Monday, January 18, 2016

ထိုင်ဝမ်ရွေးကောက်ပွဲမှ ပထမဆုံးအမျိုးသမီးသမ္မတပေါ်ထွက်ပြီးနောက် လွတ်လပ်ရေးစိတ်ကူးယဉ်အိပ်မက် မမက်ရန် ထိုင်ဝမ်ကို တရုတ် သတိပေး -----------------------------------

ထိုင်ဝမ်ရွေးကောက်ပွဲမှ ပထမဆုံးအမျိုးသမီးသမ္မတပေါ်ထွက်ပြီးနောက် လွတ်လပ်ရေးစိတ်ကူးယဉ်အိပ်မက် မမက်ရန် ထိုင်ဝမ်ကို တရုတ် သတိပေး ----------------------------------------------------------------------------- ဇန်နဝါရီ၊ ၁၇ ထိုင်ဝမ်သမိုင်းဝင် ရွေးကောက်ပွဲမှနေ၍ ပထမဆုံးအမျိုးသမီးသမ္မတပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် ထိုင်ဝမ်အနေနှင့် လွတ်လပ်ရေးအတွက် စိတ်ကူးယဉ်အိပ်မက်မက်နေခြင်းကို စွန့်လွှတ်သင့်ကြောင့် တရုတ်နိုင်ငံပိုင်မီဒီယာများက သတိပေးရေးသားခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ စနေနေ့ကကျင်းပခဲ့သည့် ထိုင်ဝမ်၏ သမ္မတ နှင့်လွှတ်တော်ရွေးကောက်ပွဲများတွင် ပြည်မကြီးမှ ခွဲထွက်ရေးဘက်ယိမ်းသည့် ရှိုင်းယင်ဝမ်နှင့် သူမ၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ တို့က မဲအပြတ်အသတ်အသာနှင့် အနိုင်ရခဲ့ကာ ဆိုင်အင်ဝမ်သည်လည်း ထိုင်ဝမ်၏ ပထမဆုံးသမ္မတ ဖြစ်လာ ခဲ့သည်။ ထိုကဲ့သို့ ပြည်မကြီးမှခွဲထွက်ပြီးသီးခြားရပ်တည်သွားမည်ဟု ကြွေးကြော်ထားသည့် ရှိုင်းယင်ဝမ်နှင့် သူမခေါင်းဆောင်သည့် ဒီမိုကရက်တစ် တိုးတက်ရေးပါတီတို့ အနိုင်ရရှိမှုကြောင့် ထိုင်ဝမ်နှင့် တရုတ်အကြား ဆက်ဆံရေးမတည်ငြိမ်မှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာဖွယ်ရှိနေသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းသောဆက်ဆံရေးကိုထိန်းသိမ်းသွားမည်ဟု ဆိုင်အင်ဝမ်က ကတိပြုပြောကြား ထားသော်လည်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာဌာနက တရုတ်အစိုးရအနေဖြင့် ထိုင်ဝမ်လွတ်လပ်ရေးအတွက်ရည်ရွယ်သည့်လှုပ်ရှားမှုများ မှန်သမျှကို ဆန့်ကျင်သွားမည်ဖြစ်ပြီး တိုင်းပြည်၏အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဟု သတိပေးပြောကြားလိုက်သည်။ လွတ်လပ်ရေးအတွက်လှုပ်ရှားမှုများသည် အဆိပ်အတောက်သဖွယ်ဖြစ်လာနိုင်ပြီး ထိုင်ဝမ်ကို ပျက်စီးစေလိမ့်မည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတိပေးခဲ့သည်။ '' တကယ်လို့ထိုင်ဝမ်ကျွန်းဆွယ်မှာ တည်ငြိမ်အေးချမ်းမှုမရှိရင် နောက်တက်လာမယ့်အာဏာပိုင်တွေအနေနဲ့ စီးပွားရေး၊ အသက်မွေးမှုနဲ့ မျိုးဆက်သစ်တွေအရေးကို ဖြေရှင်းပေးဖို့ဆိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းရာမှာ အခက်အခဲတွေရှိလာပြီး သစ်ပင်ပေါ်မှာ ငါးရှာမိသလို ဘာမှအသုံးမဝင်ဖြစ်လာပါ လိမ့်မယ် '' ဟု ဆင်ဟွာသတင်းဌာနကပြောကြားခဲ့သည်။ ဒီမိုကရက်တစ်တိုးတက်ရေးပါတီသည် ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် အနိုင်ရခြင်းမှာ ဒုတိယအကြိမ်မြောက် အနိုင်ရခြင်းဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂ဝဝဝ ခုနှစ်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ဖူးရာ ယင်းပါတီမှ ချန်က ၂ဝဝဝ မှ ၂ဝဝ၈ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ချန် သမ္မတအဖြစ်တာဝန်ယူစဉ်က တရုတ်အာဏာပိုင်များက ¤င်းကို ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းဆွယ်အကြား ဆက်ဆံရေးကို ဖျက်ဆီးသူဟု ခေါ်ဝေါ်သတ်မှတ်ခဲ့ပြီး ၄င်းလက်ထက်တွင် ပြည်မကြီးနှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးလည်း ဆိုးရွားခဲ့သည်။ ရှိုင်း ခေါင်းဆောင်သည့် ထိုင်ဝမ်အစိုးရအသစ်သည် ချန် ကဲ့သို့ သတ်မှတ်ထားသည့်စည်းဘောင်များကို ကျော်လွန်လုပ်ကိုင်လာပါက ထိုင်ဝမ်အနေဖြင့် ပြန်လမ်းမရှိသည့်လမ်းကို လှမ်းမိသလိုဖြစ်လိမ့်မည်ဟု တရုတ်ကွန်မြူနစ်ပါတီက ထုတ်ဝေသည့် နေ့စဉ်ထုတ်သတင်းစာ Global Time ၏ အယ်ဒီတာ့အာဘော် ကဏ္ဍတွင် ရေးသားထားသည်ကိုလည်း တွေ့ရသည်။ ထိုင်ဝမ်တွင် ထုတ်ဝေသည့် တရုတ်အာဏာပိုင်များနှင့်နီးစပ်သော China Time သတင်းစာကမူ ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းဆွယ်အကြား ငြိမ်းချမ်းရေး တည်ဆောက်သည့် ငြိမ်းချမ်းရေးချိုးဖြူငှက်သဖွယ် ထမ်းဆောင်ရန်တောင်းဆိုထားသည်။

No comments: