်းကြီးပဲ
တင်နေရင်တော့ သူများအတွက်လည်း စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်။
(၇) ငကြွားများကို မျက်စိနောက်ရင် ဘလော့လိုက်ပါ။
သူများတင်တဲ့ Status ကို သင့်မှာ တားပိုင်ခွင့်မရှိပါဘူး။ သင့်မျက်စိထဲ စပါးမွှေးစူးနေရင် ဘလော့ပလိုက်ပါ။ လူဆိုတာ
မနာလိုတဲ့စိတ်ဓာတ်ခံ ရှိကြတဲ့သူတွေချည်းပါပဲ။ သင့်ကိုအကုသိုလ်တွေ အရမ်းပေးနေပီဆိုရင်တော့ သင်ကပဲ ရှောင်
ရှားတတ်ရပါမယ်။မိမိကိုယ်တိုင်လည်း Standard ရှိတဲ့သူတစ်ယောက်ဖြစ်အောင်ကြိုးစားပါ။

Myanmar Online Media

No comments: