မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
လာမည့်ပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ် ငွေကျပ်သန်းပေါင်း ၁၅၀၀ ကျော် သုံးစွဲနိုင်ရန် လွှတ်တော်သို့ တင်ပြထား +++++++++++++++++++++++++++++++++++++++++++++++++++
လာမည့်ပညာသင်နှစ်အတွက် ပညာရေးအသုံးစရိတ်
ငွေကျပ်သန်းပေါင်း ၁၅၀၀ ကျော် သုံးစွဲနိုင်ရန် လွှတ်တော်သို့ တင်ပြထား
+++++++++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဇန်နဝါရီ ၁၇- လာမည့် ပညာသင်နှစ်ဖြစ်သော ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်အတွက် ပညာရေးဝန် ကြီးဌာနမှ ငွေကျပ်သန်းပေါင်း ၁၅၀၀ ကျော်သုံးစွဲနိုင်ရန် လွှတ်တော်သို့ တင် ပြထားကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေ ဖြင့် လာမည့်ပညာသင်နှစ်အတွက် ငွေကျပ် ၁၅၀၂ သန်းကိုသုံးစွဲရန် တင်ပြထားရာ ရာခိုင်နှုန်းအားဖြင့် ရ ဒသမ ဝ၃ ရာခိုင်နှုန်းအထိ ရောက် ရှိလာမည်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနသည် ပညာရေးဘတ် ဂျက်များကို ၂၀၁၅- ၂၀၁၆ဘဏ္ဍာ နှစ်မှစတင်ပြီး ပိုမိုတိုးမြှင့်သုံးစွဲခဲ့ကာ အခြေခံပညာအထက်တန်းအဆင့် အထိ အခမဲ့ပညာရေးကို အကောင် အထည်ဖော်နိုင်ခဲ့ကြောင်း၊ ကမ္ဘာ့ဘဏ် မှ အတိုးမဲ့ချေးငွေဖြင့်ချေးယူထား သောငွေကြေးများမှလည်း ကျောင်း များကို ငွေကျပ် ရှစ်သိန်းမှ ၁၆ သိန်း အထိ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။
''လွှတ်တော်ကို တင်ထားတာပဲ ရှိသေးတယ်။ ခွင့်မပြုရသေးဘူး။ များ သောအားဖြင့် ပညာရေးတို့၊ ကျန်းမာ ရေးတို့ကို တင်သမျှကိုခွင့်ပြုတာပါပဲ။ မဖြတ်ဘူး။ ဒီဌာနတွေကို များများ သုံးစေချင်လို့ အစကတည်းက ခွင့်ပြု ပေးတာများတယ်''ဟု ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီအတွင်း ရေးမှူး ဦးစောလှထွန်းက ပြောသည်။
ပညာရေးဝန်ကြီးဌာနမှ ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်း ၁၄၀၀ ကိုသုံးစွဲခဲ့ပြီး ရာခိုင်နှုန်းအား ဖြင့် ၄ ဒသမ ၆ ဆခန့်တိုးတက်ခဲ့ ကြောင်း အခမဲ့ပညာရေးအတွက် ငွေကျပ် ၂၉ သန်းကို ကျခံသုံးစွဲခဲ့ ကြောင်း၊ မူလတန်းအဆင့် ကျောင်း သား၊ ကျောင်းသူ ငါးသန်းကျော်အ တွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံတစ်စုံစီကိုလည်းကောင်း၊ အလယ်တန်း ကျောင်းသား၊ ကျောင်း သူ ၂ ဒသမ ၈ သန်းကျော် အတွက် ကျောင်းလခ ကင်းလွတ်ခြင်းများအပါ အဝင် ပုံနှိပ်စာအုပ်များ ကို ထောက်ပံ့ ခြင်းနှင့် အထက်တန်းကျောင်းသား ရှစ်သိန်းကျော် အတွက် ကျောင်းလခ ကင်းလွတ်ခြင်းအပြင် ပုံနှိပ်စာအုပ်များ ထောက် ပံ့ပေးခဲ့ကြောင်း သိရသည်။
''ပညာရေးဝန်ကြီးဌာနက လာ မယ့်ဘတ်ဂျက်မှ ၁၅၀၂ သန်းသုံးမယ် လို့လျာထားတာကိုတွေ့ရပါတယ်။ ဒါကိုကြိုဆိုပါတယ်။ တချို့နှစ်တွေ မှာပညာရေးဝန်ကြီးဌာနက ၁၀ သန်း လောက်ပြန်အပ်တာတွေကို လည်း တွေ့ရပါတယ်။ မြန်မာပြည်မှာ ကျောင်း ကိုမပို့နိုင်တဲ့ ကလေးတွေ၊ မြန်မာ ပြည် မှာအများကြီးရှိတယ်။ ဒါကြောင့် ပို့နိုင် အောင်၊ ကျောင်းထားပေးနိုင် အောင်၊ ၃ တန်း၊ ၄ တန်းနဲ့ကျောင်းထွက် ထားတဲ့ကလေးတွေကို သင်တန်းတွေ ပေးနိုင်အောင် ဒီဝန်ကြီးဌာနက ငွေ များများသုံးဖို့လိုတယ်''ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာခင်ရွှေက ဇန်နဝါရီ ၁၃ ရက်က ကျင်းပခဲ့သော ပြည်ထောင်စုလွှတ် တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်း အဝေးတွင် ပြောကြားခဲ့သည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ် တွင် မူလတန်းကျောင်းသားတစ်ဦး အတွက် ငွေကျပ်တစ်သိန်းကျော်၊ အလယ် တန်းကျောင်းသားတစ်ဦးအ တွက် ငွေကျပ်တစ်သိန်းတစ်သောင်း ငါးထောင်ကျော်၊ အထက်တန်းကျောင်း သား တစ်ဦးအတွက် ငွေကျပ် တစ်သိန်း တစ်သောင်း ခုနစ်ထောင်ကျော် သုံးစွဲ ခဲ့ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍတွင် ကျောင်းသား၊ ကျောင်းသူစုစု ပေါင်း ငါးသိန်းကျော်ရှိနေပြီး ယင်း ကဏ္ဍအတွက် ပညာရေးအသုံးစရိတ် ၅ ဒသမ ၄ ဆခန့်တိုးမြှင့်သုံးစွဲခဲ့ပြီး ကျောင်းသား တစ်ဦးအတွက် ငွေ ကျပ် ၃၉၈၈၁ ခန့် သုံးစွဲခဲ့ကြောင်း သိရသည်။
#Democracytoday
Photo Caption: ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment