မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
ပြည်သူ့လွှတ်တော်နောက်ဆုံးနေ့တွင် ပါတီကိုယ်စားလှယ်တစ်ဦးစီ နှုတ်ခွန်းဆက်စကားပြောကြားမည်
ပြည်သူ့လွှတ်တော်နောက်ဆုံးနေ့တွင် ပါတီကိုယ်စားလှယ်တစ်ဦးစီ နှုတ်ခွန်းဆက်စကားပြောကြားမည်
Monday, January 18, 2016
ဇန်နဝါရီ ၂၈ ရက်တွင် ကျင်းပမည့် ပထမအကြိမ်ပြည်သူ့ လွှတ်တော်(၁၃)ကြိမ်မြောက် ပုံ မှန်အစည်းအဝေးနောက်ဆုံးနေ့ ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအပါအဝင် ပါတီကိုယ်စား လှယ်တစ်ဦးစီက ခြောက်မိနစ်မှ ရှစ် မိနစ်ကြား နှုတ်ခွန်းဆက်စကား ပြောကြားရန် စီစဉ်ထားကြောင်း ပြည်သူ့လွှတ်တော်ရုံးမှ သတင်းရရှိသည်။
ကိုယ်စားလှယ်များပြော ကြားမည့်အချက်အလက်အပြည့် အစုံကို ဇန်နဝါရီ ၁၈ ရက် မွန်း တည့် ၁၂ နာရီနောက်ဆုံးထား ပြီး ပြည်သူ့လွှတ်တော်ရုံးသို့ပေးပို့ ရမည်ဖြစ်သည်။
‘‘ကျွန်တော်တို့ပါတီကိုယ် စားတော့ ကျွန်တော်ပဲပြောမှာပါ’’ ဟု ရှမ်းတိုင်းရင်းသားဒီမိုကရက် တစ်ပါတီမှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
ထို့ပြင် ပထမအကြိမ် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်များက ဒုတိယအကြိမ် ပြည် ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအား ဂုဏ်ပြုကြိုဆိုပွဲကို ဇန်နဝါရီ ၂၉ ရက်တွင် လွှတ်တော်ဝင်းအတွင်း၌ ကျင်းပမည်ဖြစ် ကြောင်း ပြည်ထောင်စုလွှတ် တော်ရုံးမှ သိရသည်။
အဆိုပါဂုဏ်ပြုပွဲတွင် ယဉ် ကျေးမှုဝန်ကြီးဌာနနှင့်တွဲဖက်သီ ဆိုရန် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ငါးဦးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သုံးဦးကို တစ်ဦးလျှင် သီချင်းနှစ်ပုဒ်သီဆိုရန် စာရင်းတောင်းထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
လက်ရှိလွှတ်တော်တွင် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲမှ ရွေးကောက်ခံရသောပါတီ ၁၈ ပါတီရှိသည်။
ပြည်သူ့လွှတ်တော်၏သက် တမ်းကို ပထမအကြိမ် အစည်းအ ဝေးတွင် ကျင်းပသည့်နေ့မှစ၍ ငါးနှစ်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် သတ်မှတ်ပေးထားသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးကို ၂၀၁၁ ဇန်နဝါရီ ၃၁ ရက်တွင် ကျင်းပခဲ့ သည်။
7Day Daily
Subscribe to:
Post Comments (Atom)
No comments:
Post a Comment