လေ့လာမှု အသစ်တွေအရ သင့်ရဲ့ ဘော့စ်နဲ့ နီးကပ်စွာ ထိုင်ခြင်းက သင့်ရဲ့လုပ်ရည် ကိုင်ရည်ပေါ်ကို အကျိုး
သက်ရောက်မှု ရှိစေနိုင်ပါတယ်။ နယ်သာလန်က လေ့လာသူတွေ စစ်တမ်းကောက်ခဲ့ရာမှာ ဘော့စ်နဲ့နီးကပ်
စွာ အလုပ်လုပ်သူများဟာ သူတစ်ပါးပေါ် ဖိနှိပ်ဆက်ဆံဖို့ ရာခိုင်နှုန်းပိုများတယ်လို့ ဆိုပါတယ်။
Gijs van Houwelingen ဦးဆောင်တဲ့ Rotterdam Management School က သိပ္ဗံပညာရှင်တွေက
ဘော့စ်နဲ့အနေနီးမှုနဲ့ ရုံးတွင်းဆိုင်ရာအမူအရာ ဆက်စပ်မှုကို စမ်းသပ်လေ့လာခဲ့ကြပါတယ်။ “အကယ်၍
သင့်ရဲ့ရှေ့မှာ ခွေးတစ်ကောင်ကို ကန်ရင် သင်စိတ်ဆိုးနိုင်ပါတယ်။ ဒါပေမယ့် တစ်နေရာရာမှာ လူတစ်
ယောက်က ခွေးတစ်ကောင်ကို ကန်တယ်လို့ ကြားရုံနဲ့တော့ သင်စိတ်ဆိုးဖို့ မလွယ်ပါဘူး။” လို့သူက
ဆိုပါတယ်။
အကွာအဝေးက စိတ်ခံစားမှု အပေါ်အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် ဘော့စ်နဲ့ အရမ်းနီးကပ်
တဲ့ နေရာမျိုးမှာ ထိုင်ခြင်းက မကောင်းဘူးလို့ ဆိုပါတယ်။
Myanmar Online Media Team
No comments:
Post a Comment