မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ဆီယာရာလီယွန်နိုင်ငံ၌ လူ ၁၀၀ ကျော်ကို အီဘိုလာရောဂါခြေချုပ်ဖြင့် ထားရှိ
ဆီယာရာလီယွန်နိုင်ငံ၌ လူ ၁၀၀ ကျော်ကို အီဘိုလာရောဂါခြေချုပ်ဖြင့် ထားရှိ
Monday, January 18, 2016
ဆီရာယာလီယွန် နိုင်ငံ၌ အီဘိုလာရောဂါ ကင်းစင် သွားပြီဟု မှတ်ယူနေချိန်တွင် ယင်းရောဂါဖြင့် သေဆုံးသူတစ်ဦးကို ထပ်မံ တွေ့ရှိပြီးနောက် လူ ၁၀၀ ကျော်ကို ရောဂါခြေချုပ်ဖြင့်ထား လိုက်ကြောင်း၊ သို့ရာတွင် ပြည် သူများအနေဖြင့် မထိတ်လန့်ကြ ရန် တိုက်တွန်းကြောင်း ဆီယာရာ လီယွန်အစိုးရက ဇန်န၀ါရီ ၁၆ ရက်တွင် ပြောသည်။
အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသည် ဂီနီနယ် စပ်အနီး၌ နာမကျန်းဖြစ်၍ ပြီးခဲ့ သည့်သီတင်းပတ်တွင် သေဆုံးခဲ့ ကြောင်းနှင့် သေဆုံးသူအမျိုးသ မီး၌ အီဘိုလာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးဌာနက ဇန်န၀ါရီ ၁၅ ရက် တွင် အတည်ပြုခဲ့သည်။
အနောက်အာဖရိကဒေသ၌ အီဘိုလာရောဂါဖြစ်ပွားမှု အဆုံး သတ်သွားပြီဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ကြေညာခဲ့ပြီးနောက် နာရီအနည်းငယ်အကြာတွင် ဆီ ယာရာလီယွန်နိုင်ငံ၌ အီဘိုလာ ဖြင့် သေဆုံးသူတစ်ဦးရှိသည်ဟု ဆီယာရာလီယွန် ကျန်းမာရေးအ ရာရှိများက ဇန်န၀ါရီ ၁၄ ရက် တွင် အတည်ပြုခဲ့သည်။
အဆိုပါအမျိုးသမီး မသေ ဆုံးမီ ထိတွေ့ခဲ့သူ ၁၀၉ ဦးကို ရောဂါခြေချုပ်ဖြင့် ထားရှိလိုက် ကြောင်း၊ ယင်းအနက် ၂၈ ဦးမှာ အန္တရာယ်များသည့် အခြေအနေ တွင် ရှိနေသည်ဟု ယူဆကြောင်း နှင့် နောက်ထပ်လူသုံးဦးကို ရှာ ဖွေနေကြောင်း ဆီယာရာလီယွန် ကျန်းမာရေးအရာရှိများက ပြော သည်။
အီဘိုလာအန္တရာယ်ကြောင့် ရာနှင့်ချီသော လူများကို ရောဂါ ခြေချုပ်ဖြင့် ထားရှိလိုက်သော် လည်း ပြည်သူများအနေဖြင့် အ လွန် ထိတ်လန့်မှုမဖြစ်ကြရန် နိုင်ငံ တော်လုံခြုံရေးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယင်းအမျိုးသမီး ဆေးရုံသို့ ရောက်ရှိချိန်တွင် အီဘိုလာရောဂါ လက္ခဏာများကို မတွေ့ရှိခဲ့ရဟု ဆီယာရာလီယွန် ဆေးမှူးချုပ် ဒေါက်တာဘရီမာကာဘိုက ပြောသည်။
အနောက်အာဖရိကဒေသ၌ အီဘိုလာရောဂါဖြင့် သေဆုံးသူ ၁၁,၀၀၀ ရှိသည့်အနက် ၄,၀၀၀ ခန့်တို့သည် ဆီယာရာလီယွန်နိုင်ငံမှဖြစ်သည်။
—Ref: AFP
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment