Wednesday, January 6, 2016

သင်ဘယ်တော့မှ မစိုးရိမ်သင့်သည့် အချက် ၇ ချက်

သင်ဘယ်တော့မှ မစိုးရိမ်သင့်သည့် အချက် ၇ ချက်

သင်ဘယ်တော့မှ မစိုးရိမ်သင့်သည့် အချက် ၇ ချက်

သင်ဘယ်တော့မှ မစိုးရိမ်သင့်သည့် အချက် ၇ ချက်

ယနေ့ခေတ်မှာ နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်စရာတွေ ရှိနေပါတယ်။ အပြိုင်အဆိုင်များလှသည့် ယနေ့ခေတ်ကြီးထဲမှာ
စိုးရိမ်ပူပန်မှုတွေကို ရှောင်လွှဲဖို့ မဖြစ်နိုင်ပါဘူး။ မနက်ဖြန်အတွက် စိုးရိမ်ပူပန်နေတာကို ရပ်လိုက်ပါ။ သင့်ဦးနှောက်
ကို ပိုမိုခက်ခဲသည့် အချိန်တွေအတွက် ချွေတာလိုက်ပါ။ အောက်တွင် နောက်ထပ်ဘယ်တော့မှ သင် မစိုးရိမ်သင့်
တဲ့အချက် ၇ ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ အသားအရေပြဿနာ
သင့်မျက်နှာမှာ အရေးအကြောင်းတွေ ဝက်ခြံတွေ နေလောင်ကွက်တွေ ရှိသည့်အခါ သင် လုပ်ချင်ဆုံး အလုပ်က
အပြင်မထွက်ဘဲ အိမ်တွင်းပုန်းနေခြင်းပဲ ဖြစ်ပါလိမ့်မည်။ အသားအရေ ပြဿနာက သင် တစ်ယောက်တည်း ဖြစ်
တာ မဟုတ်ပါဘူး။ လူတိုင်း ဖြစ်ကြတာပါပဲ။ သင့်နှာခေါင်းက ဝက်ခြံကြောင့် စိတ်ဖိစီးမှု မဖြစ်သင့်ပါဘူး။ သင့်
အသားအရေကို ကောင်းကောင်း ဂရုစိုက်ပါ။ ဒါပေမဲ့ အရှိကို အရှိတိုင်း လက်ခံပါ။
၂။ Single ဖြစ်ခြင်း
Relationship ဆို ဘဝမှာ အရေးကြီးပါတယ်။ ဒါပေမဲ့လည်း single ဖြစ်ရတာလည်း အဆုံးသတ် မဟုတ်ပါဘူး။
သင့်အတွက် မှန်ကန်သည့် လူတစ်ယောက်ကို မတွေ့သေးသရွေ့ single ဘဝမှာ ပျော်ပျော်နေသင့်ပါတယ်။
၃။ ခန္ဓာကိုယ်အလေးချိန်
ယနေ့ခေတ် အမျိုးသမီးအများစုဟာ လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ် အာဟာရပြတ်သည်အထိ အစာခံပြီး
ကိုယ်အလေးချိန် လျော့ချဖို့ ကြိုးစားနေကြပါတယ်။ ပေါင်ချိန်စက်က ကိန်းဂဏန်းတွေဟာ အမှန်တကယ်တော့
အဓိပ္ပာယ် မရှိပါဘူး။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ မျှတစွာ စားသုံးပါ။ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်အောင်
ကြိုးစားပါ။
၎။ အနာဂတ်
အနာဂတ်ကို သင် ကြိုတင်စီမံနိုင်ပေမယ့် မခန့်မှန်းနိုင်ပါဘူး။ အနာဂတ်ကို အရမ်းအာရုံစိုက်တာဟာ သင့်စိတ်
ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ပစ္စုပ္ပန်မှာ အကောင်းဆုံးနေထိုင်ပါ။ ပြီးတော့ ပန်းတိုင် ချမှတိပြီး
အရောက်သွားနိုင်အောင် အားထုတ်ပါ။ သင့်ဘဝ ခရီးလမ်းမှာ ကြုံတွေ့ရမယ့် ဆုံးရှုံးမှုတွေကို ရင်ဆိုင်နိုင်
အောင်လည်း ပြင်ဆင်ထားပါ။
၅။ ပြီးပြည့်စုံတဲ့ အရည်အချင်း
ဒီလောကမှာ ခြေထောက်မရှိတဲ့သူတွေ မျက်စိမမြင်တဲ့သူတွေ စကားမပြောနိုင်သူတွေ ရောဂါခံစားနေရသူတွေ
အများကြီးပါပဲ။ သင်က သူတို့ထဲက တစ်ယောက် မဟုတ်ဘူးဆိုရင် ဘာကို စိုးရိမ်စရာလိုလဲ။ မည်သူမျှ ပြည့်စုံ
မနေပါဘူး။ လူတိုင်း အပြစ်အနာအဆာဆိုတာ ရှိတာပါပဲ။ ဒါကြောင့် ပြီးပြည့်စုံဖို့ အရမ်းမကြိုးစားပါနဲ့။
၆။ အဆင့်အတန်းများ
အထက်တန်း နှင့် ကောလိပ်မှာ အဆင့်ကောင်းကောင်း မရခဲ့သည့် လူတွေက အခု အောင်မြင်နေကြပါတယ်။
ကျောင်းတုန်းက အဆင့်ကောင်း ရခဲ့သည့် လူတွေက ကျရှုံးနေပါတယ်။ ဆိုလိုတာက လေ့လာသင်ယူမှုကို
မရပ်လိုက်ပါနဲ့။ ကျောင်းတုန်းက အဆင့်တွေကို စိုးရိမ်မနေပါနဲ့။ ဆက်လက် သင်ယူပြီး နေ့စဉ်နေ့တိုင်း အသိပညာ
ဗဟုသုတ တိုးပွားအောင် လုပ်ပါ။
၇။ ပိုက်ဆံ
ပိုက်ဆံမရှိဘဲ ကျွန်တော်တို့ မရှင်သန်နိုင်ပါဘူး။ အစားအစာတွေ ဝယ်ယူဖို့ ပြေစာတွေကို ငွေရှင်းဖို့ ပိုက်ဆံ
အလုံအလောက်ရရှိဖို့ လိုပါတယ်။ ဒါပေမဲ့ ဘဝမှာ ပျော်ရွှင်ဖို့ သင် ချမ်းသာစရာ မလိုပါဘူး။ ဘဝမှာ စိုးရိမ်
ပူပန်စရာတွေ များပေမယ့် ပိုက်ဆံကတော့ မပါဝင်ပါဘူး။ ဒါကြောင့် ပိုက်ဆံအတွက် စိုးရိမ်ပူပန်တာကို
ရပ်လိုက်ပါ။ ဘဝမှာ ပျော်ရွှင်ဖို့ ပြဿနာတွေက သင့်ကို ထိန်းချုပ်တာ မခံပါနဲ့။ ဘဝရဲ့ အလှအပတွေကို
ရှာဖွေပြီး ပျော်ရွှင်စွာ ဖြတ်သန်းလိုက်ပါ။

Myanmar Online Media Team
Ref:en.amerikanki

No comments: