ပျားရည်ကို စားသုံးခြင်း၊ လိမ်းခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဒဏ်ရာများကို သက်သာစေနိုင်
ဒဏ်ရာကြောင့် နာကျင် ကျိန်းစပ်တဲ့ ဝေဒနာကို သက်သာစေပါတယ်။ ပျားရည်လိမ်းပေးခြင်းက အနာကျက်ပြီးနောက်ပိုင်း ကျန်ရစ်တဲ့အမာရွတ်တွေကိုလည်း သက်သာလျော့ပါးစေပါတယ်။
၂။ ချောင်းဆိုးရောဂါ သက်သာ
ပျားရည်ဟာ အအေးမိပြီး ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။ အိပ်ရာမ၀င်ခင် ပျားရည် လက် ဖက်ရည်ဇွန်း ၂ ဇွန်းခန့် သောက်ပေးပါက ညဘက်ချောင်းဆိုးခြင်းကို သက်သာစေပြီး ကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။
၃။ မှတ်ဉာဏ်စွမ်းရည်ကို အထောက်အကူပြု
ပျားရည်ကို နေ့စဉ်လက်ဖက်ရည်ဇွန်း တစ်ဇွန်းကနေ နှစ်ဇွန်းခန့် စားပေးမယ်ဆိုရင် အသက်ကြီးလာချိန်အထိ မှတ်ဉာဏ်စွမ်းရည်ကို ထိန်းသိမ်းထားနိုင်ပါတယ်။
၎။ စိုးရိမ်ပူပန်မှုနဲ့ ပင်ပန်းနွယ်နယ်မှုကို လျော့ပါးစေ
ပျားရည်က နာ့ဗ်ကြောတွေကို ပျော့ပြောင်းတည်ငြိမ်စေပြီး စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးပါတယ်။ ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေနိုင်ပါတယ်။
၅။ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာ ပါဝင်
ပျားရည်ပမာဏ အနည်းငယ်ကနေ သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို လုံလုံလောက်လောက် ရရှိနိုင်ပါတယ်။
၆။ သွေးဖြူဥ တိုးပွားစေ
သွေးဖြူဥပမာဏ လျော့နည်းမှုကို ပျားရည်က ကာကွယ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ သွေးဖြူဥနည်းတဲ့ ရောဂါအတွက် ဓာတုကုထုံးနဲ့ ကုသမှုခံယူနေစဉ်အတွင်း နေ့စဉ်ပျားရည်နှစ်ဇွန်းသောက်ရင် သွေးဖြူဥပမာဏဟာတိုးတက်လာတယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။
၇။ ဝက်ခြံပျောက်ပြီး အရွယ်တင်နုပျိုစေ
ဝက်ခြံပေါ်ကို ပျားရည်တို့ပေးခြင်းက ရောင်ရမ်းနာကျင်မှုကို သက်သာစေပါတယ်။ ၀က်ခြံတွေ အပျောက်မြန်စေသလို အမာရွတ်တွေလည်း ထင်မကျန်တော့ပါဘူး။ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
Source : webm
No comments:
Post a Comment