Sunday, January 3, 2016

ရဲမှူးကြီးကတော်ကို ဒုရဲအုပ်ကတော်က ရွှေ၁၆ကျပ်သားကျော်တန်ဖိုး ငွေကြေးရလိုမှုနဲ့ တရားစွဲ *******************

ရဲမှူးကြီးကတော်ကို  ဒုရဲအုပ်ကတော်က ရွှေ၁၆ကျပ်သားကျော်တန်ဖိုး ငွေကြေးရလိုမှုနဲ့ တရားစွဲ
***********************************************
မန္တလေး၊ ဒီဇင်ဘာ ၃၀ - ရွှေ၁၆ကျပ်သားခွဲဖိုး ကျသင့်တန်ဖိုးငွေ ရလိုမှုအတွက်    စစ်ကိုင်းတိုင်း   တိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ယောက်ရဲ့ဇနီးကို ဒုရဲအုပ်တစ်ဦးရဲ့ဇနီးက မန္တလေးခရိုင်တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပြီး အဲသည်အမှုကို လာမယ့်လမှာ စတင်စစ်ဆေးတော့မှာဖြစ်တယ်လို့     တရားစွဲဆိုသူအမျိုးသမီးဆီက သိရပါတယ်။
'ရွှေဖိုးကျသင့်ငွေတွေပေးဖို့ အခုလ၁၉ရက်နေ့က နို့တစ်စာပေးခဲ့တယ်၊ ဘာမှအကြောင်း မပြန်လို့ အခုခရိုင်တရားရုံးကို   ဦးတိုက်လျှောက်တယ်၊ လက်ခံတယ်၊ ပေးခဲ့တုန်းကလဲ လက်ထိ လက်ရောက်ပေးခဲ့တာ˘လို့ တရားစွဲဆိုသူ  ဒုရဲအုပ်ဇနီး  ဒေါ်ယုယုဝေက ပြောပါတယ်။
ရွှေဝယ်ယူပေးမှုကို ၂၀၁၃ခုနှစ်က ဝယ်ယူပေးခဲ့တာဖြစ်ပြီး စီးပွားရေးအရ ပတ်သက်မှုရှိနေ တဲ့အတွက် အချိန်စောင့်ဆိုင်းနေခဲ့ပြီး အခုအချိန်အထိ ကျသင့်တန်ဖိုးပေးချေခြင်းမရှိတဲ့အတွက်   တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်တယ်လို့  ဆိုပါတယ်။
'လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မတီကိုလဲ တိုင်ကြားခဲ့တယ်၊ ဘာအကြောင်းပြန် ကြားမှုမှမရှိလို့ အခုလိုတရားစွဲဆိုလိုက်တာပါ˘လို့ ဒေါ်ယုယုဝေက ပြောပါတယ်။
ဒုရဲအုပ်ဇနီး ဒေါ်ယုယုဝေရဲ့ တရားရုံးဦးတိုက်လျှောက်ထားမှုကို  အခုလ၂၉ ရက်နေ့က  လျှောက်ထားခဲ့တာဖြစ်ပြီးမန္တလေးခရိုင်တရားရုံးက အမှုအမှတ်စဉ် ၅၆၁နဲ့ လက်ခံထားကာလာ မယ့်   ဇန်နဝါ ရီလ ၁၂ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့သိရပါတယ်။
 
author   ခေမဏီ

No comments: