တန်ဖိုးရှိသော မီဒီယာဖြစ်ပါစေ
-----------------------------------
မြန်မာနိုင်ငံဥပဒေလောကသည် လူမှုမီဒီယာများအတွက် လွန်စွာကြီးမားသည့်ပစ်မှတ်ကြီးဖြစ် နေပါသည်။ မည်သို့ပစ်ပစ်၊ မည်သည့်နည်းဖြင့်ပစ်ပစ်ထိမှန်နေပါသည်။ ယခုလည်း သမ္မတထမ်းဆောင်ဖူး သူတွေအတွက် လုံခြုံရေးဥပဒေပြဋ္ဌာန်းတော့ ဝေဖန်သံတွေ၊ အကြံပြုသံတွေအများအပြားပေါ်လာသည်။ ဘာမဆိုင်ညာမဆိုင် စစ်ထောက်လှမ်းရေးကိစ္စကိုပါ ချီးခြောက်ရေနှူး ရောနှောဥပမာပြကြသေးသည်။
အမေရိကန်နိုင်ငံ မီဒီယာသမားများတွင် လက်ကိုင်ထားသောအယူအဆတစ်ခုရှိသည်။ ゞင်းမှာ မကောင်းသတင်းက ရောင်းရတယ်။ ကောင်းသတင်းက အရောင်းမသွက်ဘူး။ ဒါ့ကြောင့်လည်း ဂျာနယ် ဖတ်ပါက အကြမ်းဖက်မှုတွေ၊ ဒုစရိုက်မှုတွေ၊ ပုဂ္ဂိုလ်ရေးအရပုတ်ခတ်မှုတွေ စသည်တို့ပဲအသားပေး
ရေးကြသည်။ အဆိုပါဥပဒေမှာကတည်းက တာဝန်အရလုပ်ဆောင်မှု လို့ အတိအကျပါရှိပါတယ်။ ဒါကို မြန်မာစာစနစ်တကျမဖတ်ဘဲ မကောင်းပြောချင်တဲ့စိတ်က လွှမ်းမိုးမှုများနေပြီး ပြောချင်
ရာပြောနေ တော့သည်။ ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်း အိမ်ကိုလည်း ပြင်းပြင်းထန်ထန်
ဝေဖန်လိုက် သေးသည်။ ဒီလစာနဲ့ ဒီလောက်အိမ်ဆောက်နိုင်သလားပေါ့....။
ကျွန်တော်တို့လူမျိုးတွေ မြို့မငြိမ်းသီချင်းထဲကလို ကမ္ဘာကြည့် ကြည့်ဖို့လိုနေပြီဖြစ်သည်။ အစိုးရကို ပုတ်ခတ်မယ်၊ လူပုဂ္ဂိုလ်တွေကိုပုတ်ခတ်မယ်၊ စစ်တပ်ကိုပုတ်ခတ်မယ် ဒါနဲ့ပဲ အသက်တွေကြီးလာသည်။ မကောင်းပြောချင်တဲ့စိတ်တွေ နေ့စဉ်နေ့တိုင်းပွားများလာတော့ တဖြည်းဖြည်းနဲ့မကောင်းတဲ့လူဖြစ်မှန်း မသိဖြစ်လာသည်ကို သတိမထားမိချေ....။
ယခုကျွန်တော်တို့ကမ္ဘာကို စတင်ကြည့်ရအောင်။ တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေသည့ှ်ု စစ်သွေြးွကအဖွဲ့သည် ဒုက္ခသည်ပုံစံဟန်ဆောင်ကာ ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ စိမ့်ဝင်နေသည်။ မြန်မာ
နိုင်ငံကိုတော့ မဝင်နိုင်ပါဘူးဟု ဘယ်သူအာမခံနိုင်ပါသလဲ။ ကျွန်တော်လည်း အာမ မခံနိုင်ပါ။ တစ်မျိုးသားလုံးရဲ့ လုံခြုံရေးအမြင်နဲ့ရှာဖွေကြည့်မှ သင့်တော်ပေမည်။ မိမိတို့နိုင်ငံထက် နည်းပညာ မြင့်မားသည့် အနောက်ဥရောပနိုင်ငံများမှာတောင် လုံခြုံရေးကို သာမန်ထက်တင်းကျပ်စွာ
ချထားပြီှးှု ကွန်ရက်ပြန့်ပွားမှုမရှိစေရေးဆောင်ရွက်နေကြသည်။ မိမိတို့၏ အတင်းအဖျင်းပြောတက်
သူလူတစ်စု မှာတော့ ထိုကြောက်စရာကောင်းတဲ့အရာကို လျစ်လျူရှုထားသည်။၎င်းအန္တရာယ်သည် HIV ကဲ့သို့ပင် ရောဂါမဖြစ်ခင်ကကာကွယ်တာကောင်းသည်၊ ရောဂါဖြစ်ပြီးမှ ဆေးမမီပေ။ နိုင်ငံအတွင်းဖောက်ခွဲ
ခံရ တော့မှ မိမိဂျာနယ်ရောင်းကောင်းအောင် ထရေးကြမည်လားတော့မသိ။ အကြံပြုလိုသည်မှာ ယခုအချိန် ကတည်းက တစ်မျိုးသားလုံး လုံခြုံရေးဆိုင်ရာအသိတွေရှိစေဖို့ ပြည်သူ
လူထုကိုချပြဆွေးနွေးသင့်သည်။ လွှတ်တော်တွင်လည်း ၎င်းကိစ္စကို အရေးကြီးကိစ္စသဖွယ် အရှေ့မျှော်၍ဆွေးနွေးရန် အကြံပေးသင့် သည်။ အတိတ်အကြောင်းတွေပြန်လှန်ပြီး တစ်ဦးနှင့်တစ်ဦး
တိုက်ခိုက်နေမည့်အစား ကောင်းရာကောင်း ကျိုးကိုကြိုးပမ်းရေးသား၍ ပြည်သူကိုပညာပေးသင့်သည်။
အရက်မသောက်ဘဲနေတာ အသေစောနိုင်ကြောင်းဖော်ပြသည့်ဂျာနယ်က ရှိသေးသည်။ ဒါက အမျိုးသားကျန်းမာရေးနှင့်သက်ဆိုင်သည်။ နိုင်ငံကျော်ဘုန်းတော်ကြီးတွေတောင် သက်တော်ရှည်ရှည် နေရအောင် အရက်ထသောက်ရမည့်ပုံပေါက်နေသည်။ အမေရိကန်နိုင်ငံမှထုတ်
တဲ့အရက်တွေက အရည်အသွေးမီချက်လုပ်ပြီး ကျန်းမာရေးစစ်ဆေးရေးအဖွဲ့တွေက စိစစ်ဖြန့်ဖြူးထားတာ
တွေဖြစ်သည်။ အဆိုပါအမေရိကန်သုတေသီတွေကို မြန်မာနိုင်ငံက ချက်အရက်တွေကိုလာ
စစ်စေချင်သည်။ မည်သို့ အဖြေထွက်မည်ဆိုတာ မစဉ်းစားရဲစရာပင်။ ဒါကိုအဟုတ်မှတ်ပြီး မြန်မာနိုင်ငံ
သား ဘယ်နှစ်ဦးလောက် သောက်နေပြီလဲဆိုတာ မတွေးရဲစရာပင်။ နိုင်ငံတိုးတက်မှုအားလုံးသည် အမျိုးသားကျန်းမာရေးမှစတင် ပါတယ်။ ကျန်းမာမှသာ ပညာတွေသင်နိုင်မယ်၊ အားကစားတွေထူးချွန်မယ်၊ ကမ္ဘာကျော်တီထွင်မှုတွေ ပြုနိုင်မှာဖြစ်ပါတယ်။
ထို့ကြောင့် သူတော်ကောင်းယောင်ဆောင်ပြီး နိုင်ငံတိုးတက်အောင်ပြုလုပ်နေသော စတုတ္ထမဏ္ဍိုင် ကြီးအဖို့ မိမိရေးသားဖော်ပြသည့် စကားလုံးများ၏တန်ဖိုးကို အလေးထားရေးသားတင်ပြသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။
မြတ်ကို
No comments:
Post a Comment