မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
မြောက်ဦးမြို့တွင် လည်ပင်းကိုဓားဖြင့် လှီး၍ သေကြောင်းကြံစည်သူကို အမှုဖွင့်
မြောက်ဦးမြို့တွင် လည်ပင်းကိုဓားဖြင့် လှီး၍ သေကြောင်းကြံစည်သူကို အမှုဖွင့်
Monday, January 18, 2016
မြောက်ဦးမြို့ထမ္မရာဇ် ရပ်ကွက် တောင်ဖြူဆည်အနီး ကြက်မွေးမြူရေးခြံတွင် အလုပ် လုပ်ကိုင်နေသော အသက် (၃၈) နှစ်အရွယ် အမျိုးသားသည် ဇန်န ၀ါရီ ၁၅ ရက်က မိမိလည်ပင်းကို အိမ်သုံးဓားဖြင့်လှီးကာ သေ ကြောင်း ကြံစည်ခဲ့ကြောင်း သ တင်းရရှိသည်။
အမျိုးသား၏လည်ပင်းတွင် တစ်လက်မခန့် သွေးထွက်ဒဏ်ရာရရှိခဲ့၍ မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ်ဆေးကုသခံယူနေပြီး ရဲစခန်းက အမှုဖွင့်အရေးယူထားသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ၎င်းသည်အခင်းမဖြစ်မီ သုံးရက်ခန့်မှစ၍ စကားလုံးဝမပြောတော့ဘဲ စိတ်ဖောက်ပြန်သည့်အမူအရာတွေ့ရကြောင်း မြောက်ဦးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
‘‘အရင်တုန်းက ရခိုင်ပြည် နယ်မှာ ကိုယ့်ကိုယ်ကိုယ် သေ ကြောင်းကြံလို့ရှိရင်ဆွဲ ကြိုးချသေ တယ် (ဒါမှမဟုတ်) အဆိပ် သောက်တယ်၊ ချောင်းထဲဆင်း သေတယ်ပဲရှိပါတယ်။ အခုတော့ လည်ပင်းကိုဓားနဲ့လှီးတဲ့ သေ ကြောင်းကြံစည်မှုတွေရှိလာတာ တွေ့ရပါတယ်’’ဟု ၎င်းကပြောသည်။
သေကြောင်းကြံစည်သော အမျိုးသားသည် ကြက်ခြံပြုပြင် တည်ဆောက်နေသူ လေးဦးနှင့် အတူရှိနေစဉ် ကြက်ခြံအနီးရှီ ချုံ ပုတ်ထဲသို့သွားရောက်၍အရိုး ၁၈ လက်မခန့်ရှိ အိမ်သုံးဓားဖြင့် မိမိ လည်ပင်းကို လှီးဖြတ်နေခြင်းကို တွေ့ရသောကြောင့် အမျိုးသား လေးဦးက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
မည်သည့်အကြောင်းကြောင့် သေကြောင်းကြံစည်သည်ကိုမူ စစ်ဆေးဆဲဖြစ်သည်။ အဆိုပါအမျိုးသားအား မြောက်ဦးမြို့မ ရဲစခန်းပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment