မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 18, 2016
လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ကျခံခဲ့ရသည့် ဝင်းနှင့်ဇော် အမြန်ဆုံးလွတ်မြောက်စေရန်အတွက် မဘသနှင့် တစညပါတီတို့ ပူးပေါင်း၍ ဆုတောင်းပွဲပြုလုပ် +++++++++++++++
လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ကျခံခဲ့ရသည့် ဝင်းနှင့်ဇော် အမြန်ဆုံးလွတ်မြောက်စေရန်အတွက် မဘသနှင့် တစညပါတီတို့ ပူးပေါင်း၍ ဆုတောင်းပွဲပြုလုပ်
+++++++++++++++++++++++++++++++++++++++++++++++++++
မန္တလေး၊ ဇန်နဝါရီ ၁၇-ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ကျခံခဲ့ရသည့် မြန်မာနိုင်ငံသား ဝင်း နှင့်ဇော်ပြစ်ဒဏ်မှအမြန်ဆုံး လွတ် မြောက်စေရန်အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (မန္တလေး တိုင်းဒေသကြီးကော်မတီ)မှ ဦးဆောင် ၍ ဆုတောင်းပွဲတစ်ရပ်ကို ဇန်နဝါရီ ၁ရ ရက် ညနေပိုင်းက အမရပူရမြို့ နယ်၊ ဆင်စွယ်ပွန်ရပ် တောင် သမန် အင်းဇောင်းရှိ တောင်မင်းကြီးဘုရား ဝင်းအတွင်း၌ ကျင်းပခဲ့သည်။
''အခုပွဲပြုလုပ်ရတဲ့အဓိကရည် ရွယ်ချက်က ကမ္ဘာ့အလယ်မှာ မြန်မာ နိုင်ငံရဲ့ဂုဏ်သိက္ခာကျဆင်းမှုကို ပြန် လည်မြှင့်တင်ဖို့၊ ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုမှာ သေဒဏ်အပြစ်ပေးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး အမှု မှန်ပေါ်ပေါက်စေဖို့၊ နောက်ပြီး သေဒဏ်ကနေ အမြန်ဆုံး လွှတ်မြောက် စေ ဖို့ဖြစ်ပါတယ်။ ဝင်းနဲ့ဇော်တို့ အ မြန်ဆုံးလွတ်မြောက်ပါစေလို့ ဦးတို့ ဆုတောင်းပေးပါတယ်''ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ(မန္တ လေးတိုင်းဒေသကြီးကော်မတီ)အမြဲတမ်းအတွင်းဝန်၊ ခရိုင်ဥက္ကဋ္ဌ ဦး ခင်မောင်ဝင်းကပြောသည်။
အခမ်းအနားတွင် တောင်မင်းကြီး ဘုရားအရှေ့ဘက်ဝင်း၌ ဆရာတော် များနှင့် ပါတီဝင်များက သေဒဏ်ကျခံ ရသည့် မောင်ဝင်းဇော်ထွန်းနှင့် ဇော် လင်းတို့အတွက် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ကြပြီး ဘုရားကို လက်ယာ ရစ်တစ်ပတ်လှည့်လည်ခဲ့ကြသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ် သားများအနေဖြင့် ထိုင်းနိုင်ငံမှ သတ်မှတ်ထားသော စည်းမျဉ်းစည်း ကမ်းများနှင့်ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ကြရန်အရေးကြီး ကြောင်း၊ အထူးသဖြင့် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်စွာနေ ထိုင်ကြရန် လိုကြောင်း၊ ပြဿ နာတစ်စုံတစ်ခုဖြစ် ပွားခဲ့ပါက သက်ဆိုင်ရာမြန်မာသံရုံး နှင့်ထိုင်းအစိုးရတို့ထံ အသိပေးအကူ အညီတောင်းခံကြရန်လိုကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
ဆုတောင်းပွဲသို့ မဘသဆရာ တော်များ ဦးဆောင်သော ဆရာ တော်၊ သံဃာတော် ၂ရ ပါး၊ တိုင်းရင်းစည်းလုံးညီညွတ်ရေးပါတီ ၂၀၀ ဦးခန့်ပါဝင်ခဲ့ကြပြီး တောင်သမန် အင်းအတွင်း ဆရာတော်များနှင့် ပါတီဝင်များက ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် သေဒဏ်ကျခံခဲ့ရ သည့် မြန်မာနိုင်ငံသား ဝင်းနှင့် ဇော် ပြစ်ဒဏ်မှအမြန်ဆုံးလွတ်မြောက် စေ ရန်အတွက် ငါးများဘေးမဲ့လွတ် ခြင်း၊ ဆုတောင်းပေးခြင်း၊ အမျှအ တမ်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
MTK
#Democracytoday
Photo Caption: ဆုတောင်းပွဲပြုလုပ်နေစဉ်မြင်ကွင်း။
Photo: မြတ်သစ်ခိုင်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment